၂ ကော 7:5 - Common Language Bible5 မာကေဒေါနိပြည်သို့ရောက်ရှိသောအခါ၌ ပင်လျှင် ငါတို့သည်စိတ်သက်သာမှုကိုမရကြ။ အရပ်ရပ်တွင်အခက်အခဲများရှိ၏။ အငြင်း ပွားမှုများရှိ၏။ ငါတို့၌လည်းကြောက်စိတ်ရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible5 အ သို့ ဆို သော် မာ ကေ ဒေါ နိ ပြည် သို့ ငါ တို့ ရောက် သည့် အ ခါ ပင် ကာ ယ သု ခ မ ရ ဘဲ ဗ ဟိ ဒ္ဓ တွင် တိုက် လှန် ခြင်း၊ အ ဇ္စု တ္တ တွင် ကြောက် ရွံ့ ခြင်း သင့် လျက် ဖိ စီး ခြင်း ကို အ ဘက် ဘက် ခံ ရ သော် လည်း၊ အခန်းကိုကြည့်ပါ။Judson Bible5 ငါတို့သည် မာကေဒေါနိပြည်သို့ ရောက်သောအခါ၊ ကိုယ်ကာယငြိမ်ဝပ်ခြင်း အလျှင်းမရှိ၊ အရာရာ၌ ညှဉ်းဆဲခြင်းကို ခံရကြ၏။ ပြင်၌ကား တိုက်လှန်ခြင်း ရှိ၏။ အတွင်း၌ကား စိုးရိမ်ခြင်းရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 မာကေဒေါနိပြည်သို့ ငါတို့ရောက်သောအခါ ငါတို့၏ကိုယ်ကာယသည် နားနေရန်အခွင့်မရဘဲ အပြင်၌တိုက်ခိုက်ခြင်းများ၊ အတွင်း၌ကြောက်ရွံ့ခြင်းများရှိ၍ အဘက်ဘက်မှနှိပ်စက်ခြင်းကိုခံရကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း5 မာကေဒေါနိပြည်သို့ ကျွန်ုပ်တို့ရောက်သောအခါ ကျွန်ုပ်တို့သည် စိတ်သက်သာရာရသည်ဟူ၍မရှိ။ ပြင်ပအတိုက်အခိုက်များ၊ အတွင်းကြောက်စိတ်များဖြင့် အဘက်ဘက်မှ နှိပ်စက်မှုများကို ခံရကြ၏။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးသည်လူတို့တီးတိုးပြောဆိုနေသံကို ကြားရပါ၏။ သူတို့သည်ကျွန်တော်မျိုးအား``နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသူ'' ဟု နာမည်ပေးပြီးလျှင်``သူ့အကြောင်းကို အာဏာပိုင်တို့အားသတင်းပေးကြကုန်အံ့၊'' ဟုဆိုကြပါ၏။ ကျွန်တော်မျိုး၏ရင်းနှီးသောမိတ်ဆွေများပင်လျှင် ကျွန်တော်မျိုးပြိုလဲသည်ကိုစောင့်မျှော်နေကြ ပါ၏။ သူတို့က``သူ့အားငါတို့လှည့်စား၍ ရကောင်းရပေလိမ့်မည်။ အငိုက်ဖမ်း၍လက်စားချေနိုင်လိမ့်မည်'' ဟု ဆိုကြပါ၏။
ထို့ကြောင့်ငါသည်တိမောသေကိုစေလွှတ်လိုက် ၏။ ငါသည်မစောင့်ဆိုင်းနိုင်တော့သဖြင့် သင်တို့ ၏ယုံကြည်ခြင်းခိုင်မြဲသည်မခိုင်မြဲသည်ကို သိလို၍ သူ့ကိုစေလွှတ်လိုက်၏။ သင်တို့သည် မာရ်နတ်၏စုံစမ်းသွေးဆောင်ရာသို့လိုက်ပါ သဖြင့် ငါတို့လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးဖြစ်မည်ကိုငါစိုးရိမ်မိ၏။