Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 4:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 “ဘုရားသခင်​ကို ချစ်သော​သူ​သည် ညီအစ်ကို​မောင်နှမ​ကိုလည်း ချစ်ရမည်” ဟူသည့် ပညတ်တော်​ကို ကိုယ်တော်​သည် ကျွန်ုပ်တို့​အား ပေးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ငါ​တို့​အား​ခ​ရစ်​တော်​ပေး​တော်​မူ​သော​ပ​ညတ် တော်​ကား``ဘု​ရား​သ​ခင်​ကို​ချစ်​သော​သူ​သည် ညီ​အစ်​ကို​ကို​လည်း​ချစ်​ရ​မည်'' ဟူ​၍​ဖြစ် သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ကိုယ် တော့် ထံ မှ ငါ တို့ ရ ရှိ သော ပ ညတ် တော် မှာ ဘု ရား သ ခင် ကို ချစ် သူ သည် ညီ အစ် ကို ချင်း ကို လည်း ချစ် ရ မည် ဟူ၍ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​သည် မိ​မိ​ညီ​အစ်​ကို​ကို ချစ်​ရ​မည်​ဟူ​သော ပ​ညတ်​တော်​ကို ငါ​တို့​သည် ခ​ရစ်​တော်​ထံ၌ ခံ​ရ​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 “ဘုရားသခင်​ကို​ချစ်​သော​သူ​သည် မိမိ​ညီအစ်ကို​ကို​လည်း ချစ်​ရ​မည်”​ဟူသော ဤ​ပညတ်​တော်​ကို ကိုယ်တော်​ထံမှ ငါ​တို့​ရရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 4:21
20 ပူးပေါင်းရင်းမြစ်များ  

‘ကိုယ်​နှင့်​သက်ဆိုင်သော​သူ​ကို ကိုယ်​နှင့်​အမျှ ချစ်လော့။ ရန်သူ​ကို မုန်းလော့’ ဟူသည့် ပညတ်တော်​ကို သင်တို့​ကြားရပြီ။


ကျမ်းတတ်​ပညာရှင်​က “လူနာ​အား သနားကြင်နာ​၍ ပြုစုစောင့်ရှောက်သော​သူ ဖြစ်ပါ၏” ဟု လျှောက်၏။ ထိုအခါ ယေရှု​က “သင် သွား​၍ ထို​နည်းတူ​ပြုလော့” ဟု မိန့်တော်မူ၏။


ငါ့​ပညတ်​မှာ ငါ​သည် သင်တို့​ကို ချစ်​သကဲ့သို့ သင်တို့​သည် အချင်းချင်း​ချစ်ကြလော့။


အဘယ်ကြောင့်ဆိုသော် “ကိုယ်​နှင့် သက်ဆိုင်သော​သူ​ကို ကိုယ်​နှင့်​အမျှ ချစ်လော့” ဟူသည့် ပညတ်​ကို လိုက်နာ​လျှင် ပညတ်တရား​အားလုံး​ကို လိုက်နာရာ​ရောက်​သောကြောင့် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် ယေရှု​ခရစ်တော်​ကို ယုံကြည်​လျှင် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူပြီးသည်​ဖြစ်စေ၊ မခံယူဘဲနေသည်​ဖြစ်စေ အရေးမကြီး​သောကြောင့်​ဖြစ်၏။ အရေးကြီးသည့်​အချက်​မှာ ကျွန်ုပ်တို့​သည် ခရစ်တော်​ကို ယုံကြည်ခြင်း​ဖြစ်ပြီး သူတစ်ပါး​အပေါ် မေတ္တာထားခြင်း​ဖြင့် ထိုသို့​ယုံကြည်ကြောင်း ပေါ်လွင်​ရန် ဖြစ်၏။


အချင်းချင်း ချစ်ကြ​ရန် သင်တို့​ကို ဘုရားသခင်​ကိုယ်တိုင် သွန်သင်တော်မူခဲ့​သောကြောင့် ယခု​တွင် သင်တို့​အချင်းချင်း ချစ်ကြရမည့်​အကြောင်း​ကို သင်တို့​ထံ စာရေး​ရန် မလိုပေ။


အချုပ်​ဆိုရ​လျှင် သင်တို့​အားလုံး တစ်စိတ်တစ်ဝမ်းတည်း​ရှိကြလော့။ စာနာစိတ်​ထား​၍ တစ်ဦး​ကို​တစ်ဦး ညီအစ်ကို​မောင်နှမ​သဖွယ် ချစ်ကြလော့။ သနားကြင်နာ​စိတ်​ထား​၍ နှိမ့်ချကြလော့။


အရေးကြီးဆုံး​အရာ​မှာ အချင်းချင်း​နှစ်နှစ်ကာကာ ချစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ချစ်ခြင်းမေတ္တာ​သည် အပြစ်​များစွာ​ကို ဖုံးအုပ်တတ်​သောကြောင့်​ဖြစ်၏။


ချစ်ရသော​သူတို့… သင်တို့​ထံ ကျွန်ုပ်​ရေးပို့လိုက်သော ပညတ်​သည် ပညတ်သစ်​မဟုတ်။ အစဦး​ကပင် သင်တို့​၌ ရှိသော ပညတ်ဟောင်း​ဖြစ်၏။ ဤ​ပညတ်ဟောင်း​သည် သင်တို့​ကြားခဲ့ပြီးသော တရားတော်​ဖြစ်၏။


“ကျွန်ုပ်တို့​အချင်းချင်း ချစ်ကြရမည်” ဟူသော ဤ​တရားစကား​သည် အစဦး​ကပင် သင်တို့ ကြားခဲ့ရသော​အရာ ဖြစ်၏။


ကျွန်ုပ်တို့​သည် အချင်းချင်း​ချစ်​သောကြောင့် သေခြင်း​မှ အသက်ရှင်ခြင်း​သို့ ကူးပြောင်းသည်​ကို ကျွန်ုပ်တို့​သိကြ၏။ မိမိ​ညီအစ်ကို​ကို မချစ်သောသူ​သည် သေခြင်း​၌ပင် ရှိနေ​သေး၏။


သားသမီးတို့… ကျွန်ုပ်တို့​သည် အပြော​နှင့်သာ မချစ်ဘဲ လက်တွေ့၊ အမှန်​ချစ်ကြပါစို့။


ဘုရားသခင် ပညတ်တော်မူသည်​မှာ သားတော်​ယေရှု​ခရစ်တော်​၏ နာမတော်​ကို ယုံကြည်​၍ ကျွန်ုပ်တို့​ကို ပညတ်တော်မူသည့်​အတိုင်း အချင်းချင်း ချစ်ကြ​ရန် ဖြစ်၏။


ချစ်ရသော​သူတို့… ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ဤ​မျှလောက် ချစ်​သောကြောင့် ကျွန်ုပ်တို့​သည်လည်း အချင်းချင်း ချစ်ကြရမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ