ထို့နောက် မာရ်နတ်၏ ဖြားယောင်းသွေးဆောင်ခြင်းကို ခံတော်မူစေရန် ဝိညာဉ်တော်သည် ယေရှုကို တောကန္တာရသို့ ပို့ဆောင်တော်မူ၏။
၁ တိ 3:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ သူတို့၏ ဇနီးတို့သည်လည်း ကိုယ်ကျင့်တရားကောင်းသူများဖြစ်ရမည်။ အတင်းအဖျင်းမပြောသူ၊ ကိုယ်ကျင့်တရားစောင့်ထိန်းသူ၊ အရာရာ၌ ယုံကြည်စိတ်ချရသူ ဖြစ်ရမည်။ Common Language Bible သူတို့၏ဇနီးများသည်လည်းစာရိတ္တကောင်း မွန်သူများဖြစ်ရမည်။ အတင်းပြောဆိုတတ် သူများမဖြစ်စေရ။ ဣန္ဒြေရှိသူ၊ အရာရာ၌ ရိုးသားဖြောင့်မတ်သူများဖြစ်ရကြမည်။- Garrad Bible ထို နည်း တူ မိန်း မ တို့ လည်း ရို သေ ဖွယ် သူ၊ ကုန်း မ ချော သူ၊ သ တိ ရှိ သူ၊ အ ရာ ရာ တွင် သ စ္စာ စောင့် သူ ဖြစ် ရ မည်။ Judson Bible ထိုနည်းတူ၊ မိန်းမတို့သည် တည်ကြည်သောသူ ဖြစ်ရမည်။ ချောစားတတ်သောသူ မဟုတ်။ သမ္မာသတိရှိသောသူ၊ အရာရာ၌ သစ္စာရှိသောသူ ဖြစ်ရကြမည်။- မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ ဇနီးသည်တို့သည်လည်း တည်ကြည်လေးနက်သောသူများဖြစ်ရမည်။ ကုန်းချောတတ်သောသူမဟုတ်ဘဲ သမ္မာသတိရှိသောသူ၊ ခပ်သိမ်းသောအရာတို့၌ သစ္စာရှိသောသူများဖြစ်ရမည်။ |
ထို့နောက် မာရ်နတ်၏ ဖြားယောင်းသွေးဆောင်ခြင်းကို ခံတော်မူစေရန် ဝိညာဉ်တော်သည် ယေရှုကို တောကန္တာရသို့ ပို့ဆောင်တော်မူ၏။
ထိုအခါ ယေရှုက “သင်တို့ ဆယ့်နှစ်ဦးကို ငါရွေးချယ်ခဲ့ပြီ။ သို့ရာတွင် သင်တို့အနက် တစ်ဦးသည် မာရ်နတ်ဖြစ်၏” ဟု မိန့်တော်မူ၏။
သူတို့၏ဘဝသည် ဆိုးယုတ်ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘကြီးခြင်း၊ မုန်းတီးခြင်း၊ မနာလိုခြင်း၊ သတ်ဖြတ်ခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ အငြိုးထားခြင်းနှင့် အတင်းအဖျင်းပြောခြင်း စသည့် အပြစ်အမျိုးမျိုးတို့ဖြင့် ပြည့်လျက်ရှိ၏။
ကျွန်ုပ်ကို ခွန်အားပေးတော်မူသော ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်သည် ကျွန်ုပ်ကို ယုံကြည်ထိုက်သူဟု မှတ်ယူကာ အမှုတော်ကို ဆောင်ရွက်ရန် ခန့်အပ်ထားသောကြောင့် ထိုသခင်ကို ကျွန်ုပ်ကျေးဇူးတင်၏။
သင်းအုပ်သည် အပြစ်ဆိုဖွယ်မရှိသူ၊ မယားတစ်ယောက်တည်းရှိသူ၊ ကိုယ်ကျင့်တရားစောင့်ထိန်းသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ လေးစားထိုက်သူ၊ ဧည့်ဝတ်ကျေသူ၊ သင်ပြတတ်သူ ဖြစ်ရမည်။
မိမိသခင်သည် ယုံကြည်သောသူဖြစ်လျှင် ယုံကြည်သူချင်းပင် ဖြစ်သည်ဟု မှတ်ယူလျက် မထီလေးစား မပြုစေနှင့်။ ထိုအစား ကျွန်က မိမိအစေခံသောသူမှာ ချစ်ခင်ရသည့် ယုံကြည်သူပင် ဖြစ်သောကြောင့် ပို၍ ကောင်းစွာ အစေခံရမည်။ သင်သည် ဤအရာများကို အလေးထားသွန်သင်၍ တိုက်တွန်းလော့။
သနားကြင်နာစိတ်မရှိသူ၊ မသင့်မြတ်လိုသူ၊ အတင်းအဖျင်းပြောသူ၊ စိတ်အလိုလိုက်သူ၊ ရက်စက်ကြမ်းကြုတ်သူ၊ ကောင်းမှုကို မုန်းသူ၊
သို့သော်လည်း သင်သည် အရာရာ၌ သတိရှိလော့။ ဆင်းရဲဒုက္ခကို သည်းခံ၍ သတင်းကောင်းဟောပြောသူတစ်ဦး ဆောင်ရွက်ရမည့် အမှုကို ပြုလျက် အမှုတော်ကို အပြည့်အဝဆောင်ရွက်လော့။
ထိုနည်းတူ အသက်ကြီးသောအမျိုးသမီးတို့အား ဘုရားတရားကြည်ညို၍ အတင်းအဖျင်းမပြောသူ၊ သေရည်သေရက်သောက်ကြူးသူ မဖြစ်ဘဲ ကောင်းသောအရာများကို သင်ပေးတတ်သူ ဖြစ်ရန် အကြံပေးလော့။
သူတို့သည် မည်သူ့ကိုမျှ စော်ကားပြောဆိုခြင်း၊ ရန်တွေ့ခြင်း မပြုဘဲ လူတိုင်းအပေါ် ထောက်ထားညှာတာသော စိတ်နှင့် နူးညံ့သိမ်မွေ့စွာ ဆက်ဆံရမည်။
မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိနှင့် စောင့်ကြလော့။ သင်တို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟိန်းဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။