ဟေဗြဲ 11:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း35 အချို့အမျိုးသမီးများသည် မိမိတို့၏ ဆွေမျိုးများ သေရာမှ ထမြောက်လာသောကြောင့် သူတို့ကို ပြန်လည်ရရှိကြ၏။ အချို့လူတို့သည် ပိုမိုမွန်မြတ်သောဘဝသို့ ထမြောက်လိုသဖြင့် လွတ်မြောက်ခွင့်ကို လက်မခံဘဲ နှိပ်စက်ညှဉ်းပန်းခြင်းကို ခံကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible35 အမျိုးသမီးတို့သည်လည်းယုံကြည်ခြင်း အားဖြင့်သေရာမှရှင်လာသောဆွေမျိုးများ တို့ကိုပြန်လည်၍ရရှိကြ၏။ အချို့သောသူတို့သည်လွတ်မြောက်ခွင့်ကို လက်မခံဘဲ သာလွန်မွန်မြတ်သည့်ဘဝသို့ ထမြောက်ဝင်စားရစေရန်နှိပ်စက်ညှဉ်းဆဲ ခြင်းကိုခံ၍သေကြကုန်၏။- အခန်းကိုကြည့်ပါ။Garrad Bible35 အ ချို့ တို့ သည် သေ ခြင်း မှ ရှင် ပြန် ထ မြောက်၍ ညာ တိ ကာ မ တို့ ထံ ပြန် ရောက် ရာ အ ချို့ တို့ သည် လွန် မြတ် သော ရှင် ပြန် ထ မြောက် ခွင့် ကို ရ စေ ရန် ဘေး လွတ် ခွင့် မ ယူ ဘဲ ချိုး ဖဲ့ ဒဏ် ခံ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible35 မိန်းမတို့သည်လည်း၊ သေခြင်းမှ ထမြောက်သော မိမိတို့သားကို ရပြန်ကြ၏။ အချို့သောသူတို့သည်၊ သာ၍မြတ်သော ထမြောက်ခြင်းသို့ ရောက်လိုသောငှာ၊ လွှတ်ခြင်းကိုမခံမယူဘဲ ပြင်းစွာသော ညှဉ်းဆဲခြင်းကို ခံကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း35 မိန်းမတို့သည်လည်း သေသောသူတို့ထဲမှရှင်ပြန်ထမြောက်စေခြင်းခံရသည့် မိမိတို့နှင့်ဆိုင်သောသူတို့ကို ပြန်လည်ရရှိကြ၏။ လူအချို့တို့သည်လည်း သာ၍မြတ်သောရှင်ပြန်ထမြောက်ခြင်းကိုရရှိရန် လွတ်မြောက်ခြင်းကိုမခံယူဘဲ ပြင်းထန်သောနှိပ်စက်ခြင်းကိုခံယူကြ၏။ အခန်းကိုကြည့်ပါ။ |
လွှတ်တော်အဖွဲ့ဝင်တချို့မှာ ဇဒ္ဒုကဲများဖြစ်၍ တချို့မှာ ဖာရိရှဲများဖြစ်သည်ကို ပေါလုသိလျှင် “ညီအစ်ကိုတို့… ကျွန်ုပ်သည် ဖာရိရှဲတစ်ဦးဖြစ်ပြီး ဖာရိရှဲ၏သားလည်း ဖြစ်ပါ၏။ ကျွန်ုပ် စစ်ဆေးမေးမြန်းခံရသည့်အကြောင်းရင်းမှာ သေလွန်သောသူတို့ရှင်ပြန်ထမြောက်မည်ဟူသော ကျွန်ုပ်၏မျှော်လင့်ချက်ကြောင့် ဖြစ်ပါ၏” ဟု လွှတ်တော်အစည်းအဝေးတွင် အော်ဟစ်၍ ပြောဆို၏။