သူတစ်ပါးသားမယားကိုပြစ်မှားခြင်း၊ လောဘလွန်ကြူးခြင်း၊ ဆိုးယုတ်ခြင်း၊ လှည့်စားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် ပညာမဲ့ခြင်း၊
ဧဖက် 5:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မဖွယ်မရာစကား၊ အနှစ်သာရမရှိသောစကား၊ ညစ်ညမ်းသောပြက်လုံးတို့သည်လည်း မသင့်လျော်သဖြင့် မပြောဆိုကြနှင့်။ ဘုရားသခင်အား ကျေးဇူးတင်သောစကားများကိုသာ ပြောဆိုကြလော့။ Common Language Bible ညစ်ညမ်းသောစကား၊ ယုတ်မာသောစကား၊ ရိုင်းစိုင်းသောစကားများကိုလည်းမပြော မဆိုအပ်။ ကျေးဇူးတော်ကိုချီးမွမ်းသည့် စကားများကိုသာလျှင်ပြောဆိုအပ်၏။- Garrad Bible မ တော် မ လျော် သော ရှက် ဖွယ် စ ကား၊ အ ယုတ် အ မာ စ ကား၊ ပျက် ပြယ် စ ကား များ ကို လည်း မ ပြော ဘဲ ထော မ နာ စ ကား များ ကို သာ ပြော ဆို ကြ လော့။ Judson Bible မတော်မလျော်သော ညစ်ညူးပြက်ပြယ် ပြက်ရယ်သော စကားများကိုလည်းပယ်၍ ကျေးဇူးတော် ချီးမွမ်းခြင်းစကားကို သုံးကြလော့။- မြန်မာ့စံမီသမ္မာကျမ်း မဖွယ်မရာပြုမူခြင်း၊ မိုက်မဲစွာပြောဆိုခြင်းနှင့် ညစ်ညမ်းသောပြက်လုံးထုတ်ခြင်းတို့သည်လည်း မသင့်လျော်သဖြင့် ရှောင်ရှား၍ ကျေးဇူးတော်ချီးမွမ်းခြင်းကိုသာ ပြုကြလော့။ |
သူတစ်ပါးသားမယားကိုပြစ်မှားခြင်း၊ လောဘလွန်ကြူးခြင်း၊ ဆိုးယုတ်ခြင်း၊ လှည့်စားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် ပညာမဲ့ခြင်း၊
ထိုစဉ် သခင်ဘုရားက ကျေးဇူးတော်ချီးမွမ်း၍ လူတို့မုန့်ကို စားခဲ့ကြသည့် နေရာအနီးသို့ တိဗေရိမြို့မှလာသော လှေများသည် ဆိုက်ကပ်လာကြ၏။
ထို့ပြင် ဘုရားသခင်ကို အသိအမှတ်ပြုခြင်းသည် မိုက်မဲသည်ဟု သူတို့ထင်မှတ်သောကြောင့် ဘုရားသခင်သည် သူတို့ကို ပညာမဲ့စွာတွေးခေါ်ခြင်းလက်သို့ အပ်လိုက်တော်မူ၏။ ထို့ကြောင့် သူတို့သည် မပြုအပ်သောအမှုတို့ကို ပြုကြ၏။
သင်တို့သည်လည်း ကျွန်ုပ်တို့ကို ဆုတောင်းခြင်းဖြင့် ကူညီနေကြသည် ဖြစ်၍ လူများစွာတို့၏ ဆုတောင်းခြင်းကို ဘုရားသခင် အဖြေပေးတော်မူလိမ့်မည်။ ထို့ကြောင့် လူများစွာတို့သည် ကျွန်ုပ်တို့ ခံစားရသောဆုကျေးဇူးများကို ထောက်၍ ကျွန်ုပ်တို့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြလိမ့်မည်။
ကျွန်ုပ်သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်မပြတ် ကျေးဇူးတင်၍ သတိတရ ဆုတောင်းပေးနေ၏။
သင်တို့၏ နှုတ်မှ ဆိုးညစ်သောစကား တစ်ခွန်းကိုမျှ မထွက်စေနှင့်။ နားထောင်သူတို့အတွက် အကျိုးရှိစေရန် အချိန်အခါကို ကြည့်၍ ကောင်းသောစကားကို အပြုသဘောနှင့် ပြောကြလော့။
မည်သည့်အမှုကိုမျှ မစိုးရိမ်ဘဲ အခြေအနေတိုင်း၌ ကျေးဇူးတော်ကို ချီးမွမ်း၍ ဆုတောင်းခြင်း၊ အသနားခံခြင်းတို့ဖြင့် သင်တို့ လိုအပ်သောအရာများကို ဘုရားသခင်ထံ တောင်းလျှောက်ကြလော့။
သို့သော် ယခုအခါ သင်တို့သည် အမျက်ထွက်ခြင်း၊ ဒေါသထွက်ခြင်း၊ မလိုမုန်းထားဖြစ်ခြင်း၊ စော်ကားပြောဆိုခြင်း၊ ညစ်ညမ်းသော စကားကို ပြောဆိုခြင်း စသည့်အရာများကို ဖယ်ရှားကြလော့။
ဘုရားသခင်ရှေ့တော်တွင် သင်တို့ကြောင့် ကျွန်ုပ်တို့ဝမ်းမြောက်ရ၏။ သင်တို့အတွက် ဘုရားသခင်ကို ကျွန်ုပ်တို့ မည်သို့ ကျေးဇူးဆပ်နိုင်မည်နည်း။
မည်သည့်အခြေအနေ၌ပင် ဖြစ်စေ ဘုရားသခင်ကို ကျေးဇူးတင်ကြလော့။ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သော သင်တို့သည် ဤသို့ပြုရန် ဘုရားသခင်အလိုတော်ရှိ၏။
ထို့ကြောင့် ကျွန်ုပ်သည် သင့်အား သင့်လျော်သောအရာကို လုပ်ဆောင်ရန် ခရစ်တော်အားဖြင့် ရဲဝံ့စွာ အမိန့်ပေးနိုင်သော်လည်း
ထို့ကြောင့် ကျွန်ုပ်တို့သည် ယေရှုပြုခဲ့သောအမှုတော်အားဖြင့် ဘုရားသခင်၏ နာမတော်ကို ဝန်ခံလျက် ဘုရားသခင်အား ချီးမွမ်းခြင်းယဇ်ကို အစဉ်ပူဇော်ကြပါစို့။
အဘယ်ကြောင့်ဆိုသော် သူတို့သည် အကျိုးမဲ့ ချဲ့ကားကြွားဝါပြောဆိုလျက် မှားယွင်းစွာ ပြုမူနေထိုင်ကြသူတို့ထဲမှ လွတ်မြောက်ခါစဖြစ်သော သူများကို လူ့ဗီဇစိတ်၏တပ်မက်မှုများနှင် ကိလေသာလွန်ကြူးခြင်းတို့ဖြင့် ဆွဲဆောင်ကြသောကြောင့်ဖြစ်၏။
သို့ရာတွင် ဘုရားသခင်သည် တရားမဲ့သောသူတို့၏ ကာမဂုဏ်လိုက်စားသော ပြုမူနေထိုင်ပုံတို့ကြောင့် စိတ်ဆင်းရဲနေရသည့် ဖြောင့်မတ်သူ လောတကို ကယ်တင်တော်မူ၏။
သို့သော် ဤသူတို့သည် မိမိတို့နားမလည်သည့်အရာမှန်သမျှကို စော်ကားပြောဆိုကြပြီး ဆင်ခြင်တုံတရားမဲ့သော တိရစ္ဆာန်များနည်းတူ ပင်ကိုဗီဇအရ မိမိတို့နားလည်သည့်အတိုင်း ပြုသဖြင့် ပျက်စီးဆုံးရှုံးတတ်ကြ၏။
သူတို့သည် မိမိတို့၏ အရှက်ကို အမြှုပ်ကဲ့သို့ ထစေသော အထိန်းအကွပ်မဲ့ပင်လယ်လှိုင်းလုံးများနှင့်တူကြ၏။ လှည့်လည်နေသောကြယ်များနှင့် တူကြ၏။ ထိုကြယ်များအတွက် အမှောင်မိုက်ဆုံးသော ထာဝရအမှောင်ကို ပြင်ဆင်ထား၏။