ငါပိုင်သည့် ငွေကို ငါသုံးလိုသည့်အတိုင်း သုံးခွင့်မရှိသလော။ ငါသည် ရက်ရောသောကြောင့် သင်တို့သည် မနာလိုစိတ်ရှိသလော’ ဟု တုံ့ပြန်၏။
၂ ကော 9:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် စေတနာစိတ်ဖြင့် အစဉ်လှူဒါန်းနိုင်ရန် ကိုယ်တော်သည် သင်တို့အား နည်းအမျိုးမျိုးဖြင့် ကြွယ်ဝစေတော်မူလိမ့်မည်။ ကျွန်ုပ်တို့သည် သင်တို့၏ အလှူကို လိုအပ်သောသူတို့ထံ ယူဆောင်သွားသောအခါ သူတို့သည် ဘုရားသခင်ကို ကျေးဇူးတင်ကြလိမ့်မည်။ Common Language Bible သင်တို့သည်အခါခပ်သိမ်းရက်ရောစွာပေး လှူနိုင်ကြစေရန်ကိုယ်တော်သည်သင်တို့အား အစဉ်ချမ်းသာကြွယ်ဝစေတော်မူလိမ့်မည်။ ငါတို့မှတစ်ဆင့်သင်တို့ပေးလှူသောအလှူ ငွေများကိုခံယူရရှိသောသူတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်းကြလိမ့်မည်။- Garrad Bible စည်း စိမ် ချမ်း သာ အ မျိုး မျိုး ရှိ သော သင် တို့ သည် ဒါ န အ မျိုး မျိုး ကို လှူ ကြ သ ဖြင့် ငါ တို့ ဆောင် ရွက် မှု ကြောင့် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း ခြင်း ဖြစ် ထွန်း လိမ့် မည်။ Judson Bible ထိုသို့သင်တို့သည် စေတနာစိတ်နှင့် အမျိုးမျိုးသော စွန့်ကြဲပေးကမ်းခြင်းအလိုငှာ အရာရာ၌ကြွယ်ဝခြင်း ရှိသည်ဖြစ်၍၊ ငါတို့အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းစရာအကြောင်း ရှိလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သင်တို့သည် ရက်ရောစွာပေးကမ်းခြင်းအလုံးစုံတို့အတွက် အရာရာ၌ ကြွယ်ဝပြည့်စုံသဖြင့် ထိုအမှုအရာသည် ငါတို့အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ချီးမွမ်းခြင်းကိုဖြစ်စေ၏။ |
ငါပိုင်သည့် ငွေကို ငါသုံးလိုသည့်အတိုင်း သုံးခွင့်မရှိသလော။ ငါသည် ရက်ရောသောကြောင့် သင်တို့သည် မနာလိုစိတ်ရှိသလော’ ဟု တုံ့ပြန်၏။
ထိုနည်းတူပင် ငွေနှစ်ပိဿာ ရသောသူသည်လည်း အရောင်းအဝယ်ပြုသဖြင့် နောက်ထပ် နှစ်ပိဿာကို အမြတ်ရ၏။
နှစ်သိမ့်အားပေးခြင်းဖြစ်လျှင် နှစ်သိမ့်အားပေးကြရမည်။ ပေးကမ်းဝေမျှခြင်းဖြစ်လျှင် ရက်ရောစွာ ပေးကမ်းကြရမည်။ ဦးဆောင်ခြင်းဖြစ်လျှင် လုံ့လဝီရိယဖြင့် ဦးဆောင်ကြရမည်။ ကြင်နာမစခြင်းဖြစ်လျှင် စေတနာစိတ်နှင့် မစကြရမည်။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ခရစ်တော်အားဖြင့် အပြောအဆို၌ဖြစ်စေ၊ အသိပညာ၌ဖြစ်စေ၊ အဘက်ဘက်၌ ကြွယ်ဝပြည့်စုံလာကြသောကြောင့်ဖြစ်၏။
သင်တို့သည်လည်း ကျွန်ုပ်တို့ကို ဆုတောင်းခြင်းဖြင့် ကူညီနေကြသည် ဖြစ်၍ လူများစွာတို့၏ ဆုတောင်းခြင်းကို ဘုရားသခင် အဖြေပေးတော်မူလိမ့်မည်။ ထို့ကြောင့် လူများစွာတို့သည် ကျွန်ုပ်တို့ ခံစားရသောဆုကျေးဇူးများကို ထောက်၍ ကျွန်ုပ်တို့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြလိမ့်မည်။
ဤအခြင်းအရာအားလုံးသည် သင်တို့အကျိုးအတွက်ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသောသူ ပို၍များလာသည်နှင့်အမျှ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရန် ကျေးဇူးတော်ချီးမွမ်းခြင်းသည်လည်း ပို၍ များလာရန်ဖြစ်၏။
သင်တို့အား ကူညီရန် ကျွန်ုပ်၌စိတ်အားထက်သန်မှုရှိသကဲ့သို့ တိတု၌လည်း ရှိစေတော်မူသော ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
ထို့ပြင် ကျွန်ုပ်တို့ကောက်ခံဆောင်ရွက်နေသော အလှူငွေကို သယ်ယူပို့ဆောင်ပေးသည့်အမှု၌ ကျွန်ုပ်တို့နှင့်အတူ ခရီးပြုရန် အသင်းတော်များ၏ ရွေးချယ်ခန့်ထားခြင်းခံရသူလည်း ဖြစ်၏။ ဤအလှူငွေကောက်သည့်အမှုမှာ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် ကျွန်ုပ်တို့၏ စေတနာစိတ်ကို ပြရန်ဖြစ်၏။
သင်တို့၏လှူဒါန်းခြင်းအမှုသည် ယုံကြည်သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်သာမက ဘုရားသခင်ကို ကျေးဇူးတင်သူများလည်း တိုးပွားလာစေ၏။