Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 16:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ထိုသို့​ဆက်ကပ်ထားသော သူများ​မှစ၍ သူတို့​နှင့်အတူ လုပ်ကိုင်​လျက် ကြိုးစားအားထုတ်​နေကြသောသူ​အားလုံး​၏ ဦးဆောင်မှု​ကို လိုက်နာကြ​ရန် သင်တို့​ကို ကျွန်ုပ်​တိုက်တွန်းနှိုးဆော်ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ထို သို့ သော သူ တို့ မှ စ၍ ကူ ညီ ဆောင် ရွက် သူ တိုင်း၏ အ နော် အ တာ ကို ခံ ကြ စေ ရန် ငါ နှိုး ဆော်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ထို​သို့​သော သူ​တို့၏ အုပ်​စိုး​ခြင်း​ကို​လည်း​ကောင်း၊ ငါ​တို့​နှင့် အ​တူ​လုပ်​ကိုင်၍ အ​မှု​ဆောင်​သော​သူ​ရှိ​သ​မျှ​တို့၏ အုပ်​စိုး​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​ဝန်​ခံ​ကြ​မည်​အ​ကြောင်း ငါ​တောင်း​ပန်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ထိုသို့သော​သူ​တို့​မှစ၍ သူ​တို့​နှင့်အတူ​လုပ်ဆောင်​လျက် ကြိုးစား​အားထုတ်​နေ​သော​သူ​အားလုံး​တို့​ကို​နာခံ​ကြ​ရန် သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 16:16
20 ပူးပေါင်းရင်းမြစ်များ  

သခင်ဘုရား​၏ အမှုတော်​ကို ကြိုးစား​လုပ်ဆောင်ကြသည့် အမျိုးသမီးများ​ဖြစ်သော တရုဖဲန​နှင့် တရုဖောသ​ကို​လည်းကောင်း၊ အလုပ်​အလွန်​ကြိုးစားသည့် ချစ်သော ပေရသိ​ကို​လည်းကောင်း နှုတ်ဆက်ပေးကြလော့။


ယေရှု​ခရစ်တော်​၏ အမှုတော်​ကို ဆောင်ရွက်သည့် ကျွန်ုပ်​၏ လုပ်ဖော်ကိုင်ဖက်များ​ဖြစ်ကြသော ပြစ်ကိလ​နှင့် အာကုလ​တို့​ကို နှုတ်ဆက်ပေးကြလော့။


သင်တို့​အတွက် အလုပ်​အလွန်​ကြိုးစားသော မာရိ​ကို နှုတ်ဆက်ပေးကြလော့။


ခရစ်တော်​၏ အမှုတော်​ကို ဆောင်ရွက်သည့် ကျွန်ုပ်​၏ လုပ်ဖော်ကိုင်ဖက်များ​ဖြစ်ကြသော ဥရဗန်​နှင့် ကျွန်ုပ်​ချစ်သော​မိတ်ဆွေ သတာခု​ကို နှုတ်ဆက်ပေးကြလော့။


အသင်းတော်​အတွက် ဘုရားသခင် ခန့်ထားသော အစိတ်အပိုင်းများ​မှာ ပထမ​အနေဖြင့် တမန်တော်များ၊ ဒုတိယ​အနေဖြင့် ပရောဖက်များ၊ တတိယ​အနေဖြင့် ဆရာများ၊ ထို့နောက် အံ့ဖွယ်​တန်ခိုး​ကို ပြသူများ၊ ရောဂါ​ပျောက်ကင်းစေနိုင်သော ဆုကျေးဇူး​ကို ရရှိထားသူများ၊ အများ​ကို ကူညီဖေးမသူများ၊ ဦးဆောင်​လမ်းပြနိုင်သူများ၊ ဘာသာစကား​အမျိုးမျိုး​ကို ပြောနိုင်သူများ စသည်တို့​ဖြစ်ကြ၏။


ကျွန်ုပ်တို့​သည် ဘုရားသခင်​၏ အမှုတော်​လုပ်ငန်း​တွင် လုပ်ဖော်ကိုင်ဖက်များ​ဖြစ်ကြ၏။ သင်တို့​သည် ဘုရားသခင်​၏ ဥယျာဉ်​ဖြစ်ကြ၏။ ဘုရားသခင်​၏ အဆောက်အအုံ​လည်း ဖြစ်ကြ၏။


ခရစ်တော်​ကို ရိုသေသော​စိတ်​ဖြင့် တစ်ဦး​ကို တစ်ဦး နာခံကြလော့။


ကျွန်ုပ်​၏ စစ်မှန်သော​လုပ်ဖော်ကိုင်ဖက်… ဤ​အမျိုးသမီး​နှစ်ဦး သင့်မြတ်​ရန် ကူညီပါလော့ ဟု သင့်​ကို ကျွန်ုပ် တောင်းဆိုပါ၏။ သူတို့​သည် အသက်​စာစောင်​တွင် အမည်​ပါရှိသော ကလေမင်​မှစ၍ အခြား​လုပ်ဖော်ကိုင်ဖက်များ​နှင့်တကွ သတင်းကောင်း​ကို ဟောပြော​ရာတွင် ကျွန်ုပ်​နှင့်အတူ လက်တွဲ​ကြိုးပမ်းခဲ့ကြသူများ ဖြစ်၏။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့ မည်မျှ​ပင်ပန်း​စွာ လုပ်ဆောင်ကြသည်​ကို သင်တို့ မှတ်မိကြ၏။ ကျွန်ုပ်တို့​သည် သင်တို့​ကို ဘုရားသခင်​၏ သတင်းကောင်း ဟောပြောသည့်​အချိန်​တွင် မိမိတို့​၏ ဝမ်းစာ​အတွက် မည်သူ့​ကိုမျှ ဝန်ထုပ်ဝန်ပိုး​မဖြစ်​စေရန် နေ့ရောညပါ အလုပ်​လုပ်ခဲ့ကြ၏။


ညီအစ်ကို​မောင်နှမ​တို့… ကျွန်ုပ်တို့ တိုက်တွန်း​လို၏။ သင်တို့​အထဲ​တွင် အမှုတော်​ကို ကြိုးစား​ဆောင်ရွက်​၍ ဝိညာဉ်​ရေးရာ​၌ ဦးဆောင်ပြီး သင်တို့​ကို သတိပေး​ဆုံးမ​သွန်သင်နေသော​သူများ​ကို ရိုသေလေးစားကြလော့။


အသင်းတော်​ကို ကောင်းမွန်စွာ ဦးဆောင်​စီမံသော​သင်းအုပ်များ၊ အထူး​သဖြင့် တရားဟောခြင်း​နှင့် သွန်သင်ပေးခြင်းတို့​ကို ကြိုးစား​၍ ဆောင်ရွက်သော သင်းအုပ်များ​သည် နှစ်ဆသော​ထောက်ပံ့ခြင်း​ကို ရထိုက်၏။


သင်တို့​ခေါင်းဆောင်များ​၏​စကား​ကို နာခံ​၍ နားထောင်ကြလော့။ သူတို့​သည် မိမိတို့​ပြုသည့်​အမှု​ကို ဘုရားသခင်​ထံ အစီရင်​ခံရမည်​ဖြစ်၍ သင်တို့​၏​စိတ်ဝိညာဉ်​ကို အစဉ်​စောင့်ရှောက်ကြ၏။ သင်တို့​နာခံ​လျှင် သူတို့​သည် ဝမ်းမြောက်​စွာ လုပ်ဆောင်ကြ​လိမ့်မည်။ မလိုက်နာ​လျှင် သူတို့​ဝမ်းနည်းရ​သဖြင့် သင်တို့​အတွက် မည်သည့်​အကျိုး​မျှ ရှိမည်​မဟုတ်။


သင်တို့​၏ ခေါင်းဆောင်များ​နှင့် ယုံကြည်သူ​အပေါင်းတို့​ကို နှုတ်ဆက်ကြလော့။ အီတလီပြည်မှ လာသော​သူတို့​သည် သင်တို့​ကို နှုတ်ဆက်လိုက်ပါ၏။


အဘယ်ကြောင့်ဆိုသော် ဘုရားသခင်​သည် မဖြောင့်မတ်သော​အရှင် မဟုတ်။ ဘုရားသခင်​သည် သင်တို့​ပြုသော​အမှု​ကို​လည်းကောင်း၊ ယုံကြည်သူတို့​ကို ယခင်​က အစေခံ​သကဲ့သို့ ယခု​ဆက်လက် အစေခံရာ​တွင် ထားသော​သင်တို့​၏ ချစ်ခြင်းမေတ္တာ​ကို​လည်းကောင်း အသိအမှတ်​မပြုဘဲ နေတော်မူမည်​မဟုတ်။


ထိုနည်းတူ ငယ်ရွယ်သော​သူတို့… အသင်းတော်​အကြီးအကဲတို့​ကို နာခံကြလော့။ တစ်ဦး​ကို​တစ်ဦး အချင်းချင်း ဆက်ဆံရာ​၌ နှိမ့်ချသော​စိတ်​ကို တန်ဆာ​ဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ​၌ “မာန​ထောင်လွှားသော​သူတို့​ကို ဘုရားသခင်​သည် ဆန့်ကျင်​၍ နှိမ့်ချသော​သူတို့​ကို ကျေးဇူးပြုတော်မူ၏” ဟု ဆိုထား​သောကြောင့်​ဖြစ်၏။


ထို့ကြောင့် ကျွန်ုပ်တို့​သည် သမ္မာတရား​အတွက် ထို​သူတို့​၏ လုပ်ဖော်ကိုင်ဖက်​ဖြစ်​နိုင်ရန် ထိုသို့သော​သူများ​ကို ကူညီထောက်ပံ့​သင့်၏။


သင်​သည် စိတ်မပျက်ဘဲ သည်းခံ​လျက် ငါ​၏​နာမ​ကို ထောက်​၍ ဒုက္ခ​ခံခဲ့၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ