ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ” ဟု မိန့်တော်မူ၏။
၁ ယော 4:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ ဘုရားသခင်ကို သိသောသူတိုင်းသည် ကျွန်ုပ်တို့စကားကို နားထောင်တတ်၏။ ဘုရားသခင်၏သားသမီး မဟုတ်သောသူသည် ကျွန်ုပ်တို့စကားကို နားမထောင်တတ်။ ဤသည်မှာ ကျွန်ုပ်တို့သည် သမ္မာတရား၏ဝိညာဉ်တော်နှင့် မိစ္ဆာဝိညာဉ်ကို ခွဲခြား၍ သိရခြင်းဖြစ်၏။ Common Language Bible သို့ရာတွင်ငါတို့သည်ဘုရားသခင်၏ဘက် တော်သားများဖြစ်ကြ၏။ ဘုရားသခင်ကိုသိ သောသူသည်ငါတို့စကားကိုနားထောင်တတ်၏။ ဘုရားသခင်၏ဘက်တော်သားမဟုတ်သူမူ ကားငါတို့စကားကိုနားမထောင်တတ်။ ဤ သို့လျှင်ငါတို့သည်သမ္မာဝိညာဉ်နှင့်မိစ္ဆာ ဝိညာဉ်ကိုခွဲခြား၍သိရှိနိုင်ကြ၏။ Garrad Bible ငါ တို့ မူ ကား ဘု ရား သ ခင် ဘက် တော် သား ဖြစ် သ ဖြင့် ဘု ရား သ ခင် နှင့် ကျွမ်း ဝင် သူ သည် နာ ယူ တတ်၏။ ဘု ရား သ ခင့် ဘက် တော် သား မ ဟုတ် သူ သည် မ နာ မ ယူ တတ်။ ထို သို့ သော အား ဖြင့် သ မ္မာ ဝိ ညာဉ် နှင့် မိ စ္ဆာ ဝိ ညာဉ် ကို ငါ တို့ သိ ရ ကြ၏။ Judson Bible ငါတို့မူကား၊ ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကို နားထောင်တတ်၏။ ဘုရားသခင်နှင့် မစပ်ဆိုင်သောသူသည် ငါတို့စကားကို နားမထောင်တတ်။ ထိုအရာကို ငါတို့သည်ထောက်၍၊ သမ္မာဝိညာဉ်ကိုလည်းကောင်း၊ မိစ္ဆာဝိညာဉ်ကိုလည်းကောင်း သိရကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သူများဖြစ်ကြ၏။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကိုနားထောင်တတ်၏။ ဘုရားသခင်နှင့်မစပ်ဆိုင်သောသူသည် ငါတို့စကားကိုနားမထောင်တတ်။ ဤသို့သောအားဖြင့် ငါတို့သည် သမ္မာတရား၏ဝိညာဉ်နှင့် မှားယွင်းခြင်း၏ဝိညာဉ်ကို သိရကြ၏။ |
ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ” ဟု မိန့်တော်မူ၏။
ဤသိုးခြံမှ မဟုတ်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်လာရမည်။ ထိုသိုးတို့သည် ငါ့စကားသံကို နားထောင်ကြလိမ့်မည်။ သို့ဖြစ်၍ သိုးတစ်အုပ်တည်းနှင့် သိုးထိန်းတစ်ပါးတည်း ဖြစ်လာလိမ့်မည်။
ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုလည်း ငါသိ၏။
တံခါးစောင့်သည် ထိုသူကို တံခါးဖွင့်ပေးတတ်၏။ သိုးတို့သည်လည်း သူ၏ အသံကို မှတ်မိ၍ သူ့ထံသို့ လာကြ၏။ သူသည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ထုတ်ဆောင်သွားတတ်၏။
သင်တို့အား ငါအမှန်ဆို၏။ ငါ၏ အစေလွှတ်ခံကို လက်ခံကြိုဆိုသောသူသည် ငါ့ကို လက်ခံကြိုဆို၏။ ငါ့ကို လက်ခံကြိုဆိုသောသူသည်လည်း ငါ့ကို စေလွှတ်သော ခမည်းတော်ကို လက်ခံကြိုဆို၏” ဟု မိန့်တော်မူ၏။
ထိုအရှင်သည် သမ္မာတရားကို ဖော်ပြသည့်သန့်ရှင်းသောဝိညာဉ်တော် ဖြစ်၏။ လောကီသားတို့သည် ထိုဝိညာဉ်တော်ကို မြင်လည်းမမြင်၊ သိလည်းမသိသောကြောင့် မခံယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူ တည်နေသည်သာမက သင်တို့အထဲ၌ ရှိနေမည်ဖြစ်သောကြောင့် ထိုအရှင်ကို သင်တို့သိကြ၏။
သို့သော် ငါသည် သမ္မာတရားကို ဖော်ပြသည့် ကူညီမစတော်မူသောအရှင် သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့ထံ စေလွှတ်မည်။ ထိုဝိညာဉ်တော်သည် ခမည်းတော်ထံမှ ကြွလာ၍ ငါ၏အကြောင်းမှန်သမျှကို သက်သေခံလိမ့်မည်။
သမ္မာတရားကို ဖော်ပြသည့်ဝိညာဉ်တော် ကြွလာတော်မူသောအခါ သင်တို့အား သမ္မာတရားအလုံးစုံကို သွန်သင်ပြသတော်မူလိမ့်မည်။ ထိုဝိညာဉ်တော်သည် မိမိအလိုအလျောက် ဟောပြောတော်မူမည်မဟုတ်။ မိမိကြားသိရသည့် အကြောင်းအရာတို့ကို သင်တို့အား ဟောပြောတော်မူလိမ့်မည်။ အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကိုလည်း ဖော်ပြတော်မူလိမ့်မည်။
ပိလတ်မင်းက “ဤသို့ ဆိုလျှင် သင်သည် ရှင်ဘုရင်လော” ဟု မေးလျှင် ယေရှုက “သင်ဆိုသည့်အတိုင်း ငါသည် ရှင်ဘုရင်ဖြစ်၏။ ငါသည် သမ္မာတရားကို သက်သေခံရန် မွေးဖွားခြင်းကိုခံ၍ ထိုအတွက်ပင် ဤလောကသို့ လာ၏။ သမ္မာတရားကို ချစ်မြတ်နိုးသူတိုင်းသည် ငါ့စကားမှန်ကန်ကြောင်းကို သိကြ၏” ဟု မိန့်တော်မူ၏။
တစ်ဖန်ယေရှုက “ငြိမ်းချမ်းပါစေ။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသကဲ့သို့ ငါသည် သင်တို့ကို စေလွှတ်၏” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
ထိုအခါ သူတို့က “သင်၏ ခမည်းတော်သည် အဘယ်မှာရှိသနည်း” ဟု မေးကြ၏။ ယေရှုက “သင်တို့သည် ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း မသိကြ။ ငါ့ကို သိလျှင် ငါ့ခမည်းတော်ကိုလည်း သင်တို့သိကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှုက “သင်တို့သည် အောက်အရပ်က ဖြစ်ကြ၏။ ငါသည် အထက်အရပ်က ဖြစ်၏။ သင်တို့သည် လောကီသားများဖြစ်ကြ၏။ ငါသည် လောကီသားမဟုတ်။
တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရ၍ ဘုရားသခင်၏ သတင်းကောင်းကို ဟောပြောရန်အတွက် သီးသန့်ခန့်ထားတော်မူခြင်းခံရပြီး ယေရှုခရစ်တော်၏ အစေအပါးဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ကျမ်းစာ၌ “ဘုရားသခင်သည် သူတို့၏ စိတ်ကို ထိုင်းမှိုင်းစေတော်မူ၏။ ယနေ့ထိတိုင် သူတို့၏ မျက်စိကို မမြင်စေရန်၊ သူတို့၏ နားကို မကြားစေရန် ဘုရားသခင် ပြုတော်မူ၏” ဟု ရေးသားထား၏။
တစ်စုံတစ်ယောက်သည် မိမိကိုယ်ကိုယ် ပရောဖက်ဖြစ်သည် သို့မဟုတ် ဝိညာဉ်ဆုကျေးဇူးရရှိသူဖြစ်သည်ဟု ယူဆလျှင် သင်တို့ထံသို့ ကျွန်ုပ်ရေးလိုက်သော အကြောင်းအရာတို့သည် သခင်ဘုရား၏ ပညတ်တော်ဖြစ်ကြောင်း သိမှတ်ရမည်။
မျက်စိရှေ့၌ ရှိသောအရာကိုသာ ကြည့်ကြလော့။ တစ်စုံတစ်ယောက်က သူသည် ခရစ်တော်၏လူဖြစ်ကြောင်း ယုံကြည်စိတ်ချလျှင် ကျွန်ုပ်တို့သည်လည်း ထိုသူကဲ့သို့ပင် ခရစ်တော်၏လူများဖြစ်ကြောင်းကို သူသည် ပြန်လည်ဆင်ခြင်ပါစေ။
ဘုရားသခင်ကို မသိသောသူတို့နှင့် ကျွန်ုပ်တို့သခင်ယေရှု၏ သတင်းကောင်းကို မလိုက်နာသောသူတို့ကို စီရင်တော်မူလိမ့်မည်။
နောက်ဆုံးသောနေ့ရက်များ၌ လူတချို့သည် မိမိတို့၏ ယုံကြည်ခြင်းတရားကို စွန့်၍ လူကို လှည့်စားသောဝိညာဉ်ဆိုးများနှင့် နတ်ဆိုးများ၏ သွန်သင်မှုကို ခံယူကြလိမ့်မည်ဟု ဝိညာဉ်တော်သည် ရှင်းလင်းစွာ မိန့်တော်မူ၏။
သန့်ရှင်းသောပရောဖက်များ ယခင်က ဟောပြောခဲ့သောစကားများနှင့် သင်တို့၏ တမန်တော်များအားဖြင့် ကျွန်ုပ်တို့၏သခင်နှင့် ကယ်တင်ရှင် ဖြစ်တော်မူသောအရှင်၏ ပညတ်တော်တို့ကို သင်တို့အား သတိရစေလို၏။
ချစ်ရသောသူတို့… ဝိညာဉ်တော်အားဖြင့် ဟောပြောသည်ဟု ပြောဆိုသူတိုင်းကို မယုံကြနှင့်။ ထိုဝိညာဉ်တို့သည် ဘုရားသခင်ထံမှ လာသောဝိညာဉ်တော်ဟုတ်မဟုတ်ကို စမ်းသပ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ပရောဖက်အတုအယောင်များစွာတို့သည် ဤလောက၌ ပေါ်လာကြသောကြောင့်ဖြစ်၏။
သားသမီးတို့… သင်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်၍ ထိုသူတို့ကို အောင်နိုင်ကြပြီ။ အဘယ်ကြောင့်ဆိုသော် သင်တို့ထဲ၌ ကိန်းအောင်းသောဝိညာဉ်တော်သည် လောကီသားတို့ထဲ၌ ကိန်းအောင်းသောဝိညာဉ်ထက် ပို၍ ကြီးမြတ်သောကြောင့် ဖြစ်၏။
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသောကြောင့် မချစ်တတ်သောသူသည် ဘုရားသခင်ကို မသိ။
ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်းနှင့် လောကီသားအပေါင်းတို့သည် မာရ်နတ်၏ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ကျွန်ုပ်တို့သိကြ၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်၏ တမန်တော်များ ကြိုတင်ဟောပြောခဲ့သောစကားများကို သတိရကြလော့။