Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 3:8 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 အချုပ်​ဆိုရ​လျှင် သင်တို့​အားလုံး တစ်စိတ်တစ်ဝမ်းတည်း​ရှိကြလော့။ စာနာစိတ်​ထား​၍ တစ်ဦး​ကို​တစ်ဦး ညီအစ်ကို​မောင်နှမ​သဖွယ် ချစ်ကြလော့။ သနားကြင်နာ​စိတ်​ထား​၍ နှိမ့်ချကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 နောက်​ဆုံး​ဖော်​ပြ​လို​သည်​မှာ သင်​တို့​သည် တစ်​စိတ်​တစ်​ဝမ်း​တည်း​ရှိ​ကြ​လော့။ စာ​နာ ထောက်​ထား​၍​တစ်​ယောက်​ကို​တစ်​ယောက် ညီ ရင်း​အစ်​ကို​ကဲ့​သို့​ချစ်​ကြ​လော့။ ကြင်​နာ သ​နား​တတ်​သော​သ​ဘော၊ နှိမ့်​ချ​တတ်​သော သ​ဘော​ရှိ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 အ ဆုံး စ ကား မှာ သင် တို့ ရှိ သ မျှ သည် ညီ ညွတ် သော သ ဘော၊ သက် ဝင် သော သ ဘော၊ သင်္ဂ ဟ သ ဘော၊ ညှာ တာ သော သ ဘော၊ နှိမ့် ချ သော သ ဘော ရှိ လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 အ​ချုပ်​အ​ခြာ​စ​ကား​ဟူ​မူ​ကား၊ သင်​တို့​အ​ပေါင်း​သည် စိတ်​တ​ညီ​တ​ညွတ်​တည်း ရှိ​ကြ​လော့။ စိတ်​ကြင်​နာ​ခြင်း၊ ညီ​အစ်​ကို​ချင်း​ကဲ့​သို့ ချစ်​ခြင်း၊ သ​နား​စုံ​မက်​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း ရှိ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် သင်​တို့​အားလုံး တစ်စိတ်​တစ်သဘောတည်း​ရှိ​လျက် ကြင်နာ​တတ်​သော​သဘော၊ ညီအစ်ကို​ချင်း​ချစ်​တတ်​သော​သဘော၊ သနားစုံမက်​တတ်​သော​သဘော​နှင့် စိတ်​နှိမ့်ချ​သော​သဘော​ရှိ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 3:8
32 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​ကို​သနား​သကဲ့သို့ သင်​သည်လည်း သင့်​ကျွန်ဖော်ချင်း​ကို သနားသင့်သည်​မဟုတ်လော’ ဟု ဆိုလေ၏။


သို့ရာတွင် ရှမာရိ​လူမျိုး​တစ်ဦး​သည် ထို​နေရာ​သို့ ရောက်လာ​၍ ထို​လူနာ​ကို မြင်လေ​သော် သနားစိတ်​ရှိလေ၏။


ပင်တေကုတ္တေပွဲနေ့​ရောက်​သောအခါ ယုံကြည်သူ​အပေါင်းတို့​သည် တစ်နေရာတည်း​တွင် အတူတကွ စုဝေးနေကြ၏။


နောက်​တစ်နေ့​တွင် ဆီဒုန်မြို့​သို့​ဆိုက်ရောက်ကြ၏။ ယုလိ​သည် ပေါလု​အား ကြင်နာ​စွာ​ဆက်ဆံ​ကာ မိတ်ဆွေများ​ထံ သွား​၍ ပြုစုစောင့်ရှောက်​ခံရန် ခွင့်ပြုလေ၏။


ထို​နေရာ အနီးတစ်ဝိုက်​တွင် ကျွန်းသူကြီး ပုဗလိ​ပိုင်သည့် မြေကွက်များ​ရှိ၏။ ထို​သူ​သည် ကျွန်ုပ်တို့​ကို ကြိုဆို​လက်ခံ​၍ သုံးရက်​တိုင် ကောင်းမွန်​စွာ​ဧည့်ခံ၏။


ယခု​အခါ​၌ ယုံကြည်သော​သူ​ရှိသမျှတို့​သည် တစ်စိတ်တစ်ဝမ်းတည်း​ရှိကြ​သဖြင့် မည်သူ​မျှ မိမိ​ဥစ္စာပစ္စည်းများ​ကို မိမိ​ပိုင်သည်​ဟု မဆိုဘဲ ရှိသမျှ​ဥစ္စာတို့​ကို မျှဝေ​အသုံးပြုကြ၏။


တစ်ဦး​ကို တစ်ဦး ညီအစ်ကို​မောင်နှမ​မေတ္တာ​ဖြင့် ချစ်ကြလော့။ တစ်ဦး​ကို​တစ်ဦး ဦးစားပေး​၍ ချီးမြှောက်ကြလော့။


သည်းခံခြင်း​နှင့် နှစ်သိမ့်ခြင်း​ကို ပေးသနားတော်မူသော ဘုရားသခင်​သည် ယေရှု​ခရစ်တော်​၏ အလိုတော်​နှင့်အညီ အချင်းချင်း တစ်စိတ်တစ်ဝမ်းတည်း​ရှိသော စိတ်သဘောထား​ကို သင်တို့​အား ပေးသနားတော်မူပါစေ။


ညီအစ်ကို​မောင်နှမတို့… သင်တို့​အချင်းချင်း စည်းလုံးကြ​ရန် သခင်​ယေရှု​ခရစ်တော်​၏ အခွင့်အာဏာ​ဖြင့် ကျွန်ုပ်​တိုက်တွန်း​နှိုးဆော်လို၏။ သဘောထား​မကွဲလွဲကြနှင့်။ တူညီသော​စိတ်၊ တူညီသော​ရည်ရွယ်ချက်တို့​ဖြင့် စည်းလုံးကြလော့။


အင်္ဂါ​အစိတ်အပိုင်း​တစ်ခု​သည် ဝေဒနာ​ခံစားရ​လျှင် ကျန်​အစိတ်အပိုင်း​ရှိသမျှတို့​သည်လည်း အတူတကွ ခံစားကြ​ရ၏။ အင်္ဂါ​အစိတ်အပိုင်း​တစ်ခု​သည် ဂုဏ်တက်​လျှင် ကျန်​အစိတ်အပိုင်း​ရှိသမျှတို့​သည်လည်း အတူတကွ ဝမ်းမြောက်ကြ၏။


အရာရာ​၌ နှိမ့်ချ​လျက် သိမ်မွေ့​စွာ နေကြလော့။ စိတ်ရှည်​လျက် မေတ္တာ​ဖြင့် တစ်ယောက်​ကို​တစ်ယောက် သည်းခံကြလော့။


ခါးသီးခြင်း၊ စိတ်ဆိုးခြင်း၊ ဒေါသ​ထွက်ခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်​ငေါက်ငမ်းခြင်း၊ ကဲ့ရဲ့ပြောဆိုခြင်း​တို့​ကို မကောင်းသော​အမှု​အမျိုးမျိုးတို့​နှင့်အတူ ဖယ်ရှားကြလော့။


သင်တို့​သည် တစ်ဦး​ကို တစ်ဦး ကျေးဇူးပြုကြလော့။ သနားကြင်နာကြလော့။ ဘုရားသခင်​သည် ခရစ်တော်​ကြောင့် သင်တို့​ကို ခွင့်လွှတ်တော်မူ​သကဲ့သို့ သင်တို့​သည်လည်း တစ်ဦး​ကို တစ်ဦး ခွင့်လွှတ်ကြလော့။


တစ်ကိုယ်ကောင်းဆန်သော​စိတ်၊ ကိုယ့်ကိုယ်ကိုယ်​အထင်ကြီးသော​စိတ်​ဖြင့် မည်သည့်​အမှု​ကို​မျှ မပြုကြနှင့်။ တစ်ပါးသူတို့​သည် မိမိ​ထက် သာလွန်သည်​ဟု နှိမ့်ချသော​စိတ်​ဖြင့် မှတ်ယူကြလော့။


မည်သို့ပင်​ဖြစ်စေ ကျွန်ုပ်တို့​သည် မိမိတို့ ရောက်ရှိ​နေသည့်​အခြေအနေ​နှင့်​အညီ သင့်လျော်​စွာ နေထိုင်ကြပါစို့။


ထို့ကြောင့် သင်တို့သည်​ဘုရားသခင် ရွေးချယ်တော်မူသော​သူများ၊ သီးသန့်​ထားတော်မူသော​သူများ၊ ချစ်တော်မူသော​သူများ​ဖြစ်သည့်​အားလျော်စွာ ကရုဏာ​ထားခြင်း၊ ကျေးဇူးပြုခြင်း၊ နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း​နှင့် သည်းခံခြင်း​တို့ကို ဝတ်ဆင်ကြလော့။


ညီအစ်ကို​မောင်နှမ​ကဲ့သို့ အချင်းချင်း ဆက်​၍ ချစ်ကြလော့။


ကရုဏာ​ကင်းမဲ့သောသူ​သည် ကရုဏာ​ကင်းမဲ့​စွာ တရားစီရင်ခြင်း ခံရမည်။ ကရုဏာ​ထားသောသူ​သည် ဘုရားသခင်​တရားစီရင်မည့်​နေ့​တွင် ကြောက်ရွံ့နေ​ရန် မလိုပေ။


ကောင်းကင်ဘုံ​မှ ဆင်းသက်လာသော ဉာဏ်ပညာ​သည် ပထမ​ဦးစွာ စင်ကြယ်၏။ ငြိမ်းချမ်းမှု​ကို မြတ်နိုး၏။ ထောက်ထား​ညှာတာတတ်၏။ သဟဇာတ​ဖြစ်တတ်၏။ ကရုဏာတရား​နှင့် ကောင်းကျိုးတို့​ဖြင့် ပြည့်စုံ၏။ မျက်နှာ​မလိုက်တတ်။ ဟန်ဆောင်မှု​ကင်း၏။


အဆုံး​တိုင်အောင် စိတ်ရှည်​သည်းခံသော​သူတို့​သည် မင်္ဂလာရှိသည်​ဟု ကျွန်ုပ်တို့​ယူဆ၏။ ယောဘ​၏​စိတ်ရှည်​သည်းခံမှု​အကြောင်း​ကို သင်တို့​အားလုံး ကြားကြပြီ။ ထာဝရဘုရား​သည် သနား​ကြင်နာခြင်း​နှင့် ကရုဏာ​အပြည့်​ရှိ​သောကြောင့် အဆုံး​တွင် ယောဘ​ကို မည်သို့​ကြည့်ရှုသည်​ကိုလည်း သင်တို့​သိကြပြီ။


သင်တို့​သည် သမ္မာတရား​ကို နာခံခြင်း​ဖြင့် မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေပြီ​ဖြစ်​၍ သင်တို့​၏​ညီအစ်ကို​မောင်နှမများ​ကို စိတ်ရင်း​အမှန်​ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​အကြွင်းမဲ့​ချစ်ကြလော့။


လူတိုင်း​ကို​လေးစားကြလော့။ ယုံကြည်သူ​ညီအစ်ကို​မောင်နှမတို့​ကို ချစ်ကြလော့။ ဘုရားသခင်​ကို ကြောက်ရွံ့ကြလော့။ ရှင်ဘုရင်​ကို ရိုသေကြလော့။


ထိုနည်းတူ ငယ်ရွယ်သော​သူတို့… အသင်းတော်​အကြီးအကဲတို့​ကို နာခံကြလော့။ တစ်ဦး​ကို​တစ်ဦး အချင်းချင်း ဆက်ဆံရာ​၌ နှိမ့်ချသော​စိတ်​ကို တန်ဆာ​ဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ​၌ “မာန​ထောင်လွှားသော​သူတို့​ကို ဘုရားသခင်​သည် ဆန့်ကျင်​၍ နှိမ့်ချသော​သူတို့​ကို ကျေးဇူးပြုတော်မူ၏” ဟု ဆိုထား​သောကြောင့်​ဖြစ်၏။


ဘုရားတရား​ကိုင်းရှိုင်းခြင်း​၌ ညီအစ်ကို​မောင်နှမ​ချစ်ခြင်း​ကို​လည်းကောင်း၊ ညီအစ်ကို​မောင်နှမ​ချစ်ခြင်း​၌ ချစ်ခြင်းမေတ္တာ​ကို​လည်းကောင်း အသီးသီး​ထပ်မံ​ဖြည့်စွက်​ရန် ကြိုးစား​အားထုတ်ကြလော့။


ကျွန်ုပ်တို့​သည် အချင်းချင်း​ချစ်​သောကြောင့် သေခြင်း​မှ အသက်ရှင်ခြင်း​သို့ ကူးပြောင်းသည်​ကို ကျွန်ုပ်တို့​သိကြ၏။ မိမိ​ညီအစ်ကို​ကို မချစ်သောသူ​သည် သေခြင်း​၌ပင် ရှိနေ​သေး၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ