သူ၏ သခင်ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသောအစေခံကောင်း… သင်သည် သေးငယ်သောအမှုကိစ္စ၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် များစွာသောတာဝန်များကို သင့်အား ငါလွှဲအပ်မည်။ ငါ၏စားသောက်ပွဲ၌ ပါဝင်ဆင်နွှဲလော့’ ဟု ဆို၏။
၁ ကော 4:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း စီမံခန့်ခွဲသူအဖြစ် တာဝန်ပေးခံရသောသူသည် သစ္စာရှိရမည်ဖြစ်၏။ Common Language Bible ယင်းသို့တာဝန်ယူဆောင်ရွက်ရသူတွင်ရှိရ မည့်အရည်အချင်းတစ်ခုကား မိမိသခင် ၏ပေါ်တွင်သစ္စာစောင့်ရန်ပင်ဖြစ်ပေသည်။- Garrad Bible ဘ ဏ္ဍာ စိုး သည် သ စ္စာ ရှိ သူ ဖြစ် စေ လို ကြ သော် လည်း၊ Judson Bible ထိုမှတစ်ပါး၊ ဘဏ္ဍာစိုးမည်သည်ကား၊ သစ္စာရှိရမည်။- မြန်မာ့စံမီသမ္မာကျမ်း ဤနေရာတွင် ဘဏ္ဍာစိုးသည် သစ္စာရှိကြောင်း အသိအမှတ်ပြုခြင်းခံရသူဖြစ်ရမည်။ |
သူ၏ သခင်ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသောအစေခံကောင်း… သင်သည် သေးငယ်သောအမှုကိစ္စ၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် များစွာသောတာဝန်များကို သင့်အား ငါလွှဲအပ်မည်။ ငါ၏စားသောက်ပွဲ၌ ပါဝင်ဆင်နွှဲလော့’ ဟု ဆို၏။
သခင်ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသောအစေခံကောင်း… သင်သည် သေးငယ်သောအမှုကိစ္စ၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် ယခု များစွာသောတာဝန်များကို သင့်အား ငါ လွှဲအပ်မည်။ ငါ၏စားသောက်ပွဲ၌ ပါဝင်ဆင်နွှဲလော့’ ဟု ဆို၏။
ထိုအခါ သခင်ဘုရားက “သစ္စာရှိ၍ ပညာအလိမ္မာနှင့်ပြည့်စုံသောစီမံခန့်ခွဲသူသည် မည်သူနည်း။ ထိုသူသည် အစေခံများကို အုပ်ချုပ်ရန်နှင့် အချိန်တန်သောအခါ စားနပ်ရိက္ခာကို ခွဲဝေစေရန် သခင်ခန့်ထားသောသူဖြစ်၏။
ထို့ကြောင့် သင်တို့သည် ကျွန်ုပ်နှင့် အာပေါလုကို ခရစ်တော်၏ အစေခံများအဖြစ်လည်းကောင်း၊ ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာများကို စီမံခန့်ခွဲသူများအဖြစ်လည်းကောင်း မှတ်ယူကြလော့။
ထိုအကြောင်းကြောင့် သခင်ဘုရားအပေါ် သစ္စာရှိသော ကျွန်ုပ်၏ချစ်သား တိမောသေကို သင်တို့ထံ စေလွှတ်ရခြင်းဖြစ်၏။ သူသည် ကျွန်ုပ် ရောက်ခဲ့သောအသင်းတော်တိုင်းတွင် သွန်သင်ခဲ့သည့်အတိုင်း ကျွန်ုပ်မည်သို့ ယေရှုခရစ်တော်နောက် လိုက်နေကြောင်းကို သင်တို့အား သတိရစေလိမ့်မည်။
သင်တို့၊ သို့မဟုတ် အခြားသူတို့၏ စစ်ဆေးခြင်းကို ခံရသော်လည်း ကျွန်ုပ်မမှုပေ။ အမှန်တွင်မူ ကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ်ပင် မစစ်ဆေးပေ။
အိမ်ထောင်မပြုသေးသူများနှင့်ပတ်သက်၍ သခင်ဘုရားထံမှ လာသောပညတ်ကို ကျွန်ုပ်မရသော်လည်း သခင်ဘုရား၏ ကျေးဇူးတော်ကို ခံစားရသည့် ယုံကြည်ထိုက်သူတစ်ဦးအနေဖြင့် ကျွန်ုပ်၏ ထင်မြင်ချက်ကို ပေးပါမည်။
ကျွန်ုပ်တို့သည် လူများစွာကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မိမိကိုယ်ကျိုးအတွက် လှည့်လည်ရောင်းစားသောသူများမဟုတ်ကြပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ စေလွှတ်ခံရသူများအဖြစ် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်၏ အခွင့်နှင့် ရိုးသားစွာ ဟောပြောကြ၏။
ကျွန်ုပ်တို့သည် ဆိတ်ကွယ်ရာ၌ ပြုသော ရှက်ရွံ့ဖွယ်အမှုတို့ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်ကို မသုံးကြ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလည်း မှောက်လှန်၍ မဟောပြောကြ။ ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်တို့မှာ မည်သို့သောသူများဖြစ်သည်ကို သူတို့စိတ်ထဲက သိနိုင်ရန် အမှန်တရားကိုသာ အတိအလင်းဖော်ပြကြ၏။
သင်တို့သည် ထိုသတင်းကောင်းကို ကျွန်ုပ်တို့နှင့် အစေခံချင်းဖြစ်သည့် ချစ်ခင်ရသော ဧပဖြထံမှ ကြားနာခဲ့ရ၏။ သူသည် ခရစ်တော်၏ သစ္စာရှိသောအမှုဆောင်ဖြစ်ပြီး ကျွန်ုပ်တို့ကိုယ်စား ကူညီဆောင်ရွက်နေသောသူ ဖြစ်၏။
“သခင်ဘုရား ပေးအပ်တော်မူသော အမှုတော်ကို ပြီးစီးအောင် ဆောင်ရွက်ပါ” ဟု အာခိပ္ပုကို ပြောကြလော့။
ကျွန်ုပ်နှင့် အစေခံချင်း ဖြစ်သူ၊ သခင်ဘုရားအတွက် သစ္စာရှိစွာ အမှုဆောင်သည့် ချစ်ခင်ရသောညီ တုခိတ်က သင်တို့ကို ကျွန်ုပ်၏ အကြောင်းအရာအားလုံး ပြောပြပါလိမ့်မည်။