Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 2:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ဘုရားသခင်​သည် လူ​အသီးသီးတို့​အား မိမိတို့​၏ အကျင့်​နှင့်​အညီ အကျိုးအပြစ်​ကို စီရင်တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ထို​နေ့​ရက်​၌​ကိုယ်​တော်​သည်​လူ​အ​သီး​သီး တို့​အား မိ​မိ​တို့​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ဆပ်​ပေး​တော်​မူ​လတ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ကိုယ် တော် သည် လူ အ သီး အ သီး အ ပြု အ မူ အ လျောက် ဆပ် ပေး တော် မူ သည် မှာ တည် ကြည် စွာ သု စ ရိုက် ပြု လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့ အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ဘုရားသခင်​သည် လူ​အသီးသီး​တို့​အား မိမိ​တို့​ပြု​သော​အမှု​နှင့်အညီ အကျိုး​အပြစ်​ကို​ပေး​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 2:6
25 ပူးပေါင်းရင်းမြစ်များ  

လူသား​သည် ခမည်းတော်​၏ ဘုန်းတော်​ကို​ဆောင်​၍ ကောင်းကင်တမန်များ ခြံရံ​လျက် ကြွလာ​လိမ့်မည်။ လူ​အပေါင်းတို့​အား သူတို့​ပြုခဲ့သည့်​အကျင့်​အတိုင်း ဆပ်ပေးတော်မူ​လိမ့်မည်။


သင်​ပြုသော​အမှုကိစ္စ​နှင့်​ပတ်သက်၍ အမှား​မရှိ​ဟု သင်​ယုံကြည်​လျှင်လည်း ထို​ယုံကြည်ခြင်း​ကို သင်​နှင့် ဘုရားသခင်​အကြား​၌သာ ရှိစေလော့။ မိမိ​မှန်သည်​ဟု လက်ခံထားသည့်​အမှုကိစ္စ​ကို ပြုလုပ်ခြင်း​အတွက် အပြစ်​မရှိ​ဟု ခံစားရသော​သူ​သည် မင်္ဂလာရှိ၏။


မျိုးစေ့​စိုက်သူ​နှင့် ရေလောင်းသူတို့​သည် တူညီသော ရည်ရွယ်ချက်​ဖြင့် လုပ်ဆောင်ကြ​ပြီး မိမိတို့​၏ ကြိုးပမ်း​အားထုတ်မှု​နှင့်အညီ ဆုလာဘ်​ကို ရရှိကြ​လိမ့်မည်။


ထို့ကြောင့် သခင်ဘုရား ပြန်လည်​ကြွလာတော်မမူ​မီ မည်သူ့​ကိုမျှ ကြိုတင်​၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်​၌ ဝှက်ထားသော​အရာများ​ကို ကိုယ်တော်​သည် အလင်း​သို့ ယူလာ​၍ ကျွန်ုပ်တို့​၏ အတွင်း​စိတ် အကြံအစည်များ​ကို ဖော်ထုတ်မည်​ဖြစ်​သောကြောင့်​ဖြစ်၏။ ထို့နောက်​တွင်မူ ဘုရားသခင်​သည် လူ​အသီးသီးတို့​ကို ချီးမွမ်းတော်မူ​လိမ့်မည်။


သို့ဖြစ်၍ စာတန်​၏ နောက်လိုက်တို့​သည်လည်း ဖြောင့်မတ်ခြင်းတရား​ကို ဟောပြောသူများ​အဖြစ် အယောင်ဆောင်တတ်ကြသည်​မှာ အံ့ဩစရာ​မဟုတ်ပေ။ နောက်ဆုံး​တွင် သူတို့​သည် မိမိတို့​ပြုသည့်​လုပ်ဆောင်မှု​နှင့် ထိုက်သင့်သော ပြစ်ဒဏ်​ကို ခံရ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​အားလုံး​သည် ကိုယ်ခန္ဓာ​၌ ရှိစဉ် ပြုကျင့်ခဲ့သည့် ကောင်းသော​အမှု​အတွက်​ဖြစ်စေ၊ မကောင်းသော​အမှု​အတွက်​ဖြစ်စေ ထိုက်သင့်ရာ​အကျိုး​အပြစ် အသီးသီး​ကို ခံစား​ရန် ခရစ်တော်​၏ တရားပလ္လင်​ရှေ့မှောက်​သို့ ရောက်ရှိလာကြ​ရမည်​ဖြစ်​သောကြောင့်​ဖြစ်၏။


ပန်းတဉ်း​ဆရာ အလက်ဇန်းဒါး​သည် ကျွန်ုပ်​ကို အလွန်​ဆိုးရွား​စွာ ပြုခဲ့၏။ သူ​ပြုခဲ့သည့် အပြုအမူများ​အတွက် သခင်ဘုရား​စီရင်တော်မူ​လိမ့်မည်။


ငါ​သည် သူ​၏​သားသမီးများ​ကို အသက်​ဆုံး​စေမည်။ ငါ​သည် လူတို့​၏​စိတ်နှလုံး​နှင့် အကြံအစည်​ကို​ဆန်းစစ်သောသူ​ဖြစ်ကြောင်း အသင်းတော်​အပေါင်းတို့​သည် သိကြ​လိမ့်မည်။ သင်တို့​အသီးသီး​၏​အကျင့်​နှင့်​အညီ ထိုက်သင့်သည့်​အတိုင်း ငါ​ပေးဆပ်မည်။


သေလွန်သောသူ အကြီး​အငယ်တို့​သည် ရာဇပလ္လင်တော်​ရှေ့​၌ ရပ်နေကြသည်​ကို ကျွန်ုပ်​မြင်ရ၏။ စာစောင်များ​ကို ဖွင့်ထား၏။ အသက်​စာစောင်​ဖြစ်သော အခြား​စာစောင်​တစ်စောင်​ကိုလည်း ဖွင့်ထား၏။ သေလွန်သော​သူတို့​သည် စာစောင်​ထဲတွင် မှတ်တမ်းတင်​ထားသည့်​အတိုင်း မိမိတို့​အကျင့်​နှင့်​အညီ တရားစီရင်​ခံရ၏။


ယေရှု​က “ကြည့်လော့။ ငါ​သည် မကြာမီ​လာမည်။ ငါ​သည် ဆုလာဘ်​နှင့် ပြစ်ဒဏ်​ကို ယူဆောင်လာ​ပြီး လူ​အသီးသီးတို့​အား မိမိတို့​အကျင့်​အတိုင်း ငါ​ပေးဆပ်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ