Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ပေ 1:7 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 ဘုရားတရား​ကိုင်းရှိုင်းခြင်း​၌ ညီအစ်ကို​မောင်နှမ​ချစ်ခြင်း​ကို​လည်းကောင်း၊ ညီအစ်ကို​မောင်နှမ​ချစ်ခြင်း​၌ ချစ်ခြင်းမေတ္တာ​ကို​လည်းကောင်း အသီးသီး​ထပ်မံ​ဖြည့်စွက်​ရန် ကြိုးစား​အားထုတ်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ဘု​ရား​ဝတ်​၌​မွေ့​လျော်​ခြင်း​ကို​ညီ​အစ်​ကို စုံ​မက်​ခြင်း​ဖြင့်​လည်း​ကောင်း၊ ညီ​အစ်​ကို​စုံ​မက် ခြင်း​ကို​ချစ်​ခြင်း​မေတ္တာ​ဖြင့်​လည်း​ကောင်း​ထပ် လောင်း​ဖြည့်​စွက်​ပေး​ရန်​အ​စွမ်း​ကုန်​ကြိုး​စား ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ထို ကြည် ညို ခြင်း အ ပေါ် တွင် သင်္ဂ ဟ ဝတ် ကြေ ခြင်း ကိုလည်း ကောင်း၊ သင်္ဂ ဟ ဝတ် ကြေ ခြင်း အ ပေါ် တွင် မေ တ္တာ ရှိ ခြင်း ကို လည်း ကောင်း အ နည်း နည်း အား ဖြင့် လုံ့ လ ထုတ်၍ ထပ် ဆင့် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ထို​မွေ့​လျော်​ခြင်း၌ ညီ​အစ်​ကို​စုံ​မက်​ခြင်း​ကို​လည်း​ကောင်း၊ ညီ​အစ်​ကို​စုံ​မက်​ခြင်း၌ ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း၊ အ​လွန်​ကြိုး​စား​အား​ထုတ်၍ ထပ်​ဆင့်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၌ ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​ကို​လည်းကောင်း၊ ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​၌ ချစ်​ခြင်း​မေတ္တာ​ကို​လည်းကောင်း လုံ့လ​ဝီရိယ​ရှိသမျှ​ဖြင့် ထပ်ဆင့်​ဖြည့်စွက်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ပေ 1:7
15 ပူးပေါင်းရင်းမြစ်များ  

ညီအစ်ကို​မောင်နှမ​ကဲ့သို့ အချင်းချင်း ဆက်​၍ ချစ်ကြလော့။


တစ်ဦး​ကို တစ်ဦး ညီအစ်ကို​မောင်နှမ​မေတ္တာ​ဖြင့် ချစ်ကြလော့။ တစ်ဦး​ကို​တစ်ဦး ဦးစားပေး​၍ ချီးမြှောက်ကြလော့။


ကျွန်ုပ်တို့​၏ မေတ္တာ​သည် သင်တို့​အပေါ်​တွင် ပွားများ​သကဲ့သို့ သင်တို့​၏ မေတ္တာ​သည်လည်း သင်တို့​အချင်းချင်း​နှင့် လူတိုင်း​အပေါ်​တွင် ပို၍ ပွားများ​ရန် သခင်ဘုရား ပြုတော်မူပါစေသော။


ထို့ကြောင့် ကျွန်ုပ်တို့​သည် အခွင့်သာ​တိုင်း လူအပေါင်းတို့​အပေါ်၊ အထူး​သဖြင့် ယုံကြည်သူ​မိသားစုတို့​အပေါ် ကောင်းမှု​ပြုကြစို့။


“ဘုရားသခင်​ကို ချစ်သော​သူ​သည် ညီအစ်ကို​မောင်နှမ​ကိုလည်း ချစ်ရမည်” ဟူသည့် ပညတ်တော်​ကို ကိုယ်တော်​သည် ကျွန်ုပ်တို့​အား ပေးတော်မူ၏။


ယေရှု​ခရစ်တော်​သည် ကျွန်ုပ်တို့​အတွက် မိမိ​အသက်​ကို စွန့်တော်မူသည့်​အမှု​ကို ထောက်​၍ မေတ္တာ​အကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။ ကျွန်ုပ်တို့​သည်လည်း မိမိ​ညီအစ်ကို​မောင်နှမ​ချင်း​အတွက် အသက်​ကို စွန့်​သင့်၏။


ကျွန်ုပ်တို့​သည် အချင်းချင်း​ချစ်​သောကြောင့် သေခြင်း​မှ အသက်ရှင်ခြင်း​သို့ ကူးပြောင်းသည်​ကို ကျွန်ုပ်တို့​သိကြ၏။ မိမိ​ညီအစ်ကို​ကို မချစ်သောသူ​သည် သေခြင်း​၌ပင် ရှိနေ​သေး၏။


လူတိုင်း​ကို​လေးစားကြလော့။ ယုံကြည်သူ​ညီအစ်ကို​မောင်နှမတို့​ကို ချစ်ကြလော့။ ဘုရားသခင်​ကို ကြောက်ရွံ့ကြလော့။ ရှင်ဘုရင်​ကို ရိုသေကြလော့။


သင်တို့​သည် သမ္မာတရား​ကို နာခံခြင်း​ဖြင့် မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေပြီ​ဖြစ်​၍ သင်တို့​၏​ညီအစ်ကို​မောင်နှမများ​ကို စိတ်ရင်း​အမှန်​ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​အကြွင်းမဲ့​ချစ်ကြလော့။


အထက်ပါ အကျင့်သီလ​များ အပေါ်​တွင် ချစ်ခြင်းမေတ္တာ​ကို ဝတ်ဆင်ကြလော့။ ထို​ချစ်ခြင်းမေတ္တာ​သည် သင်တို့​အားလုံး​ကို စည်းလုံး​အောင် စုစည်း​နှောင်ဖွဲ့ပေး၏။


အချုပ်​ဆိုရ​လျှင် သင်တို့​အားလုံး တစ်စိတ်တစ်ဝမ်းတည်း​ရှိကြလော့။ စာနာစိတ်​ထား​၍ တစ်ဦး​ကို​တစ်ဦး ညီအစ်ကို​မောင်နှမ​သဖွယ် ချစ်ကြလော့။ သနားကြင်နာ​စိတ်​ထား​၍ နှိမ့်ချကြလော့။


အဆိုး​ကို အဆိုး​ဖြင့် မတုံ့ပြန်ကြနှင့်။ အချင်းချင်း​အတွက်​ဖြစ်စေ၊ လူ​တိုင်း​အတွက်​ဖြစ်စေ အကျိုး​ရှိသော​အရာများ​ကို အမြဲ​ကြိုးစား​လုပ်ဆောင်ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ