၁ ယော 4:6 - မြန်မာ့စံမီသမ္မာကျမ်း6 ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သူများဖြစ်ကြ၏။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကိုနားထောင်တတ်၏။ ဘုရားသခင်နှင့်မစပ်ဆိုင်သောသူသည် ငါတို့စကားကိုနားမထောင်တတ်။ ဤသို့သောအားဖြင့် ငါတို့သည် သမ္မာတရား၏ဝိညာဉ်နှင့် မှားယွင်းခြင်း၏ဝိညာဉ်ကို သိရကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 သို့ရာတွင်ငါတို့သည်ဘုရားသခင်၏ဘက် တော်သားများဖြစ်ကြ၏။ ဘုရားသခင်ကိုသိ သောသူသည်ငါတို့စကားကိုနားထောင်တတ်၏။ ဘုရားသခင်၏ဘက်တော်သားမဟုတ်သူမူ ကားငါတို့စကားကိုနားမထောင်တတ်။ ဤ သို့လျှင်ငါတို့သည်သမ္မာဝိညာဉ်နှင့်မိစ္ဆာ ဝိညာဉ်ကိုခွဲခြား၍သိရှိနိုင်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible6 ငါ တို့ မူ ကား ဘု ရား သ ခင် ဘက် တော် သား ဖြစ် သ ဖြင့် ဘု ရား သ ခင် နှင့် ကျွမ်း ဝင် သူ သည် နာ ယူ တတ်၏။ ဘု ရား သ ခင့် ဘက် တော် သား မ ဟုတ် သူ သည် မ နာ မ ယူ တတ်။ ထို သို့ သော အား ဖြင့် သ မ္မာ ဝိ ညာဉ် နှင့် မိ စ္ဆာ ဝိ ညာဉ် ကို ငါ တို့ သိ ရ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible6 ငါတို့မူကား၊ ဘုရားသခင်နှင့်စပ်ဆိုင်ကြ၏။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကို နားထောင်တတ်၏။ ဘုရားသခင်နှင့် မစပ်ဆိုင်သောသူသည် ငါတို့စကားကို နားမထောင်တတ်။ ထိုအရာကို ငါတို့သည်ထောက်၍၊ သမ္မာဝိညာဉ်ကိုလည်းကောင်း၊ မိစ္ဆာဝိညာဉ်ကိုလည်းကောင်း သိရကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း6 ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ ဘုရားသခင်ကို သိသောသူတိုင်းသည် ကျွန်ုပ်တို့စကားကို နားထောင်တတ်၏။ ဘုရားသခင်၏သားသမီး မဟုတ်သောသူသည် ကျွန်ုပ်တို့စကားကို နားမထောင်တတ်။ ဤသည်မှာ ကျွန်ုပ်တို့သည် သမ္မာတရား၏ဝိညာဉ်တော်နှင့် မိစ္ဆာဝိညာဉ်ကို ခွဲခြား၍ သိရခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင် သမ္မာတရား၏ဝိညာဉ်တော်ရောက်လာသောအခါ သမ္မာတရားအလုံးစုံထဲသို့ သင်တို့ကို လမ်းပြပို့ဆောင်တော်မူလိမ့်မည်။ အကြောင်းမူကား ထိုဝိညာဉ်တော်သည် မိမိဆန္ဒအလျောက် မြွက်ဆိုတော်မမူဘဲ ကြားရသမျှတို့ကို မြွက်ဆိုတော်မူ၍ နောင်ဖြစ်လာမည့်အရာတို့ကို သင်တို့အား ဖော်ပြတော်မူလိမ့်မည်။
ထို့ကြောင့် ပိလတ်မင်းက “သို့ဖြစ်လျှင် သင်သည် ဘုရင်ပေလော”ဟု ဆိုလျှင် ယေရှုက“သင်ဆိုသည့်အတိုင်း ငါသည်ဘုရင်ပေတည်း။ ငါသည် သမ္မာတရားဘက်၌သက်သေခံရန် မွေးဖွားခြင်းကိုခံ၍ ထိုအတွက်ပင် ဤလောကသို့ကြွလာ၏။ သမ္မာတရားနှင့်စပ်ဆိုင်သောသူတိုင်း ငါ့အသံကိုနားထောင်၏”ဟု ပြန်၍မိန့်တော်မူ၏။