ဤမုဆိုးမသည် ငါ့ကို နှောင့်ယှက်သောကြောင့် သူ့အတွက် တရားမျှတစွာ စီရင်ပေးမည်။ သို့မဟုတ်လျှင် သူသည် အဆက်မပြတ်လာ၍ ငါ့ကိုစိတ်ပင်ပန်းစေမည်’ ဟု တွေးတောလေ၏” ဟု မိန့်တော်မူ၏။
၁ ကော 9:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတစ်ပါးကို ဟောပြောပြီးမှ မိမိကိုယ်တိုင်က အရည်အချင်းမပြည့်မီဘဲနေမည်ကို ကျွန်ုပ်စိုးရွံ့သောကြောင့် ကျွန်ုပ်သည် အားကစားသမားကဲ့သို့ မိမိကိုယ်ခန္ဓာကို ထိုးနှက်၍ ထိန်းချုပ်၏။ Common Language Bible ငါသည်သူတစ်ပါးတို့အားပြိုင်ပွဲဝင်ရန်ခေါ် ဖိတ်ခဲ့ပြီးနောက် မိမိကိုယ်တိုင်ပြိုင်ပွဲမှအပယ် မခံရစေရန်ငါ၏ကိုယ်ခန္ဓာကိုမာကြောအောင် ထိုးကြိတ်၍ချုပ်ထိန်း၏။ Garrad Bible ကိုယ် တိုင် ထုတ် ပယ် ခံ ရ မည် စိုး ၍ ငါ့ ခ န္ဓာ ကို ထု သတ် လျက် နှိမ် နှင်း တတ် သ တည်း။ Judson Bible သူတစ်ပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူ မဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍ နှိပ်စက်လေ့ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတစ်ပါးကို သွန်သင်ပြီးမှ ငါကိုယ်တိုင်ကျရှုံးသောသူ မဖြစ်စေရန် ငါသည် မိမိကိုယ်ခန္ဓာကို ထိုးနှက်၍ နာခံစေ၏။ |
ဤမုဆိုးမသည် ငါ့ကို နှောင့်ယှက်သောကြောင့် သူ့အတွက် တရားမျှတစွာ စီရင်ပေးမည်။ သို့မဟုတ်လျှင် သူသည် အဆက်မပြတ်လာ၍ ငါ့ကိုစိတ်ပင်ပန်းစေမည်’ ဟု တွေးတောလေ၏” ဟု မိန့်တော်မူ၏။
လူသည် ကမ္ဘာလောကတစ်ခုလုံးကို ပိုင်ဆိုင်ရသော်လည်း မိမိအသက်ကို ဆုံးရှုံးလျှင် မည်သည့်အကျိုး ရှိမည်နည်း။
သင်တို့သည် လူ့ဗီဇစိတ်၏ အလိုအတိုင်း အသက်ရှင်လျှင် သေကြရလိမ့်မည်။ သို့သော် လူ့ဗီဇစိတ်၏ အကျင့်တို့ကို ဝိညာဉ်တော်အားဖြင့် အဆုံးသတ်လျှင်မူ အသက်ရှင်ကြလိမ့်မည်။
ထို့ကြောင့် ရုပ်တုအား ပူဇော်ထားသော အသားကို ကျွန်ုပ်စားသဖြင့် အခြားယုံကြည်သူကို မှားယွင်းစေမည်ဆိုပါက ထိုသို့မမှားယွင်းစေရန် ကျွန်ုပ် အသက်ရှင်သမျှကာလပတ်လုံး အသားကို မစားဘဲနေမည်။ အဘယ်ကြောင့်ဆိုသော် အခြားယုံကြည်သူကို မမှားယွင်းစေလိုသောကြောင့်ဖြစ်၏။
အားကစားသမားတိုင်းသည် လေ့ကျင့်ရာတွင် အရာရာ၌ မိမိကိုယ်ကိုယ် ထိန်းချုပ်ရ၏။ ထိုသူတို့သည် ပျောက်ကွယ်ပျက်စီးမည့် ဆုသရဖူကို ရရန် ထိုသို့ပြုကြ၏။ ကျွန်ုပ်တို့မှာမူ ထာဝရမပျောက်ကွယ်မပျက်စီးမည့် ဆုသရဖူကို ရရန် ထိုသို့ပြုကြ၏။
အလုပ်ကို ခက်ခက်ခဲခဲဖြင့် ပင်ပန်းကြီးစွာလုပ်ကိုင်ရခြင်း၊ မကြာခဏအိပ်ရေးပျက်ခြင်း၊ ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ မကြာခဏအစာပြတ်လပ်ခြင်း၊ အအေးဒဏ်ခံရခြင်း၊ ဝတ်စရာမလုံလောက်ခြင်း စသည်တို့နှင့် ကြုံခဲ့ရ၏။
ထို့ကြောင့် တရားနှင့်မညီသော မေထုန်ပြုခြင်း၊ စက်ဆုပ်ညစ်ညမ်းခြင်း၊ ကိလေသာစိတ် ပြင်းပြခြင်း၊ မကောင်းမှုကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်းဟူသော လောဘလွန်ကြူးခြင်း စသည့် လောကီဆိုင်ရာအကျင့်တို့ကို အဆက်ဖြတ်ကြလော့။
ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်စိတ်ကို ရှောင်ကြဉ်၍ ဖြူစင်သောနှလုံးသားဖြင့် ဘုရားသခင်ကို ဝတ်ပြုဆုတောင်းသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ ရှိရန် အမြဲကြိုးစားလော့။
ချစ်ရသောသူတို့… သင်တို့သည် ခေတ္တတည်းခိုသူဧည့်သည်များဖြစ်သည့်အားလျော်စွာ သင်တို့၏စိတ်ဝိညာဉ်အား ဆန့်ကျင်တိုက်ခိုက်နေသော လူ့ဗီဇစိတ်အလိုကို မလိုက်ရန် ကျွန်ုပ်တိုက်တွန်း၏။
သူတို့သည် လမ်းဖြောင့်မှ သွေဖယ်၍ မတရားမှုမှ ရရှိသောအခကြေးငွေကို နှစ်သက်သည့် ဗော်သော်၏သား ဗာလမ်၏ လမ်းစဉ်ကို လိုက်ကြ၏။