ထိုရုန်းရင်းဆန်ခတ်ပြုခြင်းအမှု ပြီးဆုံးသွားသောအခါ ပေါလုသည် တပည့်တော်များကို ခေါ်၍ အားပေးစကားပြောဆိုကာ နှုတ်ဆက်ပြီး မာကေဒေါနိပြည်သို့ ထွက်ခွာသွားလေ၏။
၂ ကော 7:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မာကေဒေါနိပြည်သို့ ကျွန်ုပ်တို့ရောက်သောအခါ ကျွန်ုပ်တို့သည် စိတ်သက်သာရာရသည်ဟူ၍မရှိ။ ပြင်ပအတိုက်အခိုက်များ၊ အတွင်းကြောက်စိတ်များဖြင့် အဘက်ဘက်မှ နှိပ်စက်မှုများကို ခံရကြ၏။ Common Language Bible မာကေဒေါနိပြည်သို့ရောက်ရှိသောအခါ၌ ပင်လျှင် ငါတို့သည်စိတ်သက်သာမှုကိုမရကြ။ အရပ်ရပ်တွင်အခက်အခဲများရှိ၏။ အငြင်း ပွားမှုများရှိ၏။ ငါတို့၌လည်းကြောက်စိတ်ရှိ၏။- Garrad Bible အ သို့ ဆို သော် မာ ကေ ဒေါ နိ ပြည် သို့ ငါ တို့ ရောက် သည့် အ ခါ ပင် ကာ ယ သု ခ မ ရ ဘဲ ဗ ဟိ ဒ္ဓ တွင် တိုက် လှန် ခြင်း၊ အ ဇ္စု တ္တ တွင် ကြောက် ရွံ့ ခြင်း သင့် လျက် ဖိ စီး ခြင်း ကို အ ဘက် ဘက် ခံ ရ သော် လည်း၊ Judson Bible ငါတို့သည် မာကေဒေါနိပြည်သို့ ရောက်သောအခါ၊ ကိုယ်ကာယငြိမ်ဝပ်ခြင်း အလျှင်းမရှိ၊ အရာရာ၌ ညှဉ်းဆဲခြင်းကို ခံရကြ၏။ ပြင်၌ကား တိုက်လှန်ခြင်း ရှိ၏။ အတွင်း၌ကား စိုးရိမ်ခြင်းရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း မာကေဒေါနိပြည်သို့ ငါတို့ရောက်သောအခါ ငါတို့၏ကိုယ်ကာယသည် နားနေရန်အခွင့်မရဘဲ အပြင်၌တိုက်ခိုက်ခြင်းများ၊ အတွင်း၌ကြောက်ရွံ့ခြင်းများရှိ၍ အဘက်ဘက်မှနှိပ်စက်ခြင်းကိုခံရကြ၏။ |
ထိုရုန်းရင်းဆန်ခတ်ပြုခြင်းအမှု ပြီးဆုံးသွားသောအခါ ပေါလုသည် တပည့်တော်များကို ခေါ်၍ အားပေးစကားပြောဆိုကာ နှုတ်ဆက်ပြီး မာကေဒေါနိပြည်သို့ ထွက်ခွာသွားလေ၏။
အဘယ်ကြောင့်ဆိုသော် မာကေဒေါနိပြည်နှင့် အခါယပြည်ရှိ ယုံကြည်သောသူများက မိမိတို့၏ငွေများကို ဂျေရုဆလင်မြို့ရှိ ယုံကြည်သူများထဲမှ ဆင်းရဲသောသူတို့အား စေတနာထက်သန်စွာ လှူဒါန်းလိုသောကြောင့် ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်၌ သင်တို့အတွက် ကျွန်ုပ်ဂုဏ်ယူဝမ်းမြောက်သည်ကို တိုင်တည်၍ “ကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း သေရ၏” ဟု ကျွန်ုပ်ဆို၏။
ကျွန်ုပ်သည် မာကေဒေါနိပြည်ကို ဖြတ်သွားရန် စီစဉ်ထားသောကြောင့် ထိုပြည်ကို ဖြတ်ပြီးမှ သင်တို့ထံ လာခဲ့မည်။
သို့သော်လည်း ကျွန်ုပ်၏ညီ တိတု ရောက်မလာသေးသောကြောင့် ကျွန်ုပ်သည် စိတ်မသက်မသာဖြစ်ရ၏။ ထို့ကြောင့် ထိုသူတို့ကို နှုတ်ဆက်ပြီးလျှင် တိတုကို ရှာရန် မာကေဒေါနိပြည်သို့ ထွက်သွားရ၏။
ထို့ကြောင့် ကျွန်ုပ်ရောက်လာသောအခါ ကျွန်ုပ်ကို ဝမ်းမြောက်စေရမည့်သူများက ကျွန်ုပ်ကို ဝမ်းနည်းစေမည်စိုးသဖြင့် ယခင်စာကို ရေးပို့ခဲ့ခြင်းဖြစ်၏။ ကျွန်ုပ် ဝမ်းမြောက်လျှင် သင်တို့အားလုံးသည်လည်း ဝမ်းမြောက်ကြမည်ဟု ကျွန်ုပ်စိတ်ချယုံကြည်ပါ၏။
ကျွန်ုပ်စာရေးပို့ရသော အခြားအကြောင်းရင်းမှာ သင်တို့သည် ကျွန်ုပ်၏ ညွှန်ကြားချက်များကို အပြည့်အဝ လိုက်နာသည်၊ မလိုက်နာသည်ကို သိလိုသောကြောင့် ဖြစ်၏။
သင်တို့အတွက် ကျွန်ုပ်ကြိုးစားလုပ်ဆောင်ခဲ့သော အရာများ အချည်းနှီးဖြစ်သွားမည်ကို ကျွန်ုပ်စိုးရိမ်၏။
ထိုအကြောင်းကြောင့် ကျွန်ုပ်တို့သည် ဆက်လက်သည်းမခံနိုင်တော့ဘဲ သင်တို့၏ ယုံကြည်ခြင်း ခိုင်မြဲဆဲရှိသည် မရှိသည်ကို သိရန် တိမောသေကို စေလွှတ်ခြင်းဖြစ်၏။ ဖြားယောင်းသွေးဆောင်သူသည် သင်တို့ကို တစ်နည်းတစ်ဖုံ သွေးဆောင်သဖြင့် ကျွန်ုပ်တို့ လုပ်ဆောင်ခဲ့ခြင်းသည် အချည်းနှီးဖြစ်သွားမည်ကို ကျွန်ုပ်စိတ်ပူ၏။