သင်တို့ကို အပ်နှံကြသောအခါ မည်သို့တုံ့ပြန်ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။ ဘုရားသခင်သည် သင်တို့ပြောဆိုရမည့်စကားကို ထိုအချိန်၌ ပေးတော်မူလိမ့်မည်။
၂ တိ 4:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ကျွန်ုပ်သည် လူမျိုးခြားတို့အား သတင်းကောင်းကို ပြည့်စုံစွာ ဟောပြောရန်အတွက် သခင်ဘုရားသည် ကျွန်ုပ်ဘက်မှ ရပ်တည်၍ ခွန်အားပေးတော်မူခဲ့၏။ ဤသို့ဖြင့် ကိုယ်တော်သည် ကျွန်ုပ်ကို ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်တော်မူ၏။ Common Language Bible သခင်ဘုရားသည်ငါနှင့်အတူရှိတော်မူ၍ငါ့ကို ခွန်အားပေးတော်မူသဖြင့် ငါသည်လူမျိုးခြား အပေါင်းတို့အားတရားတော်ကိုအကုန်အစင် ဟောပြောနိုင်၏။ ကိုယ်တော်ကယ်တော်မူသဖြင့် ငါသည်သေဒဏ်ခံရခြင်းမှကင်းလွတ်ခွင့်ကို လည်းရရှိ၏။- Garrad Bible အ ရှင် ဘု ရား မူ ကား ငါ ဘက်၌ နေ တော် မူ လျက် အ နှံ့ အ ပြား ငါ ကြော် ငြာ၍ လူ မျိုး ခြား ရှိ သ မျှ တို့ ကြား နာ ခွင့် ရ စေ ခြင်း ငှါ ငါ့ ကို ခွန် အား နှင့် ပြည့် စေ သည့် ပြင် ကေ သ ရာ ဇာ့ ခံ တွင်း မှ လွတ် မြောက် စေ တော် မူ၏။ Judson Bible သူတို့၌ အပြစ်တင်တော်မမူပါစေနှင့်။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော်ကို အကုန်အစင်ဟောပြော၍၊ ခပ်သိမ်းသောလူမျိုးတို့သည် ကြားသိစေခြင်းငှာ၊ သခင်ဘုရားသည် ငါ့ဘက်၌နေ၍ ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသောကြောင့်၊ ခြင်္သေ့ခံတွင်းမှ ကယ်နုတ်ခြင်းချမ်းသာကို ငါရ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကို ငါ့အားအပြည့်အဝဆောင်ရွက်စေ၍ လူမျိုးခြားအပေါင်းတို့သည် ထိုနှုတ်ကပတ်တော်ကိုကြားသိမည့်အကြောင်း သခင်ဘုရားသည် ငါ့ဘက်၌ရပ်တည်လျက် ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူ၏။ ဤသို့ဖြင့် ငါသည် ခြင်္သေ့ခံတွင်းမှ ကယ်နုတ်ခြင်းခံရ၏။ |
သင်တို့ကို အပ်နှံကြသောအခါ မည်သို့တုံ့ပြန်ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။ ဘုရားသခင်သည် သင်တို့ပြောဆိုရမည့်စကားကို ထိုအချိန်၌ ပေးတော်မူလိမ့်မည်။
အလွန်လေးစားရပါသော သော်ဖိလု… ဘုရားသခင်ဖြစ်စေတော်မူသည့်အတိုင်း ကျွန်ုပ်တို့၌ ဖြစ်လာခဲ့သော ဖြစ်ရပ်အကြောင်းအရာများကို လူများစွာတို့သည် ကြိုးစား၍ ရေးသားပြုစုခဲ့ကြပြီဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သင်တို့၏ရန်သူအပေါင်းတို့က သင်တို့ကို ဆန့်ကျင်ငြင်းဆို၍ မရနိုင်အောင် ပြောဆိုရမည့်စကားနှင့် ဉာဏ်ပညာကို သင်တို့အား ငါပေးမည်ဖြစ်သောကြောင့်ပင်။
ထိုညတွင် ဘုရားသခင်သည် ပေါလုအနား၌ရပ်လျက် “စိတ်မပူနှင့်။ သင်သည် ငါ့အကြောင်းကို ဂျေရုဆလင်မြို့၌ သက်သေခံသည်နည်းတူ ရောမမြို့၌လည်း သက်သေခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
သို့သော် သခင်ဘုရားက “သွားလော့။ ထိုသူသည် လူမျိုးခြားများ၊ ဘုရင်များနှင့် အစ္စရေးလူမျိုးတို့ရှေ့တွင် ငါ့အကြောင်းကို ပြောကြားရန် ငါရွေးကောက်ထားသော တန်ဆာပလာဖြစ်၏။
ယေရှုခရစ်တော်ကို မယုံကြည်သော ယုဒပြည်၌ရှိသည့် လူတို့၏ လက်မှ ကျွန်ုပ်လွတ်ရန်နှင့် ဂျေရုဆလင်မြို့၌ ရှိသည့် ယုံကြည်သူများသည် ကျွန်ုပ်ယူဆောင်လာမည့် အလှူကို လက်ခံလိုသောစိတ် ရှိစေရန် ဆုတောင်းကြလော့။
သို့သော် ကိုယ်တော်က “ငါပြုသောကျေးဇူးသည် သင့်အတွက် လုံလောက်၏။ အဘယ်ကြောင့်ဆိုသော် ငါ့တန်ခိုးသည် သင်အားနည်းသောအခါ အပြည့်အဝထင်ရှားသောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။ ထို့ကြောင့် ကျွန်ုပ်အပေါ် ခရစ်တော်၏တန်ခိုး တည်နေရန် ကျွန်ုပ်သည် ကျွန်ုပ်၏ အားနည်းချက်ကို ပို၍ ဝမ်းမြောက်စွာ ကြွားဝါမည်။
ကျွန်ုပ်သည် ယုံကြည်သူများထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်ကို ခံစားရ၏။ ဤသို့ ခံစားရခြင်းသည် လူမျိုးခြားတို့ကို ခရစ်တော်၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်းအကြောင်း ဟောပြောရန်နှင့်
ကျွန်ုပ်ကို ခွန်အားပေးတော်မူသော ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်သည် ကျွန်ုပ်ကို ယုံကြည်ထိုက်သူဟု မှတ်ယူကာ အမှုတော်ကို ဆောင်ရွက်ရန် ခန့်အပ်ထားသောကြောင့် ထိုသခင်ကို ကျွန်ုပ်ကျေးဇူးတင်၏။
ကျွန်ုပ်၏သား တိမောသေ… ယေရှုခရစ်တော်ပေးတော်မူသော ကျေးဇူးတော်ဖြင့် ကြံ့ခိုင်လော့။
ဤသတင်းကောင်းကြောင့် ကျွန်ုပ်သည် ရာဇဝတ်သားတစ်ယောက်ကဲ့သို့ပင် အကျဉ်းချခံ၍ ဆင်းရဲဒုက္ခခံခဲ့ရသော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကိုမူ အကျဉ်းချ၍ မရ။
အန္တိအုတ်မြို့၊ ဣကောနိမြို့၊ လုတ္တရမြို့တို့တွင် ကျွန်ုပ်မည်သို့ညှဉ်းပန်းနှိပ်စက် ခံရ၍ ဆင်းရဲဒုက္ခကြုံခဲ့ရသည်ကိုလည်း သင်သိ၏။ သို့သော် သခင်ဘုရားသည် ထိုဆင်းရဲဒုက္ခအပေါင်းမှ ကျွန်ုပ်ကို ကယ်တင်တော်မူ၏။
သို့သော်လည်း သင်သည် အရာရာ၌ သတိရှိလော့။ ဆင်းရဲဒုက္ခကို သည်းခံ၍ သတင်းကောင်းဟောပြောသူတစ်ဦး ဆောင်ရွက်ရမည့် အမှုကို ပြုလျက် အမှုတော်ကို အပြည့်အဝဆောင်ရွက်လော့။
ဘုရားသခင်သည် အချိန်တန်သောအခါ လူ၏ဟောပြောခြင်းနည်းဖြင့် တရားတော်ကို ထင်ရှားစေတော်မူ၏။ ကျွန်ုပ်သည် ကယ်တင်ရှင်ဘုရားသခင်၏ အမိန့်တော်ဖြင့် ဤတရားတော်ကို ဟောပြော၏။
ထိုသူတို့သည် ယုံကြည်ခြင်းဖြင့် အခြားတိုင်းနိုင်ငံကို အောင်နိုင်ခြင်း၊ တရားမျှတစွာ အုပ်ချုပ်ခြင်း၊ ကတိတော်များကို ခံစားရခြင်း၊ ခြင်္သေ့ပါးစပ်ကို ပိတ်ခြင်း၊
မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိနှင့် စောင့်ကြလော့။ သင်တို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟိန်းဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။
ထာဝရဘုရားသည် ယခင်က ထိုသို့ပြုတော်မူသောကြောင့် ဘုရားတရားကိုင်းရှိုင်းသူတို့ကို ဆင်းရဲဒုက္ခထဲမှ မည်သို့ကယ်တင်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့တိုင်အောင် မည်သို့အပြစ်ဒဏ်ပေး၍ ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။