လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
၁ ကော 3:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မျိုးစေ့စိုက်သူနှင့် ရေလောင်းသူတို့သည် တူညီသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ကြပြီး မိမိတို့၏ ကြိုးပမ်းအားထုတ်မှုနှင့်အညီ ဆုလာဘ်ကို ရရှိကြလိမ့်မည်။ Common Language Bible မျိုးစေ့ကိုစိုက်သူနှင့်ရေလောင်းသူတို့သည် တန်းတူရည်တူဖြစ်ကြ၏။ သူတို့သည်မိမိတို့ ၏အားထုတ်မှုနှင့်အညီအကျိုးကိုရရှိကြ ပေမည်။- Garrad Bible စိုက် ပျိုး သူ နှင့် ရေ လောင်း သူ အ တူ အ ညီ ဖြစ် သော် လည်း ကိုယ် စီ အား ထုတ် သည့် အ လျောက် အ ကျိုး ဆက် ခံ ရ လိမ့် မည်။ Judson Bible သို့သော်လည်း၊ စိုက်ပျိုးသောသူနှင့် ရေလောင်းသောသူသည် တစ်လုံးတစ်ဝတည်းဖြစ်၍၊ အသီးအသီး မိမိလုပ်သည်အတိုင်း မိမိအကျိုးကို ခံရလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း စိုက်ပျိုးသောသူနှင့်ရေလောင်းသောသူတို့သည် တစ်လုံးတစ်ဝတည်းဖြစ်ကြပြီး အသီးသီးတို့သည် မိမိကြိုးပမ်းအားထုတ်သည့်အတိုင်း ဆုလာဘ်ကိုရရှိကြလိမ့်မည်။ |
လူသားသည် ခမည်းတော်၏ ဘုန်းတော်ကိုဆောင်၍ ကောင်းကင်တမန်များ ခြံရံလျက် ကြွလာလိမ့်မည်။ လူအပေါင်းတို့အား သူတို့ပြုခဲ့သည့်အကျင့်အတိုင်း ဆပ်ပေးတော်မူလိမ့်မည်။
ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့၏ အကျင့်နှင့်အညီ အကျိုးအပြစ်ကို စီရင်တော်မူလိမ့်မည်။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမတို့… မြဲမြံစွာ ရပ်တည်၍ မရွေ့လျားမပြောင်းလဲကြနှင့်။ ဘုရားသခင်အတွက် သင်တို့ လုပ်ဆောင်သမျှသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့သိကြသည့်အတိုင်း ဘုရားသခင်အတွက် အစဉ်အမြဲ စိတ်အားထက်သန်စွာ လုပ်ဆောင်ကြလော့။
မျိုးစေ့စိုက်သူနှင့် ရေလောင်းသူတို့သည် အဓိကမဟုတ်ပေ။ အပင်ကို ကြီးထွားစေတော်မူသော ဘုရားသခင်သာလျှင် အဓိကဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမှုတော်လုပ်ငန်းတွင် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ ဥယျာဉ်ဖြစ်ကြ၏။ ဘုရားသခင်၏ အဆောက်အအုံလည်း ဖြစ်ကြ၏။
သင်တို့အား ခရစ်တော်အကြောင်းကို သင်ပေးမည့်ဆရာပေါင်း တစ်သောင်း ရှိလျှင်ပင် ဝိညာဉ်ရေးရာဖခင်မှာ တစ်ဦးတည်းရှိ၏။ ကျွန်ုပ်သည် သတင်းကောင်းကို ဟောပြောခြင်းအားဖြင့် ယေရှုခရစ်တော်၌ သင်တို့၏ဖခင်ဖြစ်လာ၏။
မည်သူသည် မိမိစရိတ်ဖြင့် စစ်မှုထမ်းရသနည်း။ မည်သူသည် စပျစ်ခြံကို စိုက်ပျိုးပြီး ထိုခြံထွက်အသီးကို မစားဘဲနေရသနည်း။ မည်သူသည် သိုးအုပ်ကို ထိန်းကျောင်းပြီး သိုးနို့ကို မသောက်ဘဲနေရသနည်း။
လူတိုင်း မိမိဝန်ကို ထမ်းရမည်ဖြစ်သောကြောင့် လူတိုင်း မိမိပြုသောအမှုကို ဆန်းစစ်ပါစေ။ သို့မှသာ မိမိကိုယ်မိမိ အခြားသူနှင့် မနှိုင်းယှဉ်ဘဲ ကိုယ်တိုင် ပြုသောအမှုများကြောင့် ဂုဏ်ယူဝင့်ကြွားနိုင်လိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မဖြောင့်မတ်သောအရှင် မဟုတ်။ ဘုရားသခင်သည် သင်တို့ပြုသောအမှုကိုလည်းကောင်း၊ ယုံကြည်သူတို့ကို ယခင်က အစေခံသကဲ့သို့ ယခုဆက်လက် အစေခံရာတွင် ထားသောသင်တို့၏ ချစ်ခြင်းမေတ္တာကိုလည်းကောင်း အသိအမှတ်မပြုဘဲ နေတော်မူမည်မဟုတ်။
သို့ပြုလျှင် သိုးထိန်းကြီးပေါ်ထွန်းတော်မူသောအခါ မမှေးမှိန်သောဘုန်းအသရေရှိသည့် ဆုသရဖူကို သင်တို့ရရှိကြလိမ့်မည်။
ထို့ကြောင့် ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သည့်အရာများကို မဆုံးရှုံးစေဘဲ အကျိုးကျေးဇူးကို သင်တို့အပြည့်အဝခံစားရစေရန် သတိပြုလော့။
ငါသည် သူ၏သားသမီးများကို အသက်ဆုံးစေမည်။ ငါသည် လူတို့၏စိတ်နှလုံးနှင့် အကြံအစည်ကိုဆန်းစစ်သောသူဖြစ်ကြောင်း အသင်းတော်အပေါင်းတို့သည် သိကြလိမ့်မည်။ သင်တို့အသီးသီး၏အကျင့်နှင့်အညီ ထိုက်သင့်သည့်အတိုင်း ငါပေးဆပ်မည်။
ယေရှုက “ကြည့်လော့။ ငါသည် မကြာမီလာမည်။ ငါသည် ဆုလာဘ်နှင့် ပြစ်ဒဏ်ကို ယူဆောင်လာပြီး လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ငါပေးဆပ်မည်။