၁ သက် 5:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း1 ညီအစ်ကိုမောင်နှမတို့… ထိုအရာတို့သည် မည်သည့်အချိန်ကာလ၌ ဖြစ်ပျက်မည်ကို သင်တို့ထံ စာရေးလိုက်ရန် မလိုအပ်ပေ။ အခန်းကိုကြည့်ပါ။Common Language Bible1 ညီအစ်ကိုတို့၊ ဤအမှုများဖြစ်ပျက်မည့် အချိန်ကာလအကြောင်းကိုသင်တို့အား ရေးသားရန်မလို။- အခန်းကိုကြည့်ပါ။Garrad Bible1 သို့ ရာ တွင် ညီ အစ် ကို တို့၊ အ ချိန် ကာ လ များ အ ကြောင်း သင် တို့ အား ရေး ရန် မ လို။ အခန်းကိုကြည့်ပါ။Judson Bible1 ညီအစ်ကိုတို့၊ ကပ်ကာလအချိန်များကို သင်တို့အားရေး၍ ပေးလိုက်စရာအကြောင်း မရှိ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 သို့ရာတွင် ညီအစ်ကိုတို့၊ ထိုအချိန်အခါနှင့်ကာလများအကြောင်းကို သင်တို့ထံရေးသားရန် မလိုအပ်ပေ။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ယေရှုသည် သံလွင်တောင်ပေါ်၌ ထိုင်တော်မူစဉ် တပည့်တော်တို့သည် အခြားသူများမပါဘဲ ယေရှုထံတော်သို့ ချဉ်းကပ်၍ “ထိုအရာများအားလုံးသည် မည်သည့်အချိန်၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်နှင့် ကမ္ဘာကုန်ဆုံးချိန်၌ မည်သည့်နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့အားလုံး လက်ခံယုံကြည်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံ ရေးရန် ကျွန်ုပ်အလွန်စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူအပေါင်းတို့အား တစ်ကြိမ်တည်းနှင့်အပြီး ကိုယ်တော်ပေးအပ်တော်မူသောယုံကြည်ခြင်းတရားအတွက် ခုခံတိုက်ခိုက်ကြလော့ဟူ၍ သင်တို့အား စာရေးတိုက်တွန်းရန် လိုအပ်လာ၏။