သင်တို့ရရှိသည့် အကျိုးအားဖြင့် ကျွန်ုပ်၏ လူမျိုးတို့ကို သဝန်တိုစိတ်ဖြစ်စေ၍ သူတို့အထဲမှ တချို့ကို ကယ်တင်ရန် ဆန္ဒရှိ၏။
၁ ကော 9:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အားနည်းသောသူတို့နှင့်အတူရှိစဉ်က အားနည်းသောသူတို့ကို ကယ်တင်နိုင်ရန် အားနည်းသောသူဖြစ်လာ၏။ တတ်နိုင်သမျှ လူတချို့ကို ကယ်တင်နိုင်ရန် ထိုသူတို့နှင့် တူသောအချက်ကို ရှာ၍ နေထိုင်၏။ Common Language Bible ငါသည်ယုံကြည်မှုအားနည်းသူတို့အထဲ သို့ရောက်သောအခါ ထိုသူတို့ကိုကယ်တင်နိုင် ရန်ငါသည်ယုံကြည်မှုအားနည်းသူကဲ့သို့ နေထိုင်၏။ အချို့သောသူတို့ကိုတစ်နည်း နည်းအားဖြင့် ကယ်တင်နိုင်ရန်ငါသည်လူ အမျိုးမျိုးအထဲ၌အမျိုးမျိုးနေထိုင်၏။ Garrad Bible နုန့် နဲ့ သူ တို့ ကို ရ ခြင်း ငှာ ထို သူ တို့ ရှေ့ နုန့် နဲ့ သူ အ ဖြစ် နေ လျက် တစ် နည်း နည်း အား ဖြင့် အ ချို့ တို့ ကို ရ ခြင်း ငှာ အ မျိုး မျိုး တို့ ရှေ့ အ မျိုး မျိူး အ ဖြစ် နေ ခဲ့ လေ ပြီ။ Judson Bible အားနည်းသောသူတို့ကို ရခြင်းအလိုငှာ အားနည်းသောသူတို့၌ အားနည်းသောသူကဲ့သို့ ဖြစ်၏။ အချို့သောသူတို့ကို တစ်စုံတစ်ခုသော အမှုအရာအားဖြင့် ကယ်တင်ခြင်းအလိုငှာ၊ ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း အားနည်းသောသူတို့ကိုရရှိနိုင်ရန် အားနည်းသောသူတို့တွင် အားနည်းသောသူဖြစ်၏။ လူအချို့တို့ကို တစ်နည်းနည်းဖြင့် ကယ်တင်နိုင်ရန် လူအမျိုးမျိုးတို့တွင် အမျိုးမျိုးဖြစ်ခဲ့၏။ |
သင်တို့ရရှိသည့် အကျိုးအားဖြင့် ကျွန်ုပ်၏ လူမျိုးတို့ကို သဝန်တိုစိတ်ဖြစ်စေ၍ သူတို့အထဲမှ တချို့ကို ကယ်တင်ရန် ဆန္ဒရှိ၏။
ယုံကြည်ခြင်းအားနည်းသောသူကို လက်ခံကြလော့။ သူ၏ ထင်မြင်ယူဆချက်များကို သူနှင့် မငြင်းခုံကြနှင့်။
ဥပမာဆိုရလျှင် တချို့က အစားအစာအားလုံးကို စား၍ရကြောင်း ယုံကြည်ကြ၏။ သို့သော် ယုံကြည်ခြင်းအားနည်းသူသည် ဟင်းသီးဟင်းရွက်ကိုသာ စား၏။
ယုံကြည်ခြင်းအားကြီးသော ကျွန်ုပ်တို့သည် မိမိတို့စိတ်ကြိုက်မပြုမူဘဲ အားနည်းသောသူတို့၏ အားနည်းချက်များကို ထောက်ထားညှာတာရမည်။
ကျွန်ုပ်တို့တစ်ဦးစီသည် ကိုယ်နှင့်သက်ဆိုင်သောသူကို တည်ဆောက်ပျိုးထောင်ရာတွင် သူ၏အကျိုးကို ထောက်၍ သူ့ကို စိတ်ကျေနပ်စေရမည်။
အသင် အမျိုးသမီး… သင်၏ ခင်ပွန်းသည် သင့်အားဖြင့် ကယ်တင်ခံရမည် မခံရမည်ကို သင်မည်သို့သိနိုင်မည်နည်း။ အသင် အမျိုးသား… သင်၏ ဇနီးသည် သင့်အားဖြင့် ကယ်တင်ခံရမည် မခံရမည်ကို သင်မည်သို့သိနိုင်မည်နည်း။
ထို့ကြောင့် ရုပ်တုအား ပူဇော်ထားသော အသားကို ကျွန်ုပ်စားသဖြင့် အခြားယုံကြည်သူကို မှားယွင်းစေမည်ဆိုပါက ထိုသို့မမှားယွင်းစေရန် ကျွန်ုပ် အသက်ရှင်သမျှကာလပတ်လုံး အသားကို မစားဘဲနေမည်။ အဘယ်ကြောင့်ဆိုသော် အခြားယုံကြည်သူကို မမှားယွင်းစေလိုသောကြောင့်ဖြစ်၏။
ကျွန်ုပ်သည် လွတ်လပ်သောသူဖြစ်ပြီး မည်သူ၏ကျွန်မှ မဟုတ်ပါ။ သို့သော် ခရစ်တော်ကို ယုံကြည်သောသူများ ပို၍ များလာစေရန် လူအပေါင်းတို့၏ကျွန် ဖြစ်လာရ၏။
သတင်းကောင်းပျံ့နှံ့ရန်အတွက် အရာအားလုံးကို လုပ်ဆောင်ပြီး ထိုသတင်းကောင်း၏ အကျိုးကျေးဇူးများကို မျှဝေခံစား၏။
တစ်စုံတစ်ယောက်အားနည်းသောအခါ ကျွန်ုပ်သည် အားမနည်းဘဲ နေနိုင်မည်လော။ တစ်စုံတစ်ယောက်လမ်းမှားရောက်သောအခါ ကျွန်ုပ်သည် မပူပန်ဘဲ နေနိုင်မည်လော။
ညီအစ်ကိုမောင်နှမတို့… တစ်စုံတစ်ယောက်သည် အပြစ်ပြုမိလျှင် ဝိညာဉ်တော်၏ လမ်းပြခြင်းခံရသော သင်တို့က နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ထိုသူကို ပြုပြင်ပေးရမည်။ သင်တို့ကိုယ်တိုင်လည်း ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်ပါမိစေရန် သတိပြုကြလော့။