ဒုတိယပညတ်တော်သည်လည်း ထိုနည်းတူဖြစ်၍ ‘ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ ဖြစ်၏။
၁ သက် 4:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အချင်းချင်း ချစ်ကြရန် သင်တို့ကို ဘုရားသခင်ကိုယ်တိုင် သွန်သင်တော်မူခဲ့သောကြောင့် ယခုတွင် သင်တို့အချင်းချင်း ချစ်ကြရမည့်အကြောင်းကို သင်တို့ထံ စာရေးရန် မလိုပေ။ Common Language Bible ယုံကြည်သူအချင်းချင်းချစ်ကြစေရန်သင် တို့ကိုဘုရားသခင်သွန်သင်တော်မူခဲ့သဖြင့် သင်တို့အချင်းချင်းချစ်ရမည်အကြောင်းနှင့် ပတ်သက်၍ရေးသားရန်မလို။- Garrad Bible သင်္ဂ ဟ ဝတ် နှင့် စပ်၍ မှာ သင် တို့ အား ရေး ရန် မ လို။ အ ချင်း ချင်း မေ တ္တာ ကို ဘု ရား သ ခင် သွန် သင် တော် မူ ရာ ကိုယ် တိုင် ခံ ရ သည် နှင့် အ ညီ၊ Judson Bible ညီအစ်ကိုချင်း ချစ်ခြင်းအရာကို သင်တို့အား ရေး၍ပေးလိုက်စရာအကြောင်းမရှိ။ အဘယ်ကြောင့် နည်းဟူမူကား၊ သင်တို့သည် အချင်းချင်းချစ်စေခြင်းငှာ၊ ဘုရားသခင် ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုချင်းချစ်သောမေတ္တာနှင့်ပတ်သက်၍မူကား သင်တို့ထံရေးသားရန် မလိုအပ်ပေ။ အကြောင်းမှာ သင်တို့ကိုယ်တိုင်သည် အချင်းချင်းချစ်ကြရန် ဘုရားသခင်ထံမှ သင်ယူထားသောသူများဖြစ်ကြ၏။ |
ဒုတိယပညတ်တော်သည်လည်း ထိုနည်းတူဖြစ်၍ ‘ကိုယ်နှင့်သက်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့’ ဟူ၍ ဖြစ်၏။
သို့ရာတွင် ခမည်းတော်သည် ငါ့ကိုယ်စား ကူညီမစတော်မူသောအရှင်ဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်တော်မူသောအခါ ထိုအရှင်သည် သင်တို့အား အရာအားလုံး သွန်သင်၍ ငါပြောခဲ့သမျှကို ပြန်လည်သတိရစေတော်မူလိမ့်မည်။
ယခုအခါ၌ ယုံကြည်သောသူရှိသမျှတို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိကြသဖြင့် မည်သူမျှ မိမိဥစ္စာပစ္စည်းများကို မိမိပိုင်သည်ဟု မဆိုဘဲ ရှိသမျှဥစ္စာတို့ကို မျှဝေအသုံးပြုကြ၏။
တစ်ဦးကို တစ်ဦး ညီအစ်ကိုမောင်နှမမေတ္တာဖြင့် ချစ်ကြလော့။ တစ်ဦးကိုတစ်ဦး ဦးစားပေး၍ ချီးမြှောက်ကြလော့။
ဂျေရုဆလင်မြို့ရှိ ယုံကြည်သူတို့ကို လှူဒါန်းသောအမှုအကြောင်းနှင့်ပတ်သက်၍ သင်တို့ထံ ကျွန်ုပ်စာရေးရန် မလိုအပ်ပေ။
ထို့ကြောင့် ဝိညာဉ်ရေးရာ၌ ရင့်ကျက်သော ကျွန်ုပ်တို့အားလုံးသည် ဤစိတ်သဘောထားမျိုး ရှိသင့်၏။ အကယ်၍ အချို့သောအကြောင်းအရာများ၌ မတူညီသောစိတ်သဘောထားရှိလျှင် ဘုရားသခင်သည် ရှင်းလင်းဖော်ပြတော်မူလိမ့်မည်။
ညီအစ်ကိုမောင်နှမတို့… ထိုအရာတို့သည် မည်သည့်အချိန်ကာလ၌ ဖြစ်ပျက်မည်ကို သင်တို့ထံ စာရေးလိုက်ရန် မလိုအပ်ပေ။
“ဘုရားသခင်က ‘ထိုကာလပြီးနောက် ငါသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့မည်။ ငါ့ပညတ်တရားကို သူတို့အသိဉာဏ်၌ ထည့်သွင်း၍ သူတို့၏ နှလုံးသား၌ ရေးထားမည်’ ဟု မိန့်တော်မူ၏” ဟူ၍ ဖြစ်၏။
အချုပ်ဆိုရလျှင် သင်တို့အားလုံး တစ်စိတ်တစ်ဝမ်းတည်းရှိကြလော့။ စာနာစိတ်ထား၍ တစ်ဦးကိုတစ်ဦး ညီအစ်ကိုမောင်နှမသဖွယ် ချစ်ကြလော့။ သနားကြင်နာစိတ်ထား၍ နှိမ့်ချကြလော့။
အရေးကြီးဆုံးအရာမှာ အချင်းချင်းနှစ်နှစ်ကာကာ ချစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ချစ်ခြင်းမေတ္တာသည် အပြစ်များစွာကို ဖုံးအုပ်တတ်သောကြောင့်ဖြစ်၏။
ဘုရားတရားကိုင်းရှိုင်းခြင်း၌ ညီအစ်ကိုမောင်နှမချစ်ခြင်းကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမချစ်ခြင်း၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း အသီးသီးထပ်မံဖြည့်စွက်ရန် ကြိုးစားအားထုတ်ကြလော့။
ညီအစ်ကိုမောင်နှမကို ချစ်သောသူသည် အလင်းထဲတွင် ရှိ၍ မိမိကြောင့် သူတစ်ပါးအပြစ်ကျူးလွန်ရသည့်အကြောင်း ထိုသူ၌ မရှိ။
“ကျွန်ုပ်တို့အချင်းချင်း ချစ်ကြရမည်” ဟူသော ဤတရားစကားသည် အစဦးကပင် သင်တို့ ကြားခဲ့ရသောအရာ ဖြစ်၏။
ဘုရားသခင် ပညတ်တော်မူသည်မှာ သားတော်ယေရှုခရစ်တော်၏ နာမတော်ကို ယုံကြည်၍ ကျွန်ုပ်တို့ကို ပညတ်တော်မူသည့်အတိုင်း အချင်းချင်း ချစ်ကြရန် ဖြစ်၏။
“ဘုရားသခင်ကို ချစ်သောသူသည် ညီအစ်ကိုမောင်နှမကိုလည်း ချစ်ရမည်” ဟူသည့် ပညတ်တော်ကို ကိုယ်တော်သည် ကျွန်ုပ်တို့အား ပေးတော်မူ၏။