သို့ဖြစ်၍ လူတို့ရှေ့တွင် ငါ့ကို ထုတ်ဖော်ဝန်ခံသူ ရှိသမျှတို့ကို ငါသည်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်ရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။
၁ ယော 4:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်စုံတစ်ယောက်က ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို ဝန်ခံလျှင် ဘုရားသခင်သည် ထိုသူနှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၍ သူသည်လည်း ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်၏။ Common Language Bible သခင်ယေရှုသည်ဘုရားသခင်၏သားတော် ဖြစ်ကြောင်းဝန်ခံသောသူသည် ဘုရားသခင် နှင့်တစ်လုံးတစ်ဝတည်းရှိ၏။ ဘုရားသခင် သည်လည်းသူနှင့်တစ်လုံးတစ်ဝတည်းရှိ တော်မူ၏။- Garrad Bible ယေ ရှု ကို ဘု ရား သ ခင့် သား တော် ဖြစ် ကြောင်း ဝန် ခံ သူ၌ ဘု ရား သ ခင် တည် တော် မူ လျက် ထို သူ လည်း ဘု ရား သ ခင်၌ တည် သည့် အ လျောက်၊ Judson Bible ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို ဝန်ခံသောသူမည်သည်ကား၊ ဘုရားသခင်၌ တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း မည်သူမဆို ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းဝန်ခံလျှင် ဘုရားသခင်သည် ထိုသူ၌တည်တော်မူ၍ ထိုသူသည်လည်း ဘုရားသခင်၌တည်၏။ |
သို့ဖြစ်၍ လူတို့ရှေ့တွင် ငါ့ကို ထုတ်ဖော်ဝန်ခံသူ ရှိသမျှတို့ကို ငါသည်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်ရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။
သင်တို့အား ငါပြောမည်။ လူတို့ရှေ့တွင် ငါ့ကို ထုတ်ဖော်ဝန်ခံသူ ရှိသမျှတို့အား လူသားသည်လည်း ဘုရားသခင်၏ကောင်းကင်တမန်များရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။
ငါ့အသားကို စား၍ ငါ့အသွေးကို သောက်သောသူသည် ငါ့အထဲ၌တည်ရှိ၏။ ငါသည်လည်း ထိုသူ့အထဲ၌တည်ရှိ၏။
ဖိလိပ္ပုက “သင့်စိတ်နှလုံးထဲမှ အကြွင်းမဲ့ ယုံကြည်ပါက ခံယူနိုင်ပါသည်” ဟု ဖြေလေ၏။ အမတ်က “ယေရှုခရစ်သည် ဘုရားသားတော်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်ပါသည်” ဟု ဆိုလေ၏။
သင်သည် ယေရှုကို အရှင်သခင်ဖြစ်ကြောင်း နှုတ်ဖြင့် ဝန်ခံ၍ ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းမှ ထမြောက်စေတော်မူကြောင်းကို စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းခံရလိမ့်မည်။
“ယေရှုခရစ်တော်သည် သခင်ဖြစ်တော်မူသည်” ဟု နှုတ်ဖြင့် ဝန်ခံလျက် ခမည်းတော်ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားကြစေရန် ဖြစ်၏။
သားတော်ကို ငြင်းပယ်သူသည် ခမည်းတော်ကို မသိကျွမ်း။ သားတော်ကို ဝန်ခံသူသည် ခမည်းတော်ကို သိကျွမ်း၏။
ထို့ကြောင့် အစဦးကပင် ကြားခဲ့ရသော အရာကို သင်တို့၌ တည်စေကြလော့။ ထိုသို့တည်လျှင် သင်တို့သည် သားတော်၌လည်းကောင်း၊ ခမည်းတော်၌လည်းကောင်း တည်နေလိမ့်မည်။
ဘုရားသခင် ပညတ်တော်မူသည်မှာ သားတော်ယေရှုခရစ်တော်၏ နာမတော်ကို ယုံကြည်၍ ကျွန်ုပ်တို့ကို ပညတ်တော်မူသည့်အတိုင်း အချင်းချင်း ချစ်ကြရန် ဖြစ်၏။
ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာသောသူတို့သည် ကိုယ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူကြောင်းကို ကျွန်ုပ်တို့အတွက် ပေးတော်မူသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့သိကြ၏။
ဘုရားသခင်ကို မည်သူမျှ မမြင်ဖူး။ သို့သော် ကျွန်ုပ်တို့သည် အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၍ ချစ်ခြင်းမေတ္တာတော်သည် ကျွန်ုပ်တို့၌ ပြည့်စုံလျက်ရှိပြီ။
ယေရှုခရစ်တော်သည် လူသားအဖြစ် ကြွလာကြောင်းကို ဝန်ခံသောဝိညာဉ်တိုင်းသည် ဘုရားသခင်ထံမှ လာသောဝိညာဉ်တော်ဖြစ်၏။ ဤနည်းဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကျွန်ုပ်တို့သိနိုင်ကြ၏။
ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကို ယုံကြည်သောသူတိုင်းသည် ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူဖြစ်ပြီး အဖဘုရားသခင်ကိုချစ်သောသူတိုင်းသည် အဖဘုရားသခင်၏သားသမီးများကိုလည်း ချစ်တတ်၏။
လောကကို အောင်နိုင်သူမှာ မည်သူနည်း။ ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ယုံကြည်သူသာလျှင်ဖြစ်၏။
ယေရှုခရစ်တော်သည် လူသားအဖြစ် ကြွလာတော်မူသည်ကို ဝန်မခံသောလှည့်ဖြားသူများစွာသည် ဤလောက၌ ပေါ်လာသဖြင့် ဤအကြောင်းအရာကို ကျွန်ုပ်ပြောရခြင်းဖြစ်၏။ ထိုသို့သောသူသည် လှည့်ဖြားသူဖြစ်၏။ ခရစ်တော်၏ရန်သူလည်း ဖြစ်၏။