ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
ဟေဗြဲ 6:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နှစ်ခြင်းမင်္ဂလာ၊ လက်တင်မင်္ဂလာပေးခြင်း၊ သေခြင်းမှရှင်ပြန်ထမြောက်ခြင်း၊ ထာဝရတရားစီရင်ခြင်း စသည့် အခြေခံသွန်သင်ချက်တို့၌ ထပ်မံအခြေမပြုဘဲနေကြစို့။ Common Language Bible ငါတို့သည်ဗတ္တိဇံမင်္ဂလာ၊ သိက္ခာတင်မင်္ဂလာ၊ သေခြင်းမှရှင်ပြန်ထမြောက်ခြင်းနှင့် ထာဝရ တရားစီရင်တော်မူခြင်းအကြောင်းတို့ကို သင်တို့အားသင်ကြားပြီးဖြစ်သည်။- မြန်မာ့စံမီသမ္မာကျမ်း ဗတ္တိဇံနှင့်ဆိုင်သောသွန်သင်ခြင်း၊ လက်တင်ခြင်း၊ သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်း၊ ထာဝရပြစ်ဒဏ်စီရင်ခြင်း စသည့်အကြောင်းအရာများ၌ ထပ်၍အခြေမပြုဘဲနေကြကုန်စို့။ |
ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
သို့ရာတွင် ယောဟန်က “အကျွန်ုပ်သာလျှင် ကိုယ်တော်ထံ၌ နှစ်ခြင်းမင်္ဂလာကို ခံယူသင့်သူ ဖြစ်ပါ၏။ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်ထံ ကြွလာပါသနည်း” ဟု ဆိုကာ တားမြစ်လေ၏။
ယုံကြည်၍ နှစ်ခြင်းမင်္ဂလာ ခံယူသောသူတို့သည် ကယ်တင်တော်မူခံရမည်။ သို့သော် ယုံကြည်ရန် ငြင်းဆိုသောသူတို့သည် အပြစ်စီရင်တော်မူခံရမည်။
ထိုနည်းတူ ဈေးမှ ပြန်လာသောအခါ၌လည်း လက်ကို မဆေးကြောဘဲ စားလေ့မရှိကြ။ ထို့ပြင် ခွက်၊ ကရားနှင့် ကြေးဖလားတို့ကို ဆေးကြောခြင်းအစဉ်အလာစသည့် အခြားသော ဓလေ့ထုံးတမ်းများလည်း ရှိ၏။)
သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ လူတို့၏ ဓလေ့ထုံးတမ်းများကို အစားထိုးလိုက်နာကြ၏” ဟု မိန့်တော်မူ၏။
သို့သော် အစာမသုံးဆောင်မီ ကိုယ်တော်သည် ဂျူးဓလေ့ထုံးတမ်းအရ လိုက်နာရသောလက်ဆေးခြင်းအစဉ်အလာ ပြုတော်မမူသည်ကို ထိုဖာရိရှဲသည် မြင်၍ အံ့သြလေ၏။
ငါခံရမည့် နှစ်ခြင်းမင်္ဂလာတစ်ပါးရှိ၏။ ထိုနှစ်ခြင်းမင်္ဂလာကို မခံမီအထိ ငါသည် အလွန်စိတ်ဖိစီးလှ၏။
ထိုသို့ ကျေးဇူးမတုံ့ပြန်နိုင် သူများကို ဖိတ်ခေါ်သည့်အတွက် သင်သည် မင်္ဂလာရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဖြောင့်မတ်သောသူများ ထမြောက်မည့်ကာလ၌ ဘုရားသခင်သည် သင့်အား ကျေးဇူးတုံ့ပြန်လိမ့်မည်” ဟု မိန့်တော်မူ၏။
ယောဟန်ကလည်း “ငါသည် သင်တို့အား ရေ၌ နှစ်ခြင်းမင်္ဂလာပေး၏။ သို့ရာတွင် ငါ့ထက်ကြီးမြတ်သောအရှင်သည် မကြာမီကြွလာမည်။ ငါသည် ထိုအရှင်၏ဖိနပ်ကြိုးကို ဖြေပေးရန်ပင် မထိုက်တန်ပါ။ ထိုအရှင်သည် သင်တို့ကို သန့်ရှင်းသောဝိညာဉ်တော်၌လည်းကောင်း၊ မီး၌လည်းကောင်း နှစ်ခြင်းမင်္ဂလာပေးတော်မူလိမ့်မည်။
ထိုအရှင်ကို ယခင်က ငါမသိခဲ့။ သို့သော်လည်း ရေဖြင့်နှစ်ခြင်းမင်္ဂလာပေးရန် ငါ့ကို စေလွှတ်တော်မူသောဘုရားသခင်က ‘တစ်စုံတစ်ဦးအပေါ်သို့ ဝိညာဉ်တော်ဆင်းသက်၍ နားတော်မူသည်ကို သင်မြင်လျှင် ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာပေးသောသူဖြစ်သည်’ ဟု ငါ့ကို မိန့်တော်မူ၏။
ကောင်းမှုပြုသောသူတို့သည် သေရာမှ ထမြောက်၍ ပြန်ရှင်လိမ့်မည်။ မကောင်းမှုပြုသောသူတို့သည် သေရာမှထမြောက်၍ အပြစ်စီရင်ခြင်းခံရလိမ့်မည်။
“ကျွန်ုပ်တို့ကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိသော ဤသူတို့အား ရေ၌ နှစ်ခြင်းမင်္ဂလာမပေးနိုင်ရန် မည်သူတားဆီးနိုင်မည်နည်း” ဟု ဆိုကာ
ထို့နောက် အစာရှောင်၍ ဆုတောင်းလျက် ထိုသူတို့အပေါ် လက်တင်ပြီးနောက် စေလွှတ်လိုက်ကြ၏။
သူနှင့် အိမ်သူအိမ်သားအားလုံးတို့သည် နှစ်ခြင်းမင်္ဂလာကို ခံယူပြီးလျှင် လုဒိက “ကျွန်မသည် သခင်ဘုရားအား အမှန်ပင်ယုံကြည်သောသူဖြစ်သည်ဟု သင်တို့သတ်မှတ်ပါက အိမ်သို့လာ၍ တည်းခိုကြပါ” ဟု ကျွန်ုပ်တို့အား ဖျောင်းဖျလေ၏။
ထိုညတွင်းချင်းပင် ထောင်မှူးသည် သူတို့ကိုခေါ်၍ ဒဏ်ရာများကို ဆေးကြောပေး၏။ ထိုသို့ပြုပြီးနောက် သူနှင့် အိမ်သားအားလုံးသည် ချက်ချင်းပင် နှစ်ခြင်းမင်္ဂလာကို ခံယူကြ၏။
ဧပိကုရု၏တပည့်များနှင့် သတောအိတ်အတွေးခေါ်ပညာရှင် တချို့သည်လည်း သူနှင့်အတူ အချေအတင်ငြင်းခုံဆွေးနွေးကြ၏။ တချို့က “ဤစကားအိုးသည် မည်သည့်အရာကို ပြောလိုသနည်း” ဟု ပြောကြ၏။ အခြားသူတို့ကလည်း “သူသည် တိုင်းတစ်ပါး နတ်ဘုရားများအကြောင်းကို ပြောပြနေဟန်ရှိ၏” ဟု ဆိုကြ၏။ ဤသို့ပြောဆိုခြင်းမှာ ပေါလုသည် ယေရှုအကြောင်းနှင့် သေရာမှပြန်ရှင်ခြင်းအကြောင်းတို့ကို ဟောပြောနေသောကြောင့်ဖြစ်၏။
ပေတရုက “သင်တို့အပြစ်များကို ခွင့်လွှတ်ခြင်းခံရရန် နောင်တရလျက် ယေရှုခရစ်တော်၏အမည်နာမ၌ သင်တို့အားလုံး နှစ်ခြင်းမင်္ဂလာခံယူကြလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော လက်ဆောင်ကို လက်ခံရရှိလိမ့်မည်။
ပေတရု၏ဟောပြောသွန်သင်ချက်ကို လက်ခံယုံကြည်သောသူတို့သည် နှစ်ခြင်းမင်္ဂလာခံယူကြသဖြင့် ထိုနေ့၌ ယုံကြည်သည့်လူဦးရေသုံးထောင်ခန့် တိုးပွားလာ၏။
လွှတ်တော်အဖွဲ့ဝင်တချို့မှာ ဇဒ္ဒုကဲများဖြစ်၍ တချို့မှာ ဖာရိရှဲများဖြစ်သည်ကို ပေါလုသိလျှင် “ညီအစ်ကိုတို့… ကျွန်ုပ်သည် ဖာရိရှဲတစ်ဦးဖြစ်ပြီး ဖာရိရှဲ၏သားလည်း ဖြစ်ပါ၏။ ကျွန်ုပ် စစ်ဆေးမေးမြန်းခံရသည့်အကြောင်းရင်းမှာ သေလွန်သောသူတို့ရှင်ပြန်ထမြောက်မည်ဟူသော ကျွန်ုပ်၏မျှော်လင့်ချက်ကြောင့် ဖြစ်ပါ၏” ဟု လွှတ်တော်အစည်းအဝေးတွင် အော်ဟစ်၍ ပြောဆို၏။
ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ အပေါင်းတို့သည် သေရာမှပြန်ရှင်လိမ့်မည်ဟု သူတို့စောင့်မျှော်လျက်နေသကဲ့သို့ အကျွန်ုပ်သည်လည်း ဘုရားသခင်ကို အမှီပြု၍ စောင့်မျှော်လျက်နေပါ၏။
အကျွန်ုပ်သည် သူတို့ရှေ့၌ရပ်လျက် ‘သေလွန်သောသူတို့ရှင်ပြန်ထမြောက်ကြသည့်အကြောင်းအရာနှင့်ပတ်သက်၍ အကျွန်ုပ်စစ်ဆေးမေးမြန်းခံနေရပါသည်’ ဟူသော စကားကိုသာ အော်ဟစ်ပြောဆိုခဲ့ပါသည်” ဟု ဆိုလေ၏။
သို့သော် ပေါလုသည် ဖြောင့်မတ်ခြင်းတရားအကြောင်း၊ မိမိကိုယ်ကိုယ်ချုပ်တည်းခြင်းအကြောင်းနှင့် ရောက်လာမည့်တရားစီရင်ခြင်းအကြောင်းစသည်တို့ကို ပြောဆိုသောအခါ ဖေလဇ်မင်းသည် ကြောက်လန့်၍ “ယခု သင်ပြန်လော့။ နောက်မှ အချိန်အလျဉ်းသင့်သည့်အခါ သင့်ကို ငါခေါ်မည်” ဟု ဆို၏။
သေလွန်သောသူတို့အား ဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူသည်ကို ယုံဖွယ်မရှိဟု အရှင်တို့အဘယ်ကြောင့်ထင်မြင်ကြသနည်း။
တမန်တော်တို့သည် လူတို့အား ဆုံးမသွန်သင်၍ ယေရှုအားဖြင့် သေလွန်သောသူတို့ပြန်ရှင်ကြသည့်အကြောင်းကို ဟောပြောနေသောကြောင့် ထိုသူတို့သည် အလွန်စိတ်အနှောင့်အယှက်ဖြစ်ကြ၏။
ထိုသူတို့ကို တမန်တော်များရှေ့တွင် ရပ်စေကြ၏၊ တမန်တော်တို့သည်လည်း ဆုတောင်းပေးကာ ထိုသူတို့အပေါ် လက်တင်ကြ၏။
ကျွန်ုပ်ဟောပြောသော သတင်းကောင်းအရ လူအပေါင်းတို့၏ လျှို့ဝှက်သောအကြံအစည်တို့ကို ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်စီရင်တော်မူသောနေ့၌ အထက်တွင် ဖော်ပြသည့်အတိုင်း ဖြစ်ပျက်လိမ့်မည်။
သူတို့အားလုံးသည် မိုးတိမ်နှင့် ပင်လယ်ထဲ၌ မောရှေ၏ တပည့်များအဖြစ် နှစ်ခြင်းမင်္ဂလာကို ခံယူခဲ့ကြ၏။
ထိုကဲ့သို့ပင် ကျွန်ုပ်တို့အားလုံးသည် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ နှစ်ခြင်းမင်္ဂလာခံယူကြပြီး ကျွန်ုပ်တို့အားလုံးသည် ထိုဝိညာဉ်တော်တစ်ပါးတည်းကို သောက်သုံးကြ၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့အားလုံးသည် ကိုယ်ခန္ဓာ၌ ရှိစဉ် ပြုကျင့်ခဲ့သည့် ကောင်းသောအမှုအတွက်ဖြစ်စေ၊ မကောင်းသောအမှုအတွက်ဖြစ်စေ ထိုက်သင့်ရာအကျိုးအပြစ် အသီးသီးကို ခံစားရန် ခရစ်တော်၏ တရားပလ္လင်ရှေ့မှောက်သို့ ရောက်ရှိလာကြရမည်ဖြစ်သောကြောင့်ဖြစ်၏။
ကိုယ်တော်သည် အရာအားလုံးကို မိမိအာဏာစက်အောက်၌ ထားနိုင်စွမ်းရှိသောတန်ခိုးအားဖြင့် ကျွန်ုပ်တို့၏ လူ့ကိုယ်ခန္ဓာကို မိမိ၏ ဘုန်းအသရေနှင့် ပြည့်ဝသော ကိုယ်ခန္ဓာနှင့် တူစေရန် ပြောင်းလဲတော်မူလိမ့်မည်။
သင်တို့သည် နှစ်ခြင်းမင်္ဂလာခံယူခြင်းဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခံရကြ၏။ ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏ တန်ခိုးတော်ကို ယုံကြည်သဖြင့် သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်စေတော်မူခြင်းကို ခံကြရ၏။
သူတို့သည် သမ္မာတရားလမ်းမှ လွဲချော်၍ သေသောသူတို့၏ ရှင်ပြန်ထမြောက်ခြင်းသည် ဖြစ်ပျက်ပြီးလေပြီဟု ပြောဆိုလျက် လူတချို့၏ ယုံကြည်ခြင်းကို နှောင့်ယှက်ဖျက်ဆီးကြ၏။
အချို့အမျိုးသမီးများသည် မိမိတို့၏ ဆွေမျိုးများ သေရာမှ ထမြောက်လာသောကြောင့် သူတို့ကို ပြန်လည်ရရှိကြ၏။ အချို့လူတို့သည် ပိုမိုမွန်မြတ်သောဘဝသို့ ထမြောက်လိုသဖြင့် လွတ်မြောက်ခွင့်ကို လက်မခံဘဲ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံကြ၏။
ထိုအရာတို့သည် အစားအသောက်များ၊ အမျိုးမျိုးသော စင်ကြယ်စေခြင်းဝတ်များဖြစ်၍ အပြင်ပိုင်းနှင့်ဆိုင်သော စည်းမျဉ်းများသာ ဖြစ်ကြ၏။ ၎င်းတို့သည် အသစ်ပြုပြင်တော်မူမည့်အချိန်အထိသာ တည်ရှိကြရ၏။
ဘုရားသခင်သည် ထိုနှုတ်ကပတ်တော်အားဖြင့် ယခုလက်ရှိ ကောင်းကင်နှင့် မြေကြီးကို မီးနှင့် တရားစီရင်မည့်နေ့တိုင်အောင် ဆက်လက်တည်ရှိစေတော်မူ၏။ ထိုနေ့၌ ကောင်းကင်နှင့် မြေကြီးသည် မီးနှင့် ဖျက်ဆီးခြင်းကို ခံရ၍ ဘုရားတရားမဲ့သောသူတို့သည်လည်း ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။