Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 8:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ငါ​သက်သေခံ​သည်​ကား သူ​တို့​သည် မိမိ​တို့​စိတ်​ဆန္ဒ​အလျောက် တတ်နိုင်​သည့်​အတိုင်း​သာမက တတ်နိုင်​သည်​ထက် ပို၍​ပေးကမ်း​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3-4 ထို​အ​သင်း​တော်​တို့​သည်​တတ်​နိုင်​သ​မျှ မိ​မိ တို့​တွင်​စွမ်း​အား​ရှိ​သ​မျှ​ထက်​ပို​၍ အ​လို အ​လျောက်​ပေး​လှူ​ကြ​ကြောင်း​ကို​သင်​တို့ အား​ငါ​သက်​သေ​ခံ​နိုင်​၏။ သူ​တို့​သည်​ယု​ဒ ပြည်​ရှိ​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အား ကူ​ညီ​မ​စ​မှု​တွင်​ပါ​ဝင်​လို​ကြ​၏။ သို့ ဖြစ်​၍​ထို​သို့​ပါ​ဝင်​ခွင့်​ပြု​ရန် မိ​မိ​တို့ အ​လို​အ​လျောက်​ငါ​တို့​အား​တောင်း​ပန် ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3-4 ထို သူ တို့ သည် တတ် အား သ မျှ မ က တတ် အား သည် ထက် သီး သန့် ထား တော် မူ သူ တို့ အား ထောက် ပံ့ မှု ပြု ရာ တွင် ဆက် ဆံ ခွင့် ကျေး ဇူး ကို ငါ တို့ ထံ အ လို အ လျောက် အ ထပ် ထပ် ကန် တော့ တောင်း ပန် ကြ ကြောင်း ငါ သက် သေ ခံ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် တတ်​နိုင်​သ​မျှ ထက်​မ​က၊ အ​လို​အ​လျောက် စွန့်​ကြဲ​ချင်​သော စေ​တ​နာ​စိတ်​ရှိ​ကြ​သည်​ဟု ငါ​သည်​သက်​သေ​ခံ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 သူတို့​သည် တတ်နိုင်​သမျှ​အတိုင်း ပေးကမ်းသည်​သာမက မိမိတို့​ဆန္ဒ​အလျောက် ထို​ထက်​ပင် ပို၍ ပေးကမ်းကြကြောင်း ကျွန်ုပ်​သက်သေခံ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 8:3
22 ပူးပေါင်းရင်းမြစ်များ  

လူ​တို့​သည်​လည်း စေတနာစိတ်​နှင့်​ပေးလှူ​ရ​သည်​ကို ဝမ်းမြောက်​ကြ​၏​။ စိတ်နှလုံး​အကြွင်းမဲ့ စေတနာစိတ်​ရှိ​သည့်​အတိုင်း ထာဝရဘုရား​ထံ​ပေးလှူ​ကြ​၏​။ ဒါဝိဒ်​မင်းကြီး​လည်း အလွန်​ဝမ်းမြောက်ဝမ်းသာ ဖြစ်​ရ​လေ​၏​။


သင်​၏​တန်ခိုး​ထင်ရှား​သော​နေ့​၌ သင်​၏​လူမျိုး​သည် စေတနာစိတ်​နှင့်​ပါဝင်​ကြ​လိမ့်မည်​။ သင်​၏​ပျိုရွယ်​ခြင်း​နှင်းစက်​သည် သန့်ရှင်း​သော​ဘုန်းအာနုဘော်​ကို​ဆောင်​လျက် နံနက်အချိန်​ဝမ်းဗိုက်​ထဲမှ သင့်​ထံသို့​လာ​လိမ့်မည်​။


မောရှေ​အားဖြင့် ထာဝရဘုရား​မိန့်မှာ​တော်မူ​သော လုပ်ဆောင်​ရ​မည့်​အလုပ်​အမျိုးမျိုး​အတွက် စိတ်စေတနာ​ရှိ​သော အစ္စရေး​အမျိုးသား​ယောက်ျား​မိန်းမ​အပေါင်း​တို့​သည် ထာဝရဘုရား​ထံ စေတနာ​အလျောက်​လှူ​သော​အလှူပစ္စည်း​ကို ယူဆောင်​လာ​ကြ​၏​။


‘​ထာဝရဘုရား​ထံ​တော်​သို့ အလှူပစ္စည်း​များ​ကို သင်​တို့​ယူဆောင်​ခဲ့​ကြ​လော့​။ စေတနာ​စိတ်​ရှိ​သော​သူ​တိုင်း ထာဝရဘုရား​ထံ​တော်​သို့ အလှူပစ္စည်း​အဖြစ် ရွှေ​၊ ငွေ​၊ ကြေးနီ​၊


သူ​သည် တတ်နိုင်​သမျှ​ကို​ပြု​ခဲ့​ပြီ။ သင်္ဂြိုဟ်​ခြင်း​အမှု​အတွက် ငါ​၏​ကိုယ်ခန္ဓာ​ကို ကြိုတင်​၍​ဆီမွှေး​လိမ်း​ပြီ။


ထိုအခါ တပည့်​တော်​တို့​သည် အသီးသီး​တတ်နိုင်​သည့်​အတိုင်း ယုဒ​ပြည်​၌​နေထိုင်​ကြ​သော ညီအစ်ကို​တို့​အား အထောက်အပံ့​ပို့ပေး​ရန် ဆုံးဖြတ်​ကြ​၏။


သူ​တို့​သည် ဘုရားသခင်​အတွက် ထက်သန်​သော​စိတ်​ရှိ​ကြောင်း ငါ​သက်သေခံ​၏။ သို့သော် ထို​ထက်သန်​သော​စိတ်​သည် စစ်မှန်​သော​အသိပညာ​အားဖြင့်​မ​ဟုတ်။


ငါ​လာ​သောအခါ​မှ အလှူ​ကောက်ခံ​ခြင်း​မ​ရှိ​စေရန် ရက်သတ္တပတ်​၏​ပထမ​နေ့​တိုင်း​တွင် သင်​တို့​တစ်ဦးစီ​သည် မိမိ​တို့​ကြီးပွား​သည့်​အတိုင်း တစ်စုံတစ်ခု​ကို​ဖယ်ထား​၍ စုဆောင်း​ထား​ကြ​လော့။


ထို​အမှု​ကို ငါ​၏​ဆန္ဒ​အလျောက်​ဆောင်ရွက်​လျှင် ငါ့​အတွက် ဆုလာဘ်​ရှိ​၏။ သို့သော် ငါ​၏​ဆန္ဒ​အလျောက်​မ​ဟုတ်​လျှင်​လည်း ဤ​စီမံ​ခန့်ခွဲ​မှု​ကို ငါ​၌​ယုံကြည်​အပ်နှံ​ထား​ပြီ​ဖြစ်​၏။


သို့ဖြစ်လျက်ပင် သင်​တို့​ခံစား​ရ​သော​မင်္ဂလာ​သည် မည်သို့​ဖြစ်​သွား​သနည်း။ သင်​တို့​သည် ဖြစ်နိုင်​လျှင် သင်​တို့​၏​မျက်စိ​ကို​ပင်​ထုတ်​၍ ငါ့​အား​ပေး​ခဲ့​ကြ​ပေ​လိမ့်မည်​ဟု သင်​တို့​နှင့်​ပတ်သက်၍ ငါ​သက်သေခံ​၏။


အကြောင်းမူကား စေတနာ​တော်​အတိုင်း ဆန္ဒ​ရှိ​ကြ​စေရန်​နှင့် လုပ်ဆောင်​ကြ​စေရန် သင်​တို့​အထဲ၌​လုပ်ဆောင်​တော်မူ​သော​အရှင်​ကား ဘုရားသခင်​ပေတည်း။


အမှန်စင်စစ် သူ​သည် သင်​တို့​မှစ၍ လောဒိကိ​မြို့​နှင့်​ဟေရပေါလိ​မြို့​၌​ရှိ​သော​သူ​တို့​အတွက် အလွန်​ပင်ပန်း​စွာ​ကြိုးစား​လျက်​ရှိ​ကြောင်း ငါ​သက်သေခံ​၏။


ထိုနည်းတူ သင်​တို့​သည် ငါ​တို့​ချစ်​သော​သူ​များ​ဖြစ်လာ​ကြ​သောကြောင့် ငါ​တို့​သည် သင်​တို့​ကို​ချစ်ခင်​တွယ်တာ​လျက် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို​သာမက ငါ​တို့​၏​အသက်​ကို​ပင် ဝေမျှ​ပေး​ရန် စေတနာ​စိတ်​ရှိ​ကြ​၏။


သို့သော် သင်​ပြု​သော​ကောင်းမှု​သည် မလွှဲမရှောင်​သာ၍​ပြု​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ မိမိ​ဆန္ဒ​အလျောက်​ဖြစ်​စေရန် သင်​၏​သဘော​တူညီ​ချက်​မ​ပါ​လျှင် မည်သည့်​အရာ​ကို​မျှ ငါ​မ​ပြု​လို​ပါ။


ဟောပြော​သော​သူ​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​တော်​အတိုင်း​ဟောပြော​စေ။ အမှု​တော်​ဆောင်ရွက်​သော​သူ​သည် ဘုရားသခင်​ပြင်ဆင်​ပေး​တော်မူ​သော​အစွမ်းသတ္တိ​အတိုင်း​ဆောင်ရွက်​စေ။ ဤသည်ကား ဘုရားသခင်​သည် ခပ်သိမ်း​သော​အရာ​တို့​၌ ယေရှု​ခရစ်တော်​အားဖြင့် ဘုန်း​တော်​ထင်ရှား​မည့်​အကြောင်း​တည်း။ ထို​သခင်​၌ ကမ္ဘာ​အဆက်ဆက် ဘုန်း​အသရေ​နှင့်​တန်ခိုး​အရှိန်အဝါ​ရှိ​ပါစေသော။ အာမင်။


သင်​တို့​၌​ရှိ​သည့် ဘုရားသခင်​၏​သိုးစု​ကို အုပ်ထိန်း​ကြ​လော့။ မလုပ်မဖြစ်​လုပ်​ရ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ ဘုရားသခင်​၏​အလို​တော်​နှင့်အညီ စေတနာ​စိတ်​ဖြင့်​လည်းကောင်း၊ မစင်ကြယ်​သော​အကျိုးစီးပွား​ကို​တပ်မက်​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ စိတ်အား​ထက်သန်​စွာ​ဖြင့်​လည်းကောင်း ကြည့်ရှု​အုပ်ထိန်း​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ