ထိုအခါ သူဌေးသည် သူ့ကိုခေါ်၍ ‘သင့်အကြောင်း ငါကြားရသည်မှာ မည်သို့နည်း။ သင်မှတ်ထားသော ငွေစာရင်းများကို ငါ့အားပေးလော့။ သင့်ကို စီမံခန့်ခွဲသူနေရာတွင် ဆက်၍ ခန့်ထားနိုင်တော့မည်မဟုတ်’ ဟု ပြောလေ၏။
ဟေဗြဲ 13:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့ခေါင်းဆောင်များ၏စကားကို နာခံ၍ နားထောင်ကြလော့။ သူတို့သည် မိမိတို့ပြုသည့်အမှုကို ဘုရားသခင်ထံ အစီရင်ခံရမည်ဖြစ်၍ သင်တို့၏စိတ်ဝိညာဉ်ကို အစဉ်စောင့်ရှောက်ကြ၏။ သင်တို့နာခံလျှင် သူတို့သည် ဝမ်းမြောက်စွာ လုပ်ဆောင်ကြလိမ့်မည်။ မလိုက်နာလျှင် သူတို့ဝမ်းနည်းရသဖြင့် သင်တို့အတွက် မည်သည့်အကျိုးမျှ ရှိမည်မဟုတ်။ Common Language Bible သင်တို့ခေါင်းဆောင်များ၏စကားကိုနား ထောင်ကြလော့။ သူတို့ပြောသည့်အတိုင်းပြု ကြလော့။ သူတို့သည်မိမိတို့ပြုသည့်အမှု ကိုဘုရားသခင်အားအစီရင်ခံရမည် ဖြစ်၍ သင်တို့၏စိတ်ဝိညာဉ်ကိုနေ့ရောည ပါကြည့်ရှုစောင့်ရှောက်လျက်နေကြပေ သည်။ သင်တို့သည်သူတို့စကားကိုနား ထောင်ပါလျှင် သူတို့ရွှင်လန်းဝမ်းမြောက် စွာလုပ်ဆောင်ကြလိမ့်မည်။ သို့မဟုတ်လျှင် သူတို့ဝမ်းနည်းရကြသဖြင့်သင်တို့ တွင်အဘယ်သို့မျှအကျိုးရှိလိမ့်မည် မဟုတ်။ Garrad Bible အ ကြောင်း ပြ ရ မည့် သူ များ အ ဖြစ် သင် တို့ ဝိ ညာဉ် အ တွက် စောင့် ရှောက် သော အ ကြီး အ မှူး တို့၏ စ ကား ကို နား ထောင် ဝန် ခံ လျက် နေ ကြ လော့။ သို့ မှ သူ တို့ သည် သင် တို့ အ ကျိုး ယုတ် စေ မည့် ညည်း တွား ခြင်း ဖြင့် မ ဟုတ်၊ အား ရ ဝမ်း မြောက် စွာ ဆောင် ရွက် ခွင့် ရ ကြ လိမ့် မည်။ Judson Bible သင်တို့ကို အုပ်သောသူတို့၏ စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့၊ သူတို့သည် ကိုယ်တိုင် စစ်ကြောခြင်းကို ခံရသောသူကဲ့သို့၊ သင်တို့ စိတ်ဝိညာဉ်၏ အကျိုးအလိုငှာ စောင့်နေကြ၏။ သင်တို့အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍၊ သူတို့သည် စစ်ကြောခြင်းကို ခံရမည်အကြောင်း သတိပြုလျက်နေကြလော့။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏ခေါင်းဆောင်များသည် ဖြေရှင်းချက်ပေးရမည့်သူအဖြစ် သင်တို့၏စိတ်ဝိညာဉ်အတွက် နိုးနိုးကြားကြားရှိနေကြသည်ဖြစ်၍ သူတို့သည် ညည်းတွားခြင်းမရှိဘဲ ဝမ်းမြောက်စွာဖြင့် ထိုအမှုကိုဆောင်ရွက်နိုင်ရန် သူတို့စကားကိုနားထောင်လျက် ကျိုးနွံနာခံကြလော့။ သို့မဟုတ်လျှင် သင်တို့အတွက် အကျိုးရှိလိမ့်မည်မဟုတ်။ |
ထိုအခါ သူဌေးသည် သူ့ကိုခေါ်၍ ‘သင့်အကြောင်း ငါကြားရသည်မှာ မည်သို့နည်း။ သင်မှတ်ထားသော ငွေစာရင်းများကို ငါ့အားပေးလော့။ သင့်ကို စီမံခန့်ခွဲသူနေရာတွင် ဆက်၍ ခန့်ထားနိုင်တော့မည်မဟုတ်’ ဟု ပြောလေ၏။
ထို့ကြောင့် သင်တို့သည် မိမိကိုယ်ကိုယ်လည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်၏အသွေးတော်နှင့် ရွေးဝယ်ထားသောဘုရားသခင်၏အသင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ထိုသိုးစုများကို ကြည့်ရှုပြုစုသူများအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခန့်ထားတော်မူ၏။
မှန်ပေ၏။ ကျွန်ုပ်တို့တစ်ဦးစီသည် မိမိတို့ပြုခဲ့သမျှကို ဘုရားသခင်ရှေ့တော်၌ တင်ပြအစီရင်ခံရမည်။
ထိုသို့ဆက်ကပ်ထားသော သူများမှစ၍ သူတို့နှင့်အတူ လုပ်ကိုင်လျက် ကြိုးစားအားထုတ်နေကြသောသူအားလုံး၏ ဦးဆောင်မှုကို လိုက်နာကြရန် သင်တို့ကို ကျွန်ုပ်တိုက်တွန်းနှိုးဆော်ပါ၏။
သင်တို့အားလုံးအတွက် ကျွန်ုပ်ဆုတောင်းတိုင်း ဝမ်းမြောက်စွာ ဆုတောင်းပေးလျက် ရှိ၏။
ထို့ကြောင့် ချစ်ရသောသူတို့… သင်တို့သည် ကျွန်ုပ်သင်တို့နှင့်အတူ ရှိသောအချိန်၌သာမက အထူးသဖြင့် ယခုကျွန်ုပ်မရှိသောအချိန်၌လည်း ဘုရားသခင်ကို အမြဲတစေ နာခံခဲ့ကြ၏။ ထိုနည်းတူ ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် မိမိတို့သည် ကယ်တင်ခံရပြီးသောသူများဖြစ်ကြောင်း ပေါ်လွင်စေရန် ကြိုးစားအားထုတ်ကြလော့။
ထာဝရအသက်ကို ပေးသည့် နှုတ်ကပတ်တရားတော်ကို မြဲမြံစွာ စွဲကိုင်ကြလော့။ ထိုသို့ ပြုလျှင် ကျွန်ုပ်ကြိုးစားအားထုတ်၍ လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးမဟုတ်သောကြောင့် ခရစ်တော်ပြန်ကြွလာသည့်အချိန်၌ ဂုဏ်ယူဝင့်ကြွားနိုင်လိမ့်မည်။
သို့ဖြစ်၍ သခင်ဘုရား၏လူ ဖြစ်သည်ကို ထောက်လျက် သူ့အား အလွန်ဝမ်းမြောက်စွာ ကြိုဆိုကြလော့။ ဤကဲ့သို့သောလူတို့ကို ရိုသေကြလော့။
ယခင်က သင်တို့ကို ကျွန်ုပ် မကြာခဏ ပြောသကဲ့သို့ ယခုလည်း မျက်ရည်ကျလျက် ထပ်မံပြောလိုသည်မှာ လူများစွာတို့သည် လက်ဝါးကပ်တိုင်၌ ခရစ်တော်အသေခံတော်မူခြင်း၏ အဓိပ္ပာယ်ကို မိမိတို့၏ ပြုမူနေထိုင်ပုံဖြင့် ဖျက်ဆီးလျက်ရှိကြောင်း ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့ကို ကျွန်ုပ် အလွန်ချစ်၍ လွမ်းဆွတ်သတိရပါ၏။ သင်တို့ကြောင့် ကျွန်ုပ်ဝမ်းမြောက်ရပြီး သင်တို့သည် ကျွန်ုပ်ရရှိသော ဆုသရဖူ ဖြစ်ပါ၏။ ချစ်ရသောသူတို့… ကျွန်ုပ်ပြောဆိုခဲ့သည့်အတိုင်း သခင်ဘုရားအား သစ္စာရှိလျက် ခိုင်မြဲစွာ ရပ်တည်ကြလော့။
တစ်စုံတစ်ယောက်သည် ဤစာတွင် ပါသော ညွှန်ကြားချက်များကို နားမထောင်လျှင် ထိုသူကို အရှက်ရစေရန် မှတ်သားထား၍ ထိုသူနှင့် မပေါင်းဖော်ကြနှင့်။
အသင်းတော်ကို ကောင်းမွန်စွာ ဦးဆောင်စီမံသောသင်းအုပ်များ၊ အထူးသဖြင့် တရားဟောခြင်းနှင့် သွန်သင်ပေးခြင်းတို့ကို ကြိုးစား၍ ဆောင်ရွက်သော သင်းအုပ်များသည် နှစ်ဆသောထောက်ပံ့ခြင်းကို ရထိုက်၏။
သင်တို့၏ ခေါင်းဆောင်များနှင့် ယုံကြည်သူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။ အီတလီပြည်မှ လာသောသူတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြောခဲ့သော သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏ အသက်ရှင်နေထိုင်ပုံမှ ရရှိသော အကျိုးရလဒ်ကို ဆင်ခြင်၍ သူတို့၏ ယုံကြည်ခြင်းကို အတုယူကြလော့။
ထို့ကြောင့် ဘုရားသခင်ကို နာခံကြလော့။ မာရ်နတ်ကို ဆန့်ကျင်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်ပြေးသွားလိမ့်မည်။
ထိုနည်းတူ ငယ်ရွယ်သောသူတို့… အသင်းတော်အကြီးအကဲတို့ကို နာခံကြလော့။ တစ်ဦးကိုတစ်ဦး အချင်းချင်း ဆက်ဆံရာ၌ နှိမ့်ချသောစိတ်ကို တန်ဆာဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “မာနထောင်လွှားသောသူတို့ကို ဘုရားသခင်သည် ဆန့်ကျင်၍ နှိမ့်ချသောသူတို့ကို ကျေးဇူးပြုတော်မူ၏” ဟု ဆိုထားသောကြောင့်ဖြစ်၏။