ဤအမျိုးသမီးသည် သူတတ်နိုင်သမျှကို ပြုပြီ။ ငါ့ကို သင်္ဂြိုဟ်ရန်အတွက် ငါ့ကိုယ်ခန္ဓာပေါ်၌ ကြိုတင်၍ ဆီမွှေးလိမ်းပြီ။
၂ ကော 8:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် တတ်နိုင်သမျှအတိုင်း ပေးကမ်းသည်သာမက မိမိတို့ဆန္ဒအလျောက် ထိုထက်ပင် ပို၍ ပေးကမ်းကြကြောင်း ကျွန်ုပ်သက်သေခံ၏။ Common Language Bible ထိုအသင်းတော်တို့သည်တတ်နိုင်သမျှ မိမိ တို့တွင်စွမ်းအားရှိသမျှထက်ပို၍ အလို အလျောက်ပေးလှူကြကြောင်းကိုသင်တို့ အားငါသက်သေခံနိုင်၏။ သူတို့သည်ယုဒ ပြည်ရှိဘုရားသခင်၏လူစုတော်အား ကူညီမစမှုတွင်ပါဝင်လိုကြ၏။ သို့ ဖြစ်၍ထိုသို့ပါဝင်ခွင့်ပြုရန် မိမိတို့ အလိုအလျောက်ငါတို့အားတောင်းပန် ကြ၏။- Garrad Bible ထို သူ တို့ သည် တတ် အား သ မျှ မ က တတ် အား သည် ထက် သီး သန့် ထား တော် မူ သူ တို့ အား ထောက် ပံ့ မှု ပြု ရာ တွင် ဆက် ဆံ ခွင့် ကျေး ဇူး ကို ငါ တို့ ထံ အ လို အ လျောက် အ ထပ် ထပ် ကန် တော့ တောင်း ပန် ကြ ကြောင်း ငါ သက် သေ ခံ၏။ Judson Bible အကြောင်းမူကား၊ သူတို့သည် တတ်နိုင်သမျှ ထက်မက၊ အလိုအလျောက် စွန့်ကြဲချင်သော စေတနာစိတ်ရှိကြသည်ဟု ငါသည်သက်သေခံ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသက်သေခံသည်ကား သူတို့သည် မိမိတို့စိတ်ဆန္ဒအလျောက် တတ်နိုင်သည့်အတိုင်းသာမက တတ်နိုင်သည်ထက် ပို၍ပေးကမ်းလျက် |
ဤအမျိုးသမီးသည် သူတတ်နိုင်သမျှကို ပြုပြီ။ ငါ့ကို သင်္ဂြိုဟ်ရန်အတွက် ငါ့ကိုယ်ခန္ဓာပေါ်၌ ကြိုတင်၍ ဆီမွှေးလိမ်းပြီ။
တပည့်တော်များက မိမိတို့ တတ်နိုင်သည့်အတိုင်း ယုဒပြည်တွင်နေထိုင်သော ယုံကြည်သူများအား ထောက်ပံ့ငွေပေးပို့ရန် ဆုံးဖြတ်ကြ၏။
ထိုသူတို့သည် ဘုရားသခင်အတွက် စိတ်အားထက်သန်မှုရှိကြောင်း ကျွန်ုပ်သက်သေခံ၏။ သို့သော်လည်း ထိုထက်သန်သော စိတ်သည် အသိပညာအားဖြင့် မဟုတ်။
ကျွန်ုပ်ရောက်လာသောအခါ အလှူငွေကောက်ခံစရာ မလိုစေရန် အပတ်တိုင်း၏ ပထမနေ့တွင် သင်တို့တစ်ဦးချင်းစီက ရရှိသောဝင်ငွေထဲမှ တချို့ကို ထုတ်၍ စုထားကြလော့။
ကျွန်ုပ်သည် ဤအမှုကို မိမိအလိုဆန္ဒကြောင့် ဆောင်ရွက်ခြင်းဖြစ်လျှင် ဆုလာဘ်ကို ရသင့်၏။ သို့သော် ဘုရားသခင်က ဤတာဝန်ကို ကျွန်ုပ်ထံ ယုံယုံကြည်ကြည်အပ်နှံထားသောကြောင့် ဝတ္တရားရှိ၍ ဆောင်ရွက်ရခြင်းဖြစ်၏။
ထိုအချိန်က သင်တို့သည် အလွန်ပျော်ရွှင်ခဲ့ကြ၏။ သို့သော် ထိုပျော်ရွှင်မှုသည် ယခုအဘယ်မှာနည်း။ ထိုအချိန်က သင်တို့သည် ဖြစ်နိုင်လျှင် သင်တို့၏ မျက်စိကိုပင် ထုတ်၍ ကျွန်ုပ်အား လှူဒါန်းခဲ့ကြမည်ဟု ကျွန်ုပ်ပြောဝံ့၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်နှစ်သက်စေမည့်အရာကို ဆောင်ရွက်လိုသောစိတ်ဆန္ဒရှိရန်နှင့် ဆောင်ရွက်နိုင်စွမ်းရှိရန် သင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသောအရှင်သည် ဘုရားသခင်ဖြစ်တော်မူသောကြောင့်ဖြစ်၏။
သူသည် သင်တို့အတွက်သော်လည်းကောင်း၊ လောဒိကိမြို့နှင့် ဟေရပေါလိမြို့၌ နေသောသူတို့အတွက်သော်လည်းကောင်း အလွန် ကြိုးစား ဆောင်ရွက်ကြောင်း ကျွန်ုပ်သက်သေခံ၏။
ထိုသို့ ကျွန်ုပ်တို့သည် သင်တို့ကို အလွန် ချစ်သောကြောင့် ဘုရားသခင်၏သတင်းကောင်းကို ဝေမျှသည်သာမက ကျွန်ုပ်တို့၏ ဘဝကိုပင် သင်တို့အတွက် ပေးဆပ်ရန် ဆန္ဒရှိကြ၏။
သို့သော် သင်၏ ခွင့်ပြုချက်မရဘဲ မည်သည့်အရာကိုမျှ ကျွန်ုပ်မပြုလိုပါ။ သို့မှသာ သင်ပေးသောအကူအညီသည် အတင်းအကျပ်စေခိုင်း၍ ကူညီရခြင်းမျိုးမဟုတ်ဘဲ ဆန္ဒအရကူညီခြင်း ဖြစ်လိမ့်မည်။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း ဟောပြောရမည်။ အစေခံသောသူသည် ဘုရားသခင်ပေးတော်မူသော ခွန်အားရှိသည့်အတိုင်း အစေခံရမည်။ ဤသည်မှာ ပြုလေသမျှတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ဘုန်းတော်ထင်ရှားရန်ဖြစ်၏။ ဘုရားသခင်သည် အစဉ်ထာဝရ ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်တို့နှင့် ပြည့်စုံတော်မူ၏။ အာမင်။
သင်တို့အား ဘုရားသခင်အပ်ထားတော်မူသည့် သိုးစုကဲ့သို့သော လူတို့ကို အုပ်ထိန်းလော့။ မဖြစ်မနေအုပ်ထိန်းရခြင်းကြောင့် မဟုတ်ဘဲ ဘုရားသခင်အလိုတော်နှင့်အညီ စိတ်ပါလက်ပါ အုပ်ထိန်းလော့။ အကျိုးစီးပွားအတွက် မဟုတ်ဘဲ စိတ်အားထက်သန်စွာ အုပ်ထိန်းလော့။