သင်တို့သည် ဆိုးသောသူဖြစ်လျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောအရာကို ပေးတတ်ကြလျှင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပို၍ ပေးတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
ဧဖက် 1:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူမျိုးခြား ဖြစ်သော သင်တို့သည်လည်း ဘုရားသခင်၏ ကယ်တင်တော်မူခြင်းသတင်းကောင်းဟူသော သမ္မာတရားကို ကြား၍ ခရစ်တော်ကို ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်လျက် ဘုရားသခင် ကတိပြုထားတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကို ခံကြရ၏။ Common Language Bible သင်တို့လည်းကယ်တင်ခြင်းဆိုင်ရာသတင်း ကောင်းတည်းဟူသောသမ္မာတရားကိုကြား ရသောအခါ ဘုရားသခင်၏လူစုတော်ဝင် များဖြစ်လာကြ၏။ သင်တို့သည်ခရစ်တော် ကိုယုံကြည်၍ဘုရားသခင်သည် မိမိ ကတိထားတော်မူသည့်သန့်ရှင်းသောဝိညာဉ် တော်ကိုချပေးခြင်းအားဖြင့် သင်တို့အား မိမိပိုင်တော်မူကြောင်းတံဆိပ်ခတ်နှိပ်တော် မူ၏။- Garrad Bible သင် တို့ လည်း ကိုယ်၏ ကယ် တင် ခြင်း သ တင်း တော် မြတ် တည်း ဟူ သော သ မ္မာ တ ရား တော် ကို ကြား နာ ရ ပြီး နောက် ထို အ ရှင် ကို ယုံ ကြည် ကြ သည် ဖြစ်၍ ပိုင် ဆိုင် တော် မူ ရာ ကို ရွေး နုတ် တော် မူ သ ဖြင့် ဘုန်း တော် ကို ချီး မွမ်း ကြ စေ ခြင်း ငှါ ငါ တို့ ပိုင် နက် စ ရန် ဖြစ် သော က တိ တော် ထား ပြီး သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် တံ ဆိပ် ခတ် တော် မူ ခြင်း ခံ ရ ကြ လေ ပြီ။ Judson Bible သင်တို့သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့် ယှဉ်သော ဧဝံဂေလိတရားတည်းဟူသော သမ္မာတရားကိုကြားနာ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ကတိတော်နှင့်ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံရကြပြီ။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည်လည်း သင်တို့၏ကယ်တင်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းတည်းဟူသော သမ္မာတရား၏နှုတ်ကပတ်တော်ကို ထိုသခင်၌ကြားရ၍ ကိုယ်တော်ကိုယုံကြည်သဖြင့် ကတိထားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံရကြ၏။ |
သင်တို့သည် ဆိုးသောသူဖြစ်လျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောအရာကို ပေးတတ်ကြလျှင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပို၍ ပေးတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
ငါသည် ငါ့ခမည်းတော် ကတိထားတော်မူသည့်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့ထံသို့ စေလွှတ်မည်။ သို့ရာတွင် သင်တို့သည် ကောင်းကင်မှတန်ခိုးတော် မရရှိမီအထိ မြို့ထဲတွင်နေကြရမည်” ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ပညတ်တရားကို မောရှေအားဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။ သို့သော် ကျေးဇူးတရားနှင့် သစ္စာတရားကို ယေရှုခရစ်တော်အားဖြင့် ပေးတော်မူ၏။
သို့ရာတွင် ခမည်းတော်သည် ငါ့ကိုယ်စား ကူညီမစတော်မူသောအရှင်ဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်တော်မူသောအခါ ထိုအရှင်သည် သင်တို့အား အရာအားလုံး သွန်သင်၍ ငါပြောခဲ့သမျှကို ပြန်လည်သတိရစေတော်မူလိမ့်မည်။
သို့သော် ငါသည် သမ္မာတရားကို ဖော်ပြသည့် ကူညီမစတော်မူသောအရှင် သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့ထံ စေလွှတ်မည်။ ထိုဝိညာဉ်တော်သည် ခမည်းတော်ထံမှ ကြွလာ၍ ငါ၏အကြောင်းမှန်သမျှကို သက်သေခံလိမ့်မည်။
ထိုအရှင်၏ သက်သေကို လက်ခံသောသူကမူ ဘုရားသခင်သည် ဖြောင့်မှန်တော်မူသည်ဟု သတ်မှတ်၏။
ပုပ်သိုးပျက်စီးတတ်သောအစားအစာများအတွက် မကြိုးပမ်းကြနှင့်။ လူသားပေးတော်မူမည့် ထာဝရအသက်အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခမည်းတော်ဘုရားသခင်၏ တံဆိပ်ခတ်နှိပ်ခြင်းကို ခံရသောသူဖြစ်သောကြောင့်ပင်” ဟု မိန့်တော်မူ၏။
ထိုသို့ တမန်တော်တို့နှင့်အတူ ရှိတော်မူစဉ် ယေရှုက “ဂျေရုဆလင်မြို့မှ မထွက်ခွာဘဲ ခမည်းတော်၏ကတိတော်ကို စောင့်မျှော်ကြလော့။ ထိုကတိတော်အကြောင်းကို ယခင်က သင်တို့အား ငါဟောပြောခဲ့၏။
အို အာဗြဟံ၏မျိုးဆက် ညီအစ်ကိုမောင်နှမတို့မှစ၍ ဘုရားသခင်ကို ကိုးကွယ်ကြသောလူမျိုးခြားတို့… ဘုရားသခင်သည် ဤကယ်တင်ခြင်းတရားတော်ကို ငါတို့ထံ ပေးပို့တော်မူ၏။
ထိုသို့ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ချီးမြှောက်တော်မူခြင်းခံရ၏။ ထို့နောက် ကတိထားတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်ကို အဖဘုရားထံမှ ခံယူသည်နှင့်အညီ၊ ထိုသခင်သည် သင်တို့မြင်တွေ့ကြားသိသည့်အတိုင်း ဤသန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းတော်မူပြီ။
ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းအတွက် မရှက်ကြောက်။ အဘယ်ကြောင့်ဆိုသော် ထိုသတင်းကောင်းသည် ယုံကြည်သောသူများဖြစ်သည့် ဦးစွာ ဂျူးလူမျိုးများ၊ ထို့နောက် လူမျိုးခြားများကို ကယ်တင်သော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်သောကြောင့်ပင်။
အာဗြဟံသည် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူမီကပင် ယုံကြည်နှင့်ပြီးဖြစ်သဖြင့် ဘုရားသခင်သည် သူ့ကို လက်ခံ၍ ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏။ ထိုသို့သတ်မှတ်ကြောင်းကိုပြသော အမှတ်လက္ခဏာအနေဖြင့် အရေပြားလှီးခြင်းမင်္ဂလာကို ပေးခဲ့၏။ သို့ဖြစ်၍ အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသော်လည်း သူတို့၏ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောသူမှန်သမျှအတွက် အာဗြဟံသည် ဖခင်ကြီးဖြစ်လာ၏။
သင်တို့သည် တစ်ချိန်က အပြစ်တရား၏ကျွန် ဖြစ်ခဲ့ဖူးသော်လည်း ယခုတွင် သင်တို့သင်ယူခဲ့သော တရားတော်ကို စိတ်နှလုံးအပြည့်အဝ နာခံလာကြ၏။ ထို့ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
ထိုဘုရားသခင်သည် ကျွန်ုပ်တို့ကို မိမိပိုင်သော လူများအဖြစ် တံဆိပ်ခတ်နှိပ်တော်မူ၍ ဖြစ်လာမည့်အရာများအတွက် အာမခံချက်ပေးလျက် ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ ဝိညာဉ်တော်ကို စရန်အဖြစ် သွင်းပေးတော်မူ၏။
သမ္မာတရားကို ဟောပြောခြင်း၊ ဘုရားသခင်၏ တန်ခိုးတော်ကို ပြခြင်းတို့ဖြင့်လည်းကောင်း၊ လက်ဝဲ လက်ယာ၌ ကိုင်ဆောင်ထားသော ဖြောင့်မတ်ခြင်းလက်နက်များအားဖြင့်လည်းကောင်း၊
ဤသို့ ရွေးနုတ်တော်မူခြင်းမှာ လူမျိုးခြားတို့သည် ယေရှုခရစ်တော်အားဖြင့် အာဗြဟံခံစားရသော ကောင်းချီးမင်္ဂလာကို ခံစားနိုင်ရန်လည်းကောင်း၊ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်ကတိထားတော်မူသော ဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ခံယူရရှိနိုင်ရန်လည်းကောင်းဖြစ်၏။
ယေရှု၌ သမ္မာတရား ရှိသည့်အတိုင်း သင်တို့သည် ခရစ်တော်အကြောင်းကို အမှန်ပင် ကြားသိရပြီး ကိုယ်တော်၏ အကြောင်းကို သင်ယူခဲ့ပြီ ဖြစ်၏။
ရွေးနုတ်ခံရမည့်နေ့အတွက် သင်တို့ကို တံဆိပ်ခတ်နှိပ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းမနည်းစေကြနှင့်။
သင်တို့သည် ကျွန်ုပ်တို့ထံမှ ကြားနာသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို လူ့စကားအဖြစ် မဟုတ်ဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် လက်ခံသောကြောင့် ဘုရားသခင်ကို ကျွန်ုပ်တို့ အစဉ်အမြဲကျေးဇူးတင်ကြ၏။ ထိုနှုတ်ကပတ်တော်သည် အမှန်ပင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်၍ ခရစ်တော်ကို ယုံကြည်သောသင်တို့အထဲတွင် သက်ဝင်လှုပ်ရှားတော်မူ၏။
သင်သည် ဘုရားသခင်ရှေ့၌ ယုံကြည်စိတ်ချရသူ၊ သမ္မာတရားသတင်းစကားကို မှန်ကန်စွာဟောပြောပြီး ရှက်ကြောက်ရန် မလိုသည့်သူအဖြစ် မိမိကိုယ်ကိုယ် ဆက်သရန် ကြိုးစားလော့။
သို့ရာတွင် ဘုရားသခင်ချထားတော်မူသည့် ခိုင်မာသောအုတ်မြစ်သည် ခိုင်ခံ့မြဲမြံပြီး ဤအုတ်မြစ်ပေါ်တွင် “ဘုရားသခင်သည် မိမိလူတို့ကို သိတော်မူ၏” ဟူ၍လည်းကောင်း၊ “ဘုရားသခင်၏လူဖြစ်ကြောင်း ဝန်ခံသောသူတို့သည် မကောင်းမှုကို စွန့်ရမည်” ဟူ၍လည်းကောင်း တံဆိပ်ခတ်ရေးထိုးထား၏။
ယေရှုခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခံရရန် လမ်းညွှန်သည့်ဉာဏ်ပညာကို သင့်အား ပေးနိုင်သော ကျမ်းစာတော်နှင့် သင်သည် ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်သည်ကို သင်သိ၏။
အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့ကို ကယ်တင်ရန် ဘုရားသခင်၏ ကျေးဇူးတော်သည် ထင်ရှားလာသောကြောင့် ဖြစ်၏။
ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရားကို ကျွန်ုပ်တို့ လျစ်လျူရှုပါက အပြစ်ဒဏ်မှ မည်သို့လွတ်မြောက်နိုင်ကြမည်နည်း။ ဤကယ်တင်ခြင်းတရားကို သခင်ဘုရားကိုယ်တိုင် ဦးစွာ ဟောတော်မူပြီးနောက် ကြားနာသူများက ကျွန်ုပ်တို့အား ထိုတရားတော်မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ကြ၏။
ကိုယ်တော်သည် မိမိအလိုတော်နှင့်အညီ သမ္မာတရားစကားအားဖြင့် ကျွန်ုပ်တို့ကို ဖြစ်ပွားစေတော်မူ၏။ ဤအရာမှာ ဖန်ဆင်းတော်မူသမျှသောအရာတို့တွင် ကျွန်ုပ်တို့အား အဦးဆုံးသောအသီးကဲ့သို့ ဖြစ်စေရန် ဖြစ်၏။
ထိုကြောင့် အမျိုးမျိုးသော ညစ်ညူးခြင်း၊ ယုတ်ညံ့ခြင်းအပေါင်းတို့ကို ဖယ်ရှား၍ သင်တို့နှလုံးသား၌ ထည့်သွင်းထားသော တရားတော်ကို နှိမ့်ချစွာ လက်ခံကြလော့။ ထိုတရားတော်သည် သင်တို့ကို ကယ်တင်နိုင်၏။
တစ်ချိန်က သင်တို့သည် ဘုရားသခင်၏လူမျိုးမဟုတ်သော်လည်း ယခု သင်တို့သည် ဘုရားသခင်၏လူမျိုးဖြစ်ကြပြီ။ တစ်ချိန်က သင်တို့သည် ကရုဏာတော်ကို မခံစားရသော်လည်း ယခုတွင် ကရုဏာတော်ကို ခံစားကြရပြီ။
ထို့နောက် အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ကိုကိုင်လျက် အရှေ့အရပ်မှ တက်လာသော ကောင်းကင်တမန်တစ်ပါးကို ကျွန်ုပ်မြင်ရ၏။ မြေကြီးနှင့်ပင်လယ်ကို ဖျက်ဆီးရန်အတွက် အခွင့်အာဏာရရှိထားသော ကောင်းကင်တမန်လေးပါးအား သူက ကျယ်လောင်စွာ ကြွေးကြော်သည်မှာ