မုဆိုးမတို့၏ အိမ်များကို မတရားသိမ်းယူတတ်ပြီး ရှည်လျားစွာဆုတောင်းခြင်းဖြင့် ဘာသာရေးကိုင်းရှိုင်းသကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ သူတို့သည် ပို၍ ကြီးလေးသောပြစ်ဒဏ်ကို ခံရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
၂ ကော 11:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်စုံတစ်ယောက်က သင်တို့ကို ကျွန်ခံစေသည်ဖြစ်စေ၊ ခေါင်းပုံဖြတ်သည်ဖြစ်စေ၊ အခွင့်ကောင်းယူသည်ဖြစ်စေ၊ အထင်သေးသည်ဖြစ်စေ၊ ပါးရိုက်သည်ဖြစ်စေ သင်တို့သည် သည်းခံကြ၏။ Common Language Bible သင်တို့သည်မိမိတို့အားစေစားသူ၊ အခွင့် ကောင်းယူသူ၊ အမြတ်ထုတ်သူ၊ အထင်အမြင် သေးသူ၊ ပါးရိုက်သူတို့ကိုသည်းခံကြ၏။- Garrad Bible သင် တို့ ကို စေ စား ခြင်း၊ သုံး စား ခြင်း၊ ကျော့ ဖမ်း ခြင်း၊ စော် ကား ခြင်း၊ မျက် နှာ ဖျက် ခြင်း ကို တစ် ဦး ဦး ပြု လျှင် သည်း ခံ၍ နေ ကြ လေ စွ တ ကား။ Judson Bible သူတစ်ပါးသည် သင်တို့ကို ကျွန်ခံစေခြင်း၊ ရောင်း၍စားခြင်း၊ ဥစ္စာကိုလုယူခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ်ခြင်းကိုပြုလျှင် သင်တို့သည် သည်းခံကြ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် သင်တို့ကို ကျွန်ပြုသည်ဖြစ်စေ၊ အခွင့်ကောင်းယူသည်ဖြစ်စေ၊ လုယူသည်ဖြစ်စေ၊ အထင်အမြင်သေးသည်ဖြစ်စေ၊ ပါးရိုက်သည်ဖြစ်စေ သင်တို့သည် သည်းခံကြ၏။ |
မုဆိုးမတို့၏ အိမ်များကို မတရားသိမ်းယူတတ်ပြီး ရှည်လျားစွာဆုတောင်းခြင်းဖြင့် ဘာသာရေးကိုင်းရှိုင်းသကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ သူတို့သည် ပို၍ ကြီးလေးသောပြစ်ဒဏ်ကို ခံရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
တစ်စုံတစ်ယောက်က သင်၏ပါးတစ်ဖက်ကို ရိုက်လျှင် ကျန်သည့်ပါးတစ်ဖက်ကိုလည်း ရိုက်ခွင့်ပေးလော့။ သင်၏ဝတ်ရုံကို ယူသောသူအား အတွင်းအင်္ကျီကိုပါ ပေးလော့။
ယခုအချိန်တိုင်အောင် ကျွန်ုပ်တို့သည် အစာရေစာငတ်ပြတ်လျက်ရှိကြ၏။ ဝတ်စရာ မလုံလောက်ကြ။ ရိုက်ပုတ်ထိုးနှက်ခြင်းကို ခံရကြ၏။ အိမ်ခြေရာခြေမဲ့ လှည့်လည်သွားလာကြရ၏။
သို့သော် ကျွန်ုပ်တို့သည် သင်တို့၏ ယုံကြည်ခြင်းကို ချုပ်ကိုင်ထားသည်ဟူ၍ မဆိုလိုပါ။ ကျွန်ုပ်တို့သည် သင်တို့ ဝမ်းမြောက်နိုင်ရန် သင်တို့နှင့်အတူ လက်တွဲလုပ်ဆောင်နေခြင်းသာ ဖြစ်၏။ သင်တို့သည်လည်း ယုံကြည်ခြင်းဖြင့် ခိုင်မြဲစွာ ရပ်တည်နေပြီဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်အား သိကျွမ်းသည့်ဉာဏ်ပညာကို ဆန့်ကျင်သောမာန်မာနတိုင်းကို ဖြိုဖျက်၍ လူ့အတွေးအခေါ်တိုင်းကို ချုပ်နှောင်ကာ ခရစ်တော်၏စကားကို နာခံစေကြ၏။
သို့သော် ဧဝသည် မြွေ၏ ပရိယာယ်ဖြင့် လှည့်ဖြားခံရသကဲ့သို့ သင်တို့၏စိတ်နှလုံးသည်လည်း ခရစ်တော်အား ရိုးသားဖြူစင်စွာ ကိုးကွယ်ရာမှ သွေဖည်စေခြင်းခံရမည်ကို ကျွန်ုပ်စိုးရိမ်၏။
ကျွန်ုပ်သည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ကြောင်းကို သင်တို့ဝန်ခံကြ၏။ သို့သော် သင်တို့ထဲမှ တချို့က ကျွန်ုပ်သည် ဉာဏ်များသောသူဖြစ်ပြီး သင်တို့၏ငွေကြေးဥစ္စာကို လှည့်စား၍ ရယူခဲ့သည်ဟု ထင်ကြဆဲဖြစ်၏။
ဤအရေပြားလှီးခြင်းကိစ္စ ပေါ်လာရခြင်းမှာ ယုံကြည်သူအတုအယောင်များကြောင့် ဖြစ်၏။ ထိုသူတို့သည် ကျွန်ုပ်တို့အား ယေရှုခရစ်တော်ပေးသော လွတ်လပ်ခွင့်ကို စုံစမ်းပြီး ဖယ်ရှားလိုသဖြင့် အစည်းအဝေးထဲသို့ လျှို့ဝှက်စွာ ဝင်လာကြ၏။ ကျွန်ုပ်တို့အား ပညတ်တရားလက်အောက်တွင် ကျွန်ခံစေနိုင်ရန်အတွက် ဂျူးဓလေ့ထုံးတမ်းများကို အတင်းအကျပ် လိုက်နာစေလိုကြ၏။
သူသည် အာရပ်ပြည်တွင် ရှိသော သိနာတောင်ကို ကိုယ်စားပြုပြီး ယခုလက်ရှိ ဂျေရုဆလင်မြို့နှင့် တူ၏။ အဘယ်ကြောင့်ဆိုသော် သူသည် မိမိ၏ သားသမီးများနှင့် ကျွန်ခံနေရသောကြောင့် ဖြစ်၏။
ကျွန်ုပ်တို့သည်လည်း အရွယ်မရောက်မီအချိန်၌ လောကီအခြေခံမူအောက်တွင် ကျွန်ခံခဲ့ကြ၏။
ယခုမှာမူ သင်တို့သည် ဘုရားသခင်ကို သိကြပြီ။ ထိုသို့မဟုတ်ဘဲ ဘုရားသခင်သည် သင်တို့ကို သိတော်မူပြီဟု ကျွန်ုပ်ပြောဆိုသင့်၏။ သို့ဖြစ်လျှင် အားနည်း၍ ချမ်းသာမပေးနိုင်သော လောကီအခြေခံမူဘက်သို့ အဘယ်ကြောင့် ပြန်လှည့်လိုကြသနည်း။ အဘယ်ကြောင့် ထိုလောကီအခြေခံမူထံ ပြန်၍ ကျွန်ခံလိုကြသနည်း။
ပညတ်တရားမှ လွတ်လပ်ခွင့်ရစေရန် ခရစ်တော်သည် ကျွန်ုပ်တို့ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများအဖြစ် ခိုင်မြဲစွာ ရပ်တည်ကြလော့။ ကျွန်ထမ်းပိုးကို နောက်တစ်ဖန် မထမ်းကြနှင့်။
ကျွန်ုပ်အယူနှင့် ကွဲလွဲသောအယူကို သင်တို့လက်ခံမည်မဟုတ်ကြောင်း သခင်ဘုရားသည် ကျွန်ုပ်ကို ယုံကြည်စိတ်ချစေတော်မူ၏။ သင်တို့ကို စိတ်ရှုပ်ထွေးစေသောသူ မည်သူမဆို ပြစ်ဒဏ်စီရင်ခံရမည်။
သင်တို့အား အရေပြားလှီးခြင်းမင်္ဂလာခံယူရန် အတင်းအကျပ် စေခိုင်းလျက်ရှိသောသူတို့သည် အပြင်ပန်းတင့်တယ်လိုကြ၏။ ထိုသို့ စေခိုင်းသည်မှာ ခရစ်တော်၏ လက်ဝါးကပ်တိုင်တရားကသာ ကယ်တင်နိုင်သည်ဟူ၍ ဟောပြောခြင်းအတွက် ခံရမည့် ညှဉ်းပန်းနှိပ်စက်ခြင်းကို မလိုလားသောကြောင့် ဖြစ်၏။
ထိုသူတို့၏ နိဂုံးသည် ပျက်စီးခြင်း ဖြစ်၏။ သူတို့၏ ဘုရားသည် သူတို့၏ ဝမ်းဗိုက် ဖြစ်၏။ မိမိတို့ပြုသော ရှက်ဖွယ်အရာကို ဂုဏ်ယူဝင့်ကြွားကြ၏။ သူတို့သည် လောကီရေးရာကိုသာ စွဲလမ်းကြ၏။
သင်တို့သိသည့်အတိုင်း ကျွန်ုပ်တို့သည် မြှောက်ပင့်သောစကားဖြင့် တစ်ခါမျှ မပြောဆိုကြောင်း၊ လောဘစိတ်ဖြင့် ဟန်မဆောင်ကြောင်း ဘုရားသခင်သည် ကျွန်ုပ်တို့၏ သက်သေဖြစ်၏။