ပညာမဲ့သူတို့ကို ပဲ့ပြင်၍ ကလေးငယ်တို့ကို သွန်သင်နိုင်သည်ဟု သင်ထင်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ပညတ်တရားက သင့်အား စုံလင်သော အသိပညာနှင့် သမ္မာတရားကို ရရှိစေသည်ဟု သင်ထင်မှတ်သောကြောင့်ဖြစ်၏။
၂ တိ 1:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်ထံမှ ကြားရသည့် မှန်ကန်သောတရားစကားကို စံနမူနာအဖြစ် ခံယူ၍ ခရစ်တော်ကို ဆက်လက်ယုံကြည်လျက် လူတို့ကို ချစ်လော့။ ဤသို့ သင်လုပ်ဆောင်နိုင်သည်မှာ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းရှိသောကြောင့်ဖြစ်၏။ Common Language Bible ငါသွန်သင်သည့်မှန်ကန်သောသြဝါဒကို သင်လိုက်နာရန်စံနမူနာအဖြစ်စွဲမြဲစွာ ခံယူ၍ ခရစ်တော်ယေရှုနှင့်ငါတို့တစ်လုံး တစ်ဝတည်းဖြစ်ခြင်းအားဖြင့်ရရှိသည့် ယုံကြည်ခြင်းတရားနှင့်မေတ္တာတရားကို စွဲလမ်းလော့။- Garrad Bible ငါ့ ထံ မှ ကြား နာ ရ သည့် ကျန်း ခံ့ ရေး တ ရား ပုံ စံ ကို ခ ရစ် တော် ယေ ရှု၌ တည် သော ယုံ ကြည် ခြင်း နှင့် ချစ် ခြင်း အား ဖြင့် စွဲ မြဲ လော့။ Judson Bible ငါ့ထံ၌ ကြားရပြီးသော၊ စင်ကြယ်သောတရား စကားအချုပ်အခြာကို၊ ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ စွဲလမ်းလော့။- မြန်မာ့စံမီသမ္မာကျမ်း သင်သည် ခရစ်တော်ယေရှုအပေါ်၌ရှိသော ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့ဖြင့် ငါ့ထံမှကြားနာရသော မှန်ကန်ပြည့်စုံသည့်တရားစကားများကို စံနမူနာအဖြစ်စွဲကိုင်ထားလော့။ |
ပညာမဲ့သူတို့ကို ပဲ့ပြင်၍ ကလေးငယ်တို့ကို သွန်သင်နိုင်သည်ဟု သင်ထင်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ပညတ်တရားက သင့်အား စုံလင်သော အသိပညာနှင့် သမ္မာတရားကို ရရှိစေသည်ဟု သင်ထင်မှတ်သောကြောင့်ဖြစ်၏။
သင်တို့သည် တစ်ချိန်က အပြစ်တရား၏ကျွန် ဖြစ်ခဲ့ဖူးသော်လည်း ယခုတွင် သင်တို့သင်ယူခဲ့သော တရားတော်ကို စိတ်နှလုံးအပြည့်အဝ နာခံလာကြ၏။ ထို့ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
မည်သို့ပင်ဖြစ်စေ ခရစ်တော်၏ သတင်းကောင်းနှင့် ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ထိုသို့ပြုမူနေထိုင်လျှင် သင်တို့ထံသို့ ကျွန်ုပ်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သင်တို့သည် တစ်စိတ်တစ်ဝမ်းတည်း အခိုင်အမာ ရပ်တည်ကြောင်းနှင့် သတင်းကောင်းနှင့်ဆိုင်သောယုံကြည်ချက်အတွက် တညီတညွတ်တည်း ဆောင်ရွက်ကြောင်း ကျွန်ုပ်သိရလိမ့်မည်။
ကျွန်ုပ်ထံမှ သင်တို့ သင်ယူ၍ ကြားနာသိမြင်ခဲ့သောအရာတို့ကို ကျင့်ကြလော့။ သို့ပြုလျှင် ငြိမ်းချမ်းခြင်းအရှင် ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ယေရှုခရစ်တော်ကို ယုံကြည်ကြကြောင်းနှင့် ယုံကြည်သူအပေါင်းတို့ကို ချစ်ကြကြောင်း ကျွန်ုပ်တို့ကြားသိရသောကြောင့် ဖြစ်၏။
သို့သော် အရာအားလုံးကို မှန်မမှန် စစ်ဆေးပြီး ကောင်းမွန်သည့် အရာတို့ကို လက်ခံကြလော့။
တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ လိင်တူချင်းဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ လိမ်လည်သူများ၊ မမှန်သောသက်သေခံသူများနှင့် မှန်ကန်သောအယူဝါဒကို ဆန့်ကျင်သမျှသောအရာများတို့အတွက် ချမှတ်ထားကြောင်း ကျွန်ုပ်တို့ သိကြသောကြောင့် ဖြစ်၏။
ကျွန်ုပ်တို့၏သခင်ဘုရားသည် အလွန်ကြွယ်ဝသောကျေးဇူးတော်ကို ကျွန်ုပ်အပေါ် သက်ရောက်စေတော်မူ၏။ ကျွန်ုပ်သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လာသောကြောင့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကိုလည်း ကိုယ်တော်ထံမှ ရရှိ၏။
ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ မှန်ကန်သောစကားကိုလည်းကောင်း၊ မှန်ကန်သောအယူဝါဒတို့ကိုလည်းကောင်း ဆန့်ကျင်သည့် အခြားအယူဝါဒများကို သွန်သင်သောသူသည် ဘဝင်မြင့်၍
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးချယ်တော်မူခြင်းခံရသူ၊ ယေရှုခရစ်တော်ကို ယုံကြည်လျှင် ရရှိမည်ဟု ဘုရားသခင် ကတိပေးတော်မူသည့်ထာဝရအသက်အကြောင်းကို ဟောပြောရန် စေလွှတ်ခံရသူ ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
သင့်ထံ၌ အပ်ထားသောသတင်းကောင်းတရားကို ကျွန်ုပ်တို့ထဲ၌ ကိန်းဝပ်တော်မူသည့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကာကွယ်စောင့်ရှောက်လော့။
အသိသက်သေများစွာ ရှေ့၌ ကျွန်ုပ်သွန်သင်သည့်အရာများကို သင်ကြားသိရ၏။ ထိုအရာများကို ယုံကြည်စိတ်ချရ၍ သွန်သင်တတ်သောသူတို့အား လက်ဆင့်ကမ်းလော့။
သို့သော်လည်း မိမိသင်ယူပြီး ခိုင်မြဲစွာ ယုံကြည်သောအရာများကို ဆက်လက်၍ ယုံကြည်လော့။ ထိုအရာတို့ကို မည်သူ့ထံမှ သင်ယူခဲ့သည်ကို သင်သိ၏။
အနာဂတ်တွင် လူတို့သည် မှန်ကန်သောအယူဝါဒကို သည်းမခံနိုင်တော့ဘဲ မိမိတို့အလိုကို လိုက်၍ မိမိတို့၏ယားသောနားက ကြားလိုသောအရာများကို ဟောပြောသည့်ဆရာများနောက်သို့ လိုက်ကြလိမ့်မည်။
သူသည် မိမိလက်ခံထားသည့် စစ်မှန်သောတရားတော်ကို မြဲမြံစွာ စွဲကိုင်ထားရမည်။ သို့ဖြစ်လျှင် သူသည် အခြားသူများကို မှန်ကန်သောသွန်သင်မှုဖြင့် အားပေးနိုင်ပြီး ဆန့်ကျင်သူတို့၏ အမှားများကိုလည်း ချေပနိုင်မည်ဖြစ်၏။
အပြစ်ဆိုဖွယ်မရှိသည့် မှန်ကန်သောစကားကို ပြောဆိုခြင်းတို့ဖြင့် သွန်သင်လော့။ ထိုအခါ သင့်ကို ဆန့်ကျင်သောသူတို့သည် ကဲ့ရဲ့စရာအကြောင်းမရှိသဖြင့် အရှက်ကွဲကြလိမ့်မည်။
ကတိပေးတော်မူသောအရှင်သည် သစ္စာရှိတော်မူသောကြောင့် ကျွန်ုပ်တို့ဝန်ခံသောမျှော်လင့်ချက်ကို မယိမ်းယိုင်ဘဲ စွဲကိုင်ကြပါစို့။
သို့သော် ခရစ်တော်သည် သားတော်တစ်ပါးအဖြစ် ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးရာတွင် သစ္စာရှိတော်မူ၏။ ကျွန်ုပ်တို့၏ စိတ်ချယုံကြည်မှုနှင့်ဂုဏ်ယူဝင့်ကြွားစရာ မျှော်လင့်ခြင်းကို ခိုင်မြဲစွာစွဲကိုင်ထားလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံသို့ တက်ကြွသွားသည့် ကြီးမြတ်သောယဇ်ပုရောဟိတ်မင်းရှိ၏။ သူသည် ဘုရားသခင်၏သားတော် ယေရှုခရစ်တော်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း မိမိတို့ယုံကြည်၍ အသိမှတ်ပြုဝန်ခံခဲ့သော အရာကို စွဲကိုင်ကြကုန်စို့။
ချစ်ရသောသူတို့… ကျွန်ုပ်တို့အားလုံး လက်ခံယုံကြည်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံ ရေးရန် ကျွန်ုပ်အလွန်စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူအပေါင်းတို့အား တစ်ကြိမ်တည်းနှင့်အပြီး ကိုယ်တော်ပေးအပ်တော်မူသောယုံကြည်ခြင်းတရားအတွက် ခုခံတိုက်ခိုက်ကြလော့ဟူ၍ သင်တို့အား စာရေးတိုက်တွန်းရန် လိုအပ်လာ၏။
ငါသည် မကြာမီလာမည်။ သင်၏သရဖူကို မည်သူမျှ မလုယူစေရန် သင်၌ရှိသောယုံကြည်ခြင်းကို စွဲကိုင်ထားလော့။
ထို့ကြောင့် သင်သည် ကြားနာ၍ ခံယူပြီးသောအရာကို သတိရလျက် လိုက်နာလော့။ နောင်တရလော့။ သင်မနိုးထလျှင် သူခိုးကဲ့သို့ ငါလာမည်။ မည်သည့်အချိန်၌ လာမည်ကို သင်သိရမည်မဟုတ်။