မောရှေသည် အီဂျစ်လူမျိုးတို့၏အတတ်ပညာများအားလုံးကို သင်ယူတတ်မြောက်ပြီး ပြောဆိုမှုနှင့်လုပ်ဆောင်မှုတွင် စွမ်းဆောင်နိုင်သူဖြစ်၏။
၂ ကော 10:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တိုက်ပွဲတွင် ကျွန်ုပ်တို့ အသုံးပြုသည့်လက်နက်များသည် လောကီသားများအသုံးပြုသည့် လက်နက်များမဟုတ်။ ခံတပ်များကို ဖြိုဖျက်နိုင်သည့် ဘုရားသခင်၏ တန်ခိုးတော်ပါသော လက်နက်များဖြစ်၏။ Common Language Bible ငါတို့စွဲကိုင်သည့်လက်နက်များသည်လူသား တို့စွဲကိုင်သည့်လက်နက်များမဟုတ်။ ခံတပ်များ ကိုဖြိုဖျက်နိုင်သည့်ဘုရားသခင်၏တန်ခိုး တော်နှင့်ပြည့်စုံသောလက်နက်များဖြစ်၏။ ငါ တို့သည်မမှန်ကန်သည့်ဆွေးနွေးငြင်းခုံချက် များကိုလည်းကောင်း၊- Garrad Bible ငါ တို့ တိုက် ပွဲ၌ ရုပ် ဆိုင် ရာ လက် နက် များ ကို မ စွဲ မ ကိုင်။ ခံ တပ် များ ကို ဖြို နိုင် ရန် ဘု ရား သ ခင့် ရှေ့ သ တ္တိ နှင့် ပြည့် စုံ သော လက် နက် များ ကို စွဲ ကိုင် လျက်၊ Judson Bible ငါတို့စစ်တိုက်၍ သုံးစွဲသော လက်နက်သည် ဇာတိပကတိလက်နက် မဟုတ်။ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သောလက်နက် ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား တိုက်ပွဲ၌ ငါတို့သုံးသောလက်နက်များသည် သွေးသားဇာတိနှင့်ဆိုင်သောလက်နက်များမဟုတ်ဘဲ ဘုရားသခင်အားဖြင့် အစွမ်းထက်သောလက်နက်များဖြစ်ကြပြီး ခံတပ်များကိုပင် ဖြိုဖျက်နိုင်သည်သာမက |
မောရှေသည် အီဂျစ်လူမျိုးတို့၏အတတ်ပညာများအားလုံးကို သင်ယူတတ်မြောက်ပြီး ပြောဆိုမှုနှင့်လုပ်ဆောင်မှုတွင် စွမ်းဆောင်နိုင်သူဖြစ်၏။
ညအချိန် ကုန်ဆုံးတော့မည်ဖြစ်ပြီး နေ့အချိန်သည် နီးကပ်လာပြီ။ ထို့ကြောင့် ကျွန်ုပ်တို့သည် အမှောင်၌ ပြုသောအကျင့်များကို ဖယ်ရှား၍ အလင်း၏ လက်နက်များကို ကိုင်ဆောင်ကြရမည်။
သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဒုစရိုက်လက်နက်အဖြစ် အပြစ်တရားအား မဆက်သကြနှင့်။ ထိုသို့ပြုမည့်အစား သင်တို့သည် သေရာမှ ပြန်ရှင်လာသောသူများဖြစ်ကြသောကြောင့် မိမိကိုယ်မိမိ ဘုရားသခင်ထံသို့ ဆက်သကြလော့။ သို့ဖြစ်၍ သင်တို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဘုရားသခင်၏ ဘုန်းတော်အတွက် ဖြောင့်မတ်စွာ လုပ်ဆောင်နိုင်မည့်လက်နက်အဖြစ် ဆက်သကြလော့။
ဤသည်မှာ သင်တို့၏ ယုံကြည်ခြင်းကို လူ့ဉာဏ်ပညာအပေါ် အခြေမခံဘဲ ဘုရားသခင်၏တန်ခိုးတော်အပေါ် အခြေခံစေလိုသောကြောင့် ဖြစ်၏။
မည်သူသည် မိမိစရိတ်ဖြင့် စစ်မှုထမ်းရသနည်း။ မည်သူသည် စပျစ်ခြံကို စိုက်ပျိုးပြီး ထိုခြံထွက်အသီးကို မစားဘဲနေရသနည်း။ မည်သူသည် သိုးအုပ်ကို ထိန်းကျောင်းပြီး သိုးနို့ကို မသောက်ဘဲနေရသနည်း။
ထို့ကြောင့် သင်တို့ကို ဖြိုဖျက်ရန်အတွက် မဟုတ်ဘဲ တည်ဆောက်ရန်အတွက် ကျွန်ုပ်တို့အား သခင်ဘုရားပေးသော အခွင့်အာဏာကိုအကြောင်းပြုလျက် အနည်းငယ်ပို၍ ကြွားဝါမိလျှင်ပင် မရှက်ပါ။
ကျွန်ုပ်ရောက်လာသောအခါ ကျွန်ုပ်အား သခင်ဘုရား ပေးတော်မူသည့်အခွင့်အာဏာကို ပြင်းထန်စွာ အသုံးမပြုလိုသောကြောင့် သင်တို့ထံ မလာမီ ဤအကြောင်းအရာများကို ရေးလိုက်၏။ သခင်ဘုရား ပေးတော်မူသည့် ထိုအခွင့်အာဏာမှာ သင်တို့အား ဖြိုဖျက်ရန် မဟုတ်ဘဲ တည်ဆောက်ရန်ဖြစ်၏။
ထိုသို့ဆိုသော် ကျွန်ုပ်တို့သည် အရာရာကို မိမိဘာသာ လုပ်ဆောင်နိုင်သည့် စွမ်းရည်ရှိကြောင်း ထင်မှတ်ကြသည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ စွမ်းရည်သည် ဘုရားသခင်ထံမှ ဖြစ်၏။
ထွန်းလင်းနေသည့် ထိုရတနာသည် မြေအိုးသဖွယ်ဖြစ်သော ကျွန်ုပ်တို့ထဲ၌ ရှိ၏။ ဤသည်မှာ သတင်းကောင်း၏ကြီးမြတ်သောတန်ခိုးသည် ကျွန်ုပ်တို့ထံမှ မဟုတ်ဘဲ ဘုရားသခင်ထံမှ ဖြစ်ကြောင်း ပေါ်လွင်စေရန်ဖြစ်၏။
သမ္မာတရားကို ဟောပြောခြင်း၊ ဘုရားသခင်၏ တန်ခိုးတော်ကို ပြခြင်းတို့ဖြင့်လည်းကောင်း၊ လက်ဝဲ လက်ယာ၌ ကိုင်ဆောင်ထားသော ဖြောင့်မတ်ခြင်းလက်နက်များအားဖြင့်လည်းကောင်း၊
သို့သော် ကျွန်ုပ်တို့သည် နေ့၏သားသမီးများဖြစ်သောကြောင့် တည်ကြည်လျက် သတိရှိကြစို့။ ယုံကြည်ခြင်းနှင့် ချစ်ခြင်းကို ရင်အုပ်ကာချပ်ဝတ်အဖြစ် ဝတ်ဆင်လျက် ကယ်တင်ခံရမည်ဟူသော မျှော်လင့်ခြင်းကို သံခမောက်အဖြစ် ဆောင်းကြစို့။
ကျွန်ုပ်၏သား တိမောသေ… ယခင်က သင့်ကို ရည်စူး၍ ပရောဖက်တို့ဟောပြောခဲ့သော အရာများကို အခြေခံ၍ သင့်ကို ကျွန်ုပ်ညွှန်ကြားလိုက်၏။ ထိုဟောပြောချက်များကို လိုက်နာခြင်းဖြင့် တိုက်ပွဲကို ကောင်းစွာ တိုက်ခိုက်နိုင်ရန် ဖြစ်၏။
ယေရှုခရစ်တော်၏ စစ်သားကောင်းတစ်ဦးအဖြစ် ဆင်းရဲဒုက္ခကို ကျွန်ုပ်နှင့်အတူ သည်းခံလော့။
အစ္စရေးလူမျိုးတို့သည် ယုံကြည်ခြင်းဖြင့် ဂျေရိခေါမြို့ကို ခုနစ်ရက်ပတ်လုံး ဝန်းရံလှည့်ပတ်ကြရာ မြို့ရိုးသည် ပြိုကျ၏။