Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 15:26 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 အဘယ်ကြောင့်ဆိုသော် မာကေဒေါနိပြည်​နှင့် အခါယပြည်​ရှိ ယုံကြည်သောသူများ​က မိမိတို့​၏​ငွေများ​ကို ဂျေရုဆလင်မြို့​ရှိ ယုံကြည်သူများ​ထဲမှ ဆင်းရဲသော​သူတို့​အား စေတနာ​ထက်သန်​စွာ လှူဒါန်း​လို​သောကြောင့် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 အ​ကြောင်း​မူ​ကား၊ မာ​ကေ​ဒေါ​နိ​ပြည်​သား​တို့​နှင့် အ​ခါ​ယ​ပြည်​သား​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့၌ ဆင်း​ရဲ​သော သန့်​ရှင်း​သူ​တို့​အား ဥ​စ္စာ​ကို​ဝေ​မျှ၍ စေ​တ​နာ​စိတ်​နှင့် လှူ​ကြ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 အဘယ်ကြောင့်​ဆိုသော် မာကေဒေါနိ​ပြည်သား​နှင့် အခါယ​ပြည်သား​တို့​သည် ဂျေရုဆလင်​မြို့​၌​ရှိ​သော သန့်ရှင်း​သူ​များ​ထဲမှ ဆင်းရဲ​သော​သူ​တို့​ကို ကူညီ​ပံ့ပိုး​ပေး​ရန် စေတနာ​စိတ်​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 15:26
33 ပူးပေါင်းရင်းမြစ်များ  

ရှင်ဘုရင်​ကလည်း ‘သင်တို့​အား ငါ​အမှန်​ဆို၏။ ငါ​၏ ညီအစ်ကို​မောင်နှမများ​ထဲမှ အသေးနုပ်ဆုံးသော​သူ​အား သင်တို့​ပြုစုကြသမျှ​သည် ငါ့​အား ပြုစုခြင်းပင်​ဖြစ်သည်’ ဟု ပြန်​၍ မိန့်တော်မူ​လိမ့်မည်။


ဆင်းရဲသားများ​သည် သင်တို့​နှင့်အတူ အစဉ်အမြဲ​ရှိကြ၏။ သို့ရာတွင် ငါ​သည် သင်တို့​နှင့်အတူ အစဉ်အမြဲ ရှိနေမည်​မဟုတ်။


သို့သော် သင်​သည် ပွဲ​ကျင်းပ​သောအခါ ဆင်းရဲသားများ၊ မသန်စွမ်းသူများ၊ ခြေမသန်သူများ​နှင့် မျက်စိ​မမြင်သူများ​ကို ဖိတ်ခေါ်လော့။


ထို့နောက် ယေရှု​သည် သူ​၏​တပည့်တော်များ​ဘက်​သို့ လှည့်​၍ မိန့်တော်မူသည်မှာ “ဆင်းရဲသော​သင်တို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​၏​နိုင်ငံတော်​သည် သင်တို့​၏​နိုင်ငံ ဖြစ်​သောကြောင့်​ပင်။


ထို​မှ​တစ်ဆင့် ဖိလိပ္ပိမြို့​သို့ ရောက်ကြ၏။ ထို​မြို့​သည် မာကေဒေါနိပြည်​၏​အရေးပါသော​မြို့​တစ်မြို့​ဖြစ်​၍ ရောမ​လက်အောက်ခံ​မြို့​လည်း​ဖြစ်၏။ ကျွန်ုပ်တို့​သည် ထို​မြို့​၌ ရက်​အတန်ကြာ​နေကြ၏။


ပေါလု​သည် ညအခါ ရူပါရုံ​တစ်ခု​ကို​မြင်ရ၏။ ထို​ရူပါရုံ​၌ မာကေဒေါနိပြည်သား​တစ်ဦး​သည် ရပ်​လျက် “မာကေဒေါနိပြည်​သို့​လာ​၍ ကျွန်ုပ်တို့​ကို ကူညီပါ” ဟု တောင်းပန်​ပြောဆိုနေ၏။


သို့သော် ဂါလျန်မင်း​သည် အခါယပြည်​၏​မြို့ဝန်မင်း​ဖြစ်​သောအခါ ဂျူးတို့​သည် ပေါလု​ကို ပူးပေါင်း​ဆန့်ကျင်​၍ တရားခွင်​သို့ ခေါ်ဆောင်သွားကြ၏။


ဤအရာများ ဖြစ်ပျက်​ပြီးနောက် ပေါလု​သည် ဝိညာဉ်တော်​အားဖြင့် မာကေဒေါနိပြည်​နှင့် အခါယပြည်​တစ်လျှောက်​သွား​ပြီးလျှင် ဂျေရုဆလင်မြို့​သို့ သွား​ရန် ဆုံးဖြတ်၏။ ထို့နောက် ပေါလု​က “ထို​မြို့​သို့​သွားပြီး​လျှင် ငါ​သည် ရောမမြို့​သို့​လည်း သွားရမည်” ဟု ပြောလေ၏။


သို့သော်လည်း အာနနိ​က “သခင်ဘုရား… ထို​သူ​သည် ဂျေရုဆလင်မြို့​တွင် ယုံကြည်သော​သူတို့​အား မည်မျှ​ဆိုးရွား​စွာ​ပြုခဲ့ကြောင်း​ကို လူ​အများ​ထံမှ အကျွန်ုပ်​ကြားသိရပါပြီ။


ညီအစ်ကို​မောင်နှမတို့… သတေဖနာ​နှင့် သူ​၏ အိမ်သူအိမ်သားတို့​သည် ဂရိပြည်​တွင် ပထမဆုံး ယုံကြည်​သက်ဝင်လာကြသော​သူများ​ဖြစ်ပြီး ယုံကြည်သူများ​ကို အစေခံ​ရန် မိမိတို့ကိုယ်မိမိ ဆက်ကပ်ထားသူများ​ဖြစ်ကြောင်း သင်တို့​သိကြ၏။


ကျွန်ုပ်​သည် မာကေဒေါနိပြည်​ကို ဖြတ်​သွား​ရန် စီစဉ်ထား​သောကြောင့် ထို​ပြည်​ကို ဖြတ်​ပြီးမှ သင်တို့​ထံ လာခဲ့မည်။


မာကေဒေါနိပြည်​သို့ အသွား​၌ ဦးစွာ တစ်ကြိမ်၊ အပြန်​၌ တစ်ကြိမ် ဝင်ရောက်​လည်ပတ်​ပြီးနောက် သင်တို့​၏​အကူအညီ​ဖြင့် ယုဒပြည်​သို့ သွား​ရန် စီစဉ်ထား၏။


မာကေဒေါနိပြည်​မှ လာသော ညီအစ်ကိုတို့​သည် ကျွန်ုပ်​လိုအပ်သည့်​အရာများ​ကို ဖြည့်ဆည်းပေးကြ၏။ ထို့ကြောင့် ကျွန်ုပ်​သည် သင်တို့​နှင့်အတူ ရှိ​စဉ်​၌ တစ်စုံတစ်ရာ​လိုအပ်​လျှင် သင်တို့​အတွက် ဝန်ထုပ်ဝန်ပိုး​မဖြစ်စေခဲ့ပေ။ ကျွန်ုပ်​သည် သင်တို့​အတွက် မည်သို့​မျှ ဝန်ထုပ်ဝန်ပိုး​မဖြစ်​စေရန် မိမိ​ကိုယ်ကိုယ် သတိ​နှင့် နေခဲ့၏။ နောင်တွင်လည်း သတိ​နှင့် နေဦးမည်။


သို့သော်လည်း ကျွန်ုပ်​၏​ညီ တိတု ရောက်မလာသေး​သောကြောင့် ကျွန်ုပ်​သည် စိတ်မသက်မသာ​ဖြစ်ရ၏။ ထို့ကြောင့် ထို​သူတို့​ကို နှုတ်ဆက်ပြီး​လျှင် တိတု​ကို ရှာ​ရန် မာကေဒေါနိပြည်​သို့ ထွက်သွားရ၏။


မာကေဒေါနိပြည်​သို့ ကျွန်ုပ်တို့​ရောက်​သောအခါ ကျွန်ုပ်တို့​သည် စိတ်သက်သာရာ​ရသည်​ဟူ၍​မရှိ။ ပြင်ပ​အတိုက်အခိုက်များ၊ အတွင်း​ကြောက်စိတ်များ​ဖြင့် အဘက်ဘက်​မှ နှိပ်စက်မှုများ​ကို ခံရကြ၏။


သင်တို့​၏​လှူဒါန်းခြင်း​အမှု​သည် ယုံကြည်သူတို့​၏​လိုအပ်ချက်များ​ကို ဖြည့်ဆည်းပေးသည်​သာမက ဘုရားသခင်​ကို ကျေးဇူးတင်သူများ​လည်း တိုးပွားလာစေ၏။


လှူဒါန်း​လိုသော သင်တို့​၏​စေတနာစိတ်​ကို ကျွန်ုပ်​သိ၏။ ထိုသို့​စေတနာစိတ်​ရှိကြောင်း​ကို မာကေဒေါနိပြည်သားတို့​အား “အခါယပြည်​၌​ရှိသော ညီအစ်ကိုတို့​သည် လွန်ခဲ့သော​နှစ်​ကတည်း​ကပင် လှူဒါန်း​ရန် အသင့်​ရှိကြပြီ” ဟု ဂုဏ်ယူဝင့်ကြွား​စွာ ကျွန်ုပ်​ပြောပြထား၏။ ထိုအခါ သင်တို့​၏ စေတနာစိတ်​သည် သူတို့​အားလုံး​နီးနီး​ကို နှိုးဆော်စေခဲ့၏။


ထိုသို့​မဟုတ်ဘဲ မာကေဒေါနိပြည်သား​တချို့​သည် ကျွန်ုပ်​နှင့်အတူ သင်တို့​ထံ​ရောက်လာ​၍ သင်တို့​၌ အသင့်​ပြင်ဆင်ထားခြင်း​မရှိသည်​ကို တွေ့ရ​လျှင် သင်တို့​သာမက ဤ​အမှု​၌ သင်တို့​ကို စိတ်ချယုံကြည်ထားသော ကျွန်ုပ်တို့​သည်လည်း အရှက်ကွဲရကြ​လိမ့်မည်။


ထို့ပြင် ဖိလိပ္ပိ​မြို့သူမြို့သားတို့… သတင်းကောင်း​ကို သင်တို့ စတင်​ကြားသိ​ချိန်၊ မာကေဒေါနိပြည်​မှ ကျွန်ုပ်​ထွက်လာသော​အချိန်​၌ သင်တို့​သာလျှင် ငွေကြေး​လှူဒါန်းခြင်း​ဖြင့် ပါဝင်​ကူညီခဲ့ကြ၏။ အခြား​မည်သည့် အသင်းတော်​က​မျှ မလှူဒါန်းခဲ့ကြောင်း သင်တို့​သိကြ၏။


သို့ဖြစ်၍ သင်တို့​သည် မာကေဒေါနိပြည်​၌​သာမက အခါယပြည်​တွင် ရှိကြသော ယုံကြည်သူ​အားလုံး​အတွက် စံနမူနာ​ဖြစ်ကြ၏။


အဘယ်ကြောင့်ဆိုသော် သခင်ဘုရား​၏ သတင်းကောင်း​သည် သင်တို့​ထံမှ မာကေဒေါနိပြည်၊ အခါယပြည်​သို့ ပျံ့သွားသည်​သာမက ဘုရားသခင်​ကို သင်တို့​ယုံကြည်သည့်​အကြောင်း​သည်လည်း နေရာတိုင်း​သို့ ပျံ့နှံ့သွား​သောကြောင့် ဖြစ်၏။ ထို့ကြောင့် သင်တို့​ယုံကြည်သည့်​အကြောင်း​နှင့် ပတ်သက်၍ မည်သည့်​အရာမျှ ကျွန်ုပ်တို့​ပြောစရာ​မရှိ။


အမှန်စင်စစ် သင်တို့​သည် မာကေဒေါနိပြည်​အရပ်ရပ်​၌ နေထိုင်ကြသော ညီအစ်ကို​မောင်နှမတို့​ကို အမှန်တကယ် ချစ်ကြ၏။ သို့ရာတွင် ညီအစ်ကို​မောင်နှမတို့… ထို​ထက်မက ပို၍​ချစ်ကြ​ရန် ကျွန်ုပ်တို့​သည် သင်တို့​ကို တိုက်တွန်း၏။


မာကေဒေါနိပြည်​သို့ ကျွန်ုပ်​သွား​စဉ် သင့်​ကို တိုက်တွန်း​နိုးဆော်ခဲ့သည့်​အတိုင်း တိုက်တွန်း​လို၏။ သင်​သည် ဧဖက်မြို့​တွင် နေရစ်​၍ လွဲမှားသော​အယူဝါဒများ သွန်သင်နေသည့် လူ​တချို့​ကို ထိုသို့​မသွန်သင်ကြ​ရန်​နှင့်


အဘယ်ကြောင့်ဆိုသော် သင်​သည် ယုံကြည်သူ​အပေါင်းတို့​ကို ချစ်​၍ သခင်​ယေရှု​ခရစ်တော်​ကို ယုံကြည်ကြောင်း ကျွန်ုပ်​ကြားရ​သောကြောင့် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ