Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဖိ​လိပ္ပိ 3:21 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ကိုယ်တော်​သည် အရာ​အားလုံး​ကို မိမိ​အာဏာစက်​အောက်​၌ ထားနိုင်စွမ်း​ရှိသော​တန်ခိုး​အားဖြင့် ကျွန်ုပ်တို့​၏ လူ့​ကိုယ်ခန္ဓာ​ကို မိမိ​၏ ဘုန်းအသရေ​နှင့် ပြည့်ဝသော ကိုယ်ခန္ဓာ​နှင့် တူ​စေရန် ပြောင်းလဲတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို​မိ​မိ​၏​အာ​ဏာ စက်​အောက်​တွင်​ရောက်​စေ​တော်​မူ​သော​တန်​ခိုး​တော် အား​ဖြင့် ငါ​တို့​၏​သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ် ခန္ဓာ​ကို​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ကိုယ်​ခန္ဓာ တော်​နှင့်​တူ​အောင် ပြောင်း​လဲ​စေ​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ထို အ ရှင် သည် အ ရာ ခပ် သိမ်း ကို ကိုယ် တော် အောက် ချ ထား နိုင် သော တန် ခိုး တော် ဖြင့် ငါ တို့၏ နိမ့် ကျ သော ကိုယ် ခ န္ဓာ ကို ဘုန်း ကြီး သော ခ န္ဓာ တော် နှင့် တူ အောင် ပြောင်း လဲ စေ​ ​တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ထို​သ​ခင်​သည် ခပ်​သိမ်း​သော​အ​ရာ​ကို​ပင် မိ​မိ​အောက်၌ နှိမ့်​ချ​နိုင်​တော်​မူ​သော ပြု​ပြင်​အား​ထုတ်​ခြင်း​အား​ဖြင့် ယုတ်​ညံ့​သော ငါ​တို့၏ ကိုယ်​ခ​န္ဓာ​ကို​ပင်၊ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော ကိုယ်​ခ​န္ဓာ​တော်၏​နည်း​တူ ဖြစ်​စေ​ခြင်း​ငှာ အ​သစ် ပြင်​ဆင်​တော်​မူ​လ​တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ထို​သခင်​သည် အရာ​ခပ်သိမ်း​တို့​ကို မိမိ​အား​နာခံ​စေ​နိုင်​သော​တန်ခိုး​အားဖြင့် ငါ​တို့​၏​ဂုဏ်​သေးသိမ်​သော​ကိုယ်ခန္ဓာ​ကို မိမိ​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ကိုယ်ခန္ဓာ​နှင့်​တူညီ​စေရန် ပြောင်းလဲ​စေ​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဖိ​လိပ္ပိ 3:21
18 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ သူတို့​ရှေ့တွင် ယေရှု​၏ အဆင်းသဏ္ဌာန်တော်​ပြောင်းလဲလေ၏။ မျက်နှာတော်​သည် နေ​ကဲ့သို့​ထွန်းလင်း​ပြီး အဝတ်တော်တို့​သည် အလင်း​ကဲ့သို့ ဖြူ​လာ၏။


ယေရှု​က “သင်တို့​သည် ကျမ်းစာ​ကို​လည်းကောင်း၊ ဘုရားသခင်​၏​တန်ခိုးတော်​ကို​လည်းကောင်း မသိ​သောကြောင့် အယူလွဲနေကြ၏။


ထိုအခါ ယေရှု​သည် တပည့်တော်တို့​ထံ ချဉ်းကပ်တော်မူ​၍ “ငါ့​ခမည်းတော်​သည် ကောင်းကင်​နှင့် မြေကြီး​ပေါ်၌ ရှိသမျှသော အခွင့်အာဏာ​အားလုံး​ကို ငါ့​ထံ အပ်နှင်းတော်မူပြီ။


ဘုရားသခင်​သည် မိမိ​လူတို့​ကို ကြိုတင်​သိတော်မူ​၍ ထို​သူတို့​ကို မိမိ​သားတော်​ကဲ့သို့ ဖြစ်လာ​စေရန် ရွေးချယ်တော်မူ၏။ ဤသို့​ပြုတော်မူသည်​မှာ ညီအစ်ကို​မောင်နှမ​များစွာ​ထဲတွင် ခရစ်တော်​ကို သားဦး​ဖြစ်​စေရန်​ပင် ဖြစ်၏။


သင်တို့​၏ အသက်​ဖြစ်သော ခရစ်တော် ပြန်ကြွလာ​၍ ထင်ရှား​သောအခါ သင်တို့​သည်လည်း ကိုယ်တော်​နှင့်အတူ ဘုန်းကြီး​၍ ထင်ရှားကြ​လိမ့်မည်။


ချစ်ရသော​သူတို့… ယခု ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​သားသမီးများ​ဖြစ်ကြပြီး အနာဂတ်​တွင် မည်သို့​ဖြစ်မည်​ကို သေချာ​စွာ မသိရသေးပေ။ သို့သော် ခရစ်တော်​ကြွလာ​သောအခါ ကိုယ်တော်​ဖြစ်တော်မူသည်​အတိုင်း ဖူးမြင်ကြရမည်​ဖြစ်​၍ ကျွန်ုပ်တို့​သည် ကိုယ်တော်​နှင့်​တူကြ​လိမ့်မည်​ကို သိကြ၏။


ယခု​ရှိ​လျက်၊ ယခင်​ကလည်း​ရှိ​လျက် နောင်အခါ​၌လည်း​ကြွလာမည့် အနန္တ​တန်ခိုးရှင်​ဘုရားသခင်​က “ငါ​သည် အာလဖာ​နှင့် အိုမီဂါ ဖြစ်၏” ဟု မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ