သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ကြလော့။ သတ္တိရှိကြလော့။ အားတင်းထားကြလော့။
၂ တိ 2:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်၏သား တိမောသေ… ယေရှုခရစ်တော်ပေးတော်မူသော ကျေးဇူးတော်ဖြင့် ကြံ့ခိုင်လော့။ Common Language Bible ငါ့သား၊ ခရစ်တော်ယေရှုနှင့်ငါတို့တစ်လုံး တစ်ဝတည်းဖြစ်ခြင်းကြောင့် ရရှိသည့်ဆု ကျေးဇူးတော်အားဖြင့်သင်သည်ကြံ့ခိုင် ခြင်းရှိလော့။- Garrad Bible သို့ ဖြစ်၍ ငါ့ သား၊ ခ ရစ် တော် ယေ ရှု၌ ရှိ သော ကျေး ဇူး တော် အား ဖြင့်၊ Judson Bible ငါ့သား၊ သင်သည် ယေရှုခရစ်၌ရှိသော ကျေးဇူးတော်အားဖြင့် ခိုင်ခံ့ခြင်းရှိလော့။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ငါ့သား၊ သင်သည် ခရစ်တော်ယေရှု၌ရှိသော ကျေးဇူးတော်အားဖြင့် ခွန်အားနှင့်ပြည့်စုံလော့။ |
သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ကြလော့။ သတ္တိရှိကြလော့။ အားတင်းထားကြလော့။
နိဂုံးချုပ်အားဖြင့် ဆိုရလျှင် သင်တို့သည် သခင်ဘုရားအားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ သာလွန်ထူးကဲသောတန်ခိုးတော်အားဖြင့်လည်းကောင်း ကြံ့ခိုင်ကြလော့။
ကျွန်ုပ်ကို ခွန်အားပေးတော်မူသော ခရစ်တော်အားဖြင့် ထိုအခြေအနေအားလုံးကို ကျွန်ုပ်ရင်ဆိုင်နိုင်၏။
ကျွန်ုပ်၏သား တိမောသေ… ယခင်က သင့်ကို ရည်စူး၍ ပရောဖက်တို့ဟောပြောခဲ့သော အရာများကို အခြေခံ၍ သင့်ကို ကျွန်ုပ်ညွှန်ကြားလိုက်၏။ ထိုဟောပြောချက်များကို လိုက်နာခြင်းဖြင့် တိုက်ပွဲကို ကောင်းစွာ တိုက်ခိုက်နိုင်ရန် ဖြစ်၏။
သခင်ဘုရားကို ယုံကြည်သောကြောင့် ကျွန်ုပ်၏ သားအရင်းအချာသဖွယ်ဖြစ်သော တိမောသေထံသို့ ဤစာကို ပို့လိုက်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်၊ ကရုဏာနှင့် ငြိမ်းချမ်းခြင်းသည် သင့်အပေါ် သက်ရောက်ပါစေသော။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးချယ်တော်မူခြင်းခံရသူ၊ ယေရှုခရစ်တော်ကို ယုံကြည်လျှင် ရရှိမည်ဟု ဘုရားသခင် ကတိပေးတော်မူသည့်ထာဝရအသက်အကြောင်းကို ဟောပြောရန် စေလွှတ်ခံရသူ ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ဤစာသည် ချစ်သောသား တိမောသေထံသို့ ပို့လိုက်သောစာဖြစ်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်၊ ကရုဏာနှင့် ငြိမ်းချမ်းခြင်းသည် သင့်အပေါ် သက်ရောက်ပါစေသော။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့အား သူရဲဘောကြောင်သောစိတ်ကို ပေးတော်မမူဘဲ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ မိမိကိုယ်မိမိ ချုပ်တည်းနိုင်သောစိတ်တို့ကို ပေးတော်မူသောကြောင့်ဖြစ်၏။
ထို့ကြောင့် ဘုရားသခင်ရွေးကောက်တော်မူသောသူတို့သည် ယေရှုခရစ်တော်ကို ယုံကြည်၍ ကယ်တင်ခြင်းကို ထာဝရဘုန်းတော်နှင့်အတူ ရရှိနိုင်ရန် ထိုသူတို့အတွက် ဆင်းရဲဒုက္ခအားလုံးကို ကျွန်ုပ်သည်းခံ၏။
သို့သော်လည်း ကျွန်ုပ်သည် လူမျိုးခြားတို့အား သတင်းကောင်းကို ပြည့်စုံစွာ ဟောပြောရန်အတွက် သခင်ဘုရားသည် ကျွန်ုပ်ဘက်မှ ရပ်တည်၍ ခွန်အားပေးတော်မူခဲ့၏။ ဤသို့ဖြင့် ကိုယ်တော်သည် ကျွန်ုပ်ကို ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်တော်မူ၏။
ကျွန်ုပ်တို့၏ သခင်နှင့် ကယ်တင်ရှင် ယေရှုခရစ်တော်ကို သိကျွမ်းခြင်း၌လည်းကောင်း၊ ကျေးဇူးတော်၌လည်းကောင်း ကြီးထွားကြလော့။ ကိုယ်တော်သည် ယခုမှစ၍ ထာဝရကာလပတ်လုံး ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရှင်ပေတရုဩဝါဒစာဒုတိယစောင် ပြီးပါပြီ။