Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 3:8 - Common Language Bible

8 မျိုး​စေ့​ကို​စိုက်​သူ​နှင့်​ရေ​လောင်း​သူ​တို့​သည် တန်း​တူ​ရည်​တူ​ဖြစ်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့ ၏​အား​ထုတ်​မှု​နှင့်​အ​ညီ​အ​ကျိုး​ကို​ရ​ရှိ​ကြ ပေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 စိုက် ပျိုး သူ နှင့် ရေ လောင်း သူ အ တူ အ ညီ ဖြစ် သော် လည်း ကိုယ် စီ အား ထုတ် သည့် အ လျောက် အ ကျိုး ဆက် ခံ ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 သို့​သော်​လည်း၊ စိုက်​ပျိုး​သော​သူ​နှင့် ရေ​လောင်း​သော​သူ​သည် တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်၍၊ အ​သီး​အ​သီး မိ​မိ​လုပ်​သည်​အ​တိုင်း မိ​မိ​အ​ကျိုး​ကို ခံ​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 စိုက်ပျိုး​သော​သူ​နှင့်​ရေ​လောင်း​သော​သူ​တို့​သည် တစ်လုံးတစ်ဝတည်း​ဖြစ်​ကြ​ပြီး အသီးသီး​တို့​သည် မိမိ​ကြိုးပမ်း​အားထုတ်​သည့်​အတိုင်း ဆုလာဘ်​ကို​ရရှိ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 မျိုးစေ့​စိုက်သူ​နှင့် ရေလောင်းသူတို့​သည် တူညီသော ရည်ရွယ်ချက်​ဖြင့် လုပ်ဆောင်ကြ​ပြီး မိမိတို့​၏ ကြိုးပမ်း​အားထုတ်မှု​နှင့်အညီ ဆုလာဘ်​ကို ရရှိကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 3:8
25 ပူးပေါင်းရင်းမြစ်များ  

သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သော သူသည် ဂုဏ်အသရေကို ရတတ်၏။


ခေါင်း​ဆောင်​ပ​ညာ​ရှိ​တို့​သည် မိုး​ကောင်း​ကင် ၏​အ​လင်း​ရောင်​ကဲ့​သို့​ကြည်​လင်​တောက်​ပ ကြ​လိမ့်​မည်။ လူ​အ​မြောက်​အ​မြား​အား အ​မှန်​တ​ရား​ကို​ကျင့်​သုံး​ရန် သွန်​သင်​ပေး ကြ​သူ​တို့​သည်​လည်း​ကြယ်​တာ​ရာ​များ​ကဲ့ သို့ ထာ​ဝ​စဉ်​ထွန်း​လင်း​တောက်​ပ​ကြ​လိမ့် မည်။'' ဟု​ဆို​၏။


လူ​သား​သည်​ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ​ကို ဆောင်​လျက်​ကောင်း​ကင်​တ​မန်​များ​နှင့်​အ​တူ ကြွ​လာ​တော်​မူ​လတ္တံ့။ ထို​အ​ခါ​လူ​အ​ပေါင်း​တို့ အား​မိ​မိ​တို့​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ဆပ်​ပေး​တော်​မူ​လိမ့်​မည်။-


မင်း​ကြီး​က `သင့်​အား​လည်း​မြို့​ကြီး​ငါး​မြို့ ကို​အ​ပိုင်​စား​ပေး​၏' ဟု​ဆို​၏။-


ထို​နေ့​ရက်​၌​ကိုယ်​တော်​သည်​လူ​အ​သီး​သီး တို့​အား မိ​မိ​တို့​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ဆပ်​ပေး​တော်​မူ​လတ္တံ့။-


သို့​ဖြစ်​၍​ချစ်​သော​ညီ​အစ်​ကို​တို့၊ ကြံ့​ခိုင်​စွာ ရပ်​တည်​ကြ​လော့။ သ​ခင်​ဘု​ရား​၏​အ​မှု​တော် ကို​ဆောင်​ရွက်​ခြင်း​သည်​ဘယ်​အ​ခါ​၌​မျှ အ​ချည်း​နှီး​မ​ဖြစ်​ကြောင်း​သိ​မှတ်​ကာ အ​မှု​တော်​ကို​အ​စဉ်​အ​မြဲ​ဆောင်​ရွက်​ကြ လော့။


တိုက်​မြစ်​ပေါ်​တွင်​တည်​ဆောက်​သည့်​အ​ရာ​သည် ထို​မီး​၏​ဒဏ်​ကို​ခံ​နိုင်​လျှင်​တည်​ဆောက်​သူ​သည် အ​ကျိုး​ကို​ခံ​ရ​လိမ့်​မည်။-


မျိုး​စေ့​ကို​စိုက်​သူ​နှင့်​ရေ​လောင်း​သူ​သည် အ​ဋ္ဌိ​က​မ​ဟုတ်။ အ​ပင်​ပေါက်​စေ​တော်​မူ သော​သူ​တည်း​ဟူ​သော​ဘု​ရား​သ​ခင်​သာ လျှင်​အ​ဋ္ဌိ​က​ဖြစ်​တော်​မူ​၏။-


ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ထံ​တော်​၌​အ​လုပ် လုပ်​သော​လုပ်​ဖော်​ကိုင်​ဘက်​ဖြစ်​ကြ​၏။ သင်​တို့ သည်​ကား​ဘု​ရား​သ​ခင်​၏​ဥ​ယျာဉ်​တော်​ဖြစ်​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျောင်း​တော်​တိုက် လည်း​ဖြစ်​၏။-


သင်​တို့​သည်​ခ​ရစ်​တော်​ကို​လက်​ခံ​ပြီး​နောက် သင်​တို့​အား​သွန်​သင်​မည့်​ဆ​ရာ​ထောင်​ပေါင်း များ​စွာ​ရှိ​သော်​လည်း ဖ​ခင်​ကား​တစ်​ဦး​တည်း သာ​ရှိ​ပေ​သည်။ ငါ​သည်​သ​တင်း​ကောင်း​ကို ကြေ​ညာ​ခြင်း​အား​ဖြင့် သင်​တို့​အား​ခ​ရစ်​တော် နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​သည့်​မွေး သ​ဖ​ခင်​ဖြစ်​လာ​၏။-


အ​ဘယ်​ဥ​ယျာဉ်​မှူး​သည်​မိ​မိ​စိုက်​ပျိုး​သည့် စ​ပျစ်​ဥ​ယျာဉ်​မှ စ​ပျစ်​သီး​ကို​မ​စား​ဘဲ​နေ သ​နည်း။ အ​ဘယ်​သိုး​ထိန်း​သည်​မိ​မိ​ထိန်း ကျောင်း​ရ​သည့်​သိုး​များ​မှ​နို့​ကို​မ​သုံး ဆောင်​ဘဲ​နေ​သ​နည်း။


လူ​တိုင်း​ပင်​မိ​မိ​၏​အ​ပြု​အ​မူ​ကို​စစ်​ကြော အပ်​၏။ မိ​မိ​၏​အ​ပြု​အ​မူ​သည်​ကောင်း​မွန်​ပါ​က ဂုဏ်​ယူ​ဝါ​ကြွား​နိုင်​ပေ​သည်။-


အ​ဘယ်​ကြောင့်​ဆို​သော်​လူ​တိုင်း​ပင် မိ​မိ​၏​ဝန်​ကို ထမ်း​ရွက်​ရ​မည်​ဖြစ်​သော​ကြောင့်​တည်း။


ဘု​ရား​သ​ခင်​သည်​တ​ရား​မျှ​တ​မှု​မ​ရှိ သော​အ​ရှင်​မ​ဟုတ်။ သင်​တို့​ဆောင်​ရွက်​ခဲ့ သည့်​အ​မှု​အ​ရာ​များ​ကို​လည်း​ကောင်း၊ ကိုယ် တော်​အား​ချစ်​ကြောင်း​သက်​သေ​ပြ​ရန်​ယ​ခင် အ​ခါ​မှ ယ​ခု​အ​ခါ​တိုင်​အောင်​ခ​ရစ်​ယာန် အ​ချင်း​ချင်း​အား​ကူ​ညီ​မ​စ​ကြ​သည်​ကို လည်း​ကောင်း​မေ့​လျော့​တော်​မူ​မည်​မ​ဟုတ်။-


သင်​တို့​သည်​သိုး​ထိန်း​ချုပ်​ကြီး​ပေါ်​ထွန်း​တော် မူ​သော​အ​ခါ​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​သော၊ အ​ဘယ်​အ​ခါ​၌​မျှ​အ​ရောင်​အ​ဝါ​မ​မှေး မှိန်​နိုင်​သော​သ​ရ​ဖူ​ကို​ရ​ရှိ​ကြ​လိမ့်​မည်။


သို့​ဖြစ်​၍​သင်​တို့​သည်​သ​တိ​နှင့်​နေ​ကြ​လော့။ သို့​မှ​သာ​လျှင်​ငါ​တို့​၏​ကြိုး​ပမ်း​ဆောင်​ရွက် ချက်​များ​သည်​အ​ချည်း​နှီး​မ​ဖြစ်​ဘဲ သင်​တို့ သည်​အ​ကျိုး​ကို​အ​ပြည့်​အ​ဝ​ခံ​စား​ရ​ကြ လိမ့်​မည်။


သူ​၏​နောက်​လိုက်​တို့​သည်​အ​သတ်​ခံ​ကြ​ရ လိမ့်​မည်။ ထို​အ​ခါ​၌​ငါ​သည်​လူ​တို့​၏​စိတ် နှ​လုံး​နှင့်​အ​ကြံ​အ​စည်​တို့​ကို​သိ​မြင် တော်​မူ​သော​အ​ရှင်​ဖြစ်​ကြောင်း အ​သင်း​တော် အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ သင်​တို့ အ​သီး​သီး​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ငါ​ပေး​မည်။


သ​ခင်​ယေ​ရှု​က``နား​ထောင်​လော့။ မ​ကြာ​မီ​ငါ ကြွ​လာ​မည်။ လူ​အ​သီး​သီး​တို့​အား မိ​မိ​တို့​၏ အ​ကျင့်​အ​လျောက်​ပေး​အပ်​ရန်​ဆု​ကို​ငါ​ယူ လာ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ