လူသားကို လူမျိုးခြားတို့၏လက်သို့ အပ်နှံ၍ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်တွင် သတ်ခြင်း စသည်တို့ကိုပြုစေလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
ဟေဗြဲ 11:36 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အချို့မှာမူ လှောင်ပြောင်ခြင်း၊ ရိုက်ပုတ်ခြင်းကို ခံရပြီး သံကြိုးနှင့် ချည်နှောင်ခံရကာ ထောင်ချခံကြရ၏။ Common Language Bible အချို့သောသူတို့သည်ကဲ့ရဲ့ရိုက်နှက်ခြင်းကို ခံကြရ၏။ အချို့သူတို့သည်ကားသံကြိုးဖြင့် ချည်နှောင်ကာအကျဉ်းချခြင်းကိုခံရကြ၏။- Garrad Bible ဤ လော က ထက် မြတ် သူ အ ချို့ တို့ သည် သ ရော် ခြင်း၊ ရိုက် နှက် ခြင်း သာ မ က ချည် နှောင် ခြင်း၊ ထောင် ချ ခြင်း များ ဖြင့် စုံ စမ်း ခံ လျက် ခဲ ပစ် ခြင်း၊ သွေး ဆောင် ခြင်း၊ လွှ ဖြတ် ခြင်း၊ ဓား ခုတ် ခြင်း များ ကို ခံ ကြ သည့် ပြင် သိုး ရေ၊ ဆိတ် ရေ ဝတ် လျက်၊ ခို ရာ မဲ့ လျက်၊ ညှဉ်း ပန်း ခြင်း နှိပ် စက် ခြင်း ခံ လျက်၊ တော တောင် ဥ မင် လှိုင် များ တွင် လှည့် ပြောင်း၍ နေ ကြ၏။ Judson Bible အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ချည်နှောင်ခြင်းကိုခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်းကို ခံရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အချို့သောသူတို့မူကား ကဲ့ရဲ့ခြင်း၊ ကြိမ်ဒဏ်ပေးခြင်းတို့ကိုခံရသည်သာမက ထောင်ထဲ၌ချုပ်နှောင်ထားခြင်းကိုလည်းခံခဲ့ကြရ၏။ |
လူသားကို လူမျိုးခြားတို့၏လက်သို့ အပ်နှံ၍ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်တွင် သတ်ခြင်း စသည်တို့ကိုပြုစေလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
သို့သော် စပျစ်ခြံလုပ်သားများက သူ၏အစေခံများကို ဖမ်းချုပ်လျက် တစ်ဦးကိုရိုက်၍ တစ်ဦးကိုသတ်ကာ တစ်ဦးကို ကျောက်ခဲနှင့်ပေါက်ကြ၏။
ထို့ကြောင့် ငါသည် ပရောဖက်များ၊ ပညာရှင်များနှင့် ကျမ်းတတ်ဆရာများကို သင်တို့ထံ စေလွှတ်မည်။ သို့သော် သင်တို့သည် တချို့ကို လက်ဝါးကပ်တိုင်တွင် သတ်ကြလိမ့်မည်။ တချို့ကို ဝတ်ပြုဆောင်များတွင် ရိုက်၍ တစ်မြို့ပြီးတစ်မြို့ လိုက်လံဖမ်းဆီးကြလိမ့်မည်။
ထိုအခါ ပိလတ်မင်းသည် ဗာရဗ္ဗကို လွှတ်ပေးလေ၏။ ယေရှုကိုမူ ကျာပွတ်ဖြင့် ရိုက်နှက်စေပြီး လက်ဝါးကပ်တိုင်ပေါ်တွင် သတ်ရန် ရောမစစ်သားများထံသို့ အပ်လိုက်၏။
သူတို့သည် လူသားကို ပြက်ရယ်ပြု၍ တံတွေးနှင့် ထွေးကြလိမ့်မည်။ ကြိမ်ဒဏ်ပေး၍ ရိုက်နှက်ကြပြီး အသေသတ်ကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့တွင် သူသည် သေခြင်းမှ ထမြောက်လိမ့်မည်” ဟူ၍ မိမိ၌ ဖြစ်ပျက်မည့်အကြောင်းအရာတို့ကို မိန့်တော်မူ၏။
လူသားသည် လူမျိုးခြားတို့၏လက်သို့ အပ်နှံခြင်းခံရ၍ ပြက်ရယ်ပြုခြင်း၊ စော်ကားခြင်း၊ တံတွေးနှင့်ထွေးခြင်းတို့ကို ခံရလိမ့်မည်။
ဟေရုဒ်နှင့် သူ၏စစ်သည်တော်များကလည်း ကိုယ်တော်ကို မထီလေးစားဆက်ဆံ၍ ပြက်ရယ်ပြုကာ အလွန်တင့်တယ်သောဝတ်ရုံကို ဝတ်စေလျက် ပိလတ်မင်းထံသို့ ပြန်ပို့လိုက်၏။
ထိုအခါ တပ်မှူးကြီးသည် အနားသို့လာကာ ပေါလုကိုဖမ်းဆီး၍ သံကြိုးနှစ်ချောင်းဖြင့်ချည်နှောင်ထားရန် အမိန့်ပေး၏။ ထို့နောက် သူက ပေါလုမည်သူဖြစ်ကြောင်းနှင့် မည်သည့်အမှုပြုခဲ့ကြောင်းကို လူထုပရိသတ်တို့အား စတင်မေးမြန်းလေ၏။
နှစ်နှစ်ကြာသော် ပေါကိဖေတ္တုမင်းသည် ဖေလဇ်မင်းနေရာကို ဆက်ခံလေ၏။ ဖေလဇ်မင်းသည် ဂျူးတို့အား ကျေးဇူးပြုလိုသဖြင့် ပေါလုကို အကျဉ်းချထားရစ်လေ၏။
သူတို့သည် ပေတရုနှင့် ယောဟန်တို့ကို ဖမ်းဆီး၍ ညနေစောင်းပြီဖြစ်သောကြောင့် အချုပ်ခန်းတွင် နောက်တစ်နေ့တိုင်အောင် ချုပ်ထားကြ၏။
သူတို့သည် ဂါမလျေလ၏အဆိုကို လက်ခံကြသဖြင့် တမန်တော်တို့ကိုခေါ်၍ ကြိမ်ဒဏ်ပေးပြီးနောက် ယေရှု၏အမည်နာမကို အမှီပြုလျက် မဟောပြောရန် အမိန့်ပေးကာ လွှတ်လိုက်ကြ၏။
သို့သော် ရှောလုသည် တစ်အိမ်ဝင်၊ တစ်အိမ်ထွက်ကာ အမျိုးသား၊ အမျိုးသမီးများကို ဆွဲထုတ်၍ ထောင်ထဲသို့ပို့ခြင်းဖြင့် အသင်းတော်ကို ဖျက်ဆီးလေ၏။
ဤအကြောင်းကြောင့် လူမျိုးခြား သင်တို့အတွက် ယေရှုခရစ်တော်၏ အကျဉ်းသား ဖြစ်သော ကျွန်ုပ်ပေါလုသည် ဘုရားသခင်ထံ ဆုတောင်း၏။
သခင်ဘုရား၏ အမှုတော်ကို ထမ်းရွက်သောကြောင့် အကျဉ်းချခံရသော ကျွန်ုပ်သည် သင်တို့ကို တိုက်တွန်းနှိုးဆော်လိုသည်မှာ ရွေးချယ်တော်မူခြင်းခံရသည်နှင့်အညီ ထိုရွေးချယ်တော်မူခြင်းနှင့် သင့်လျော်စွာ ပြုမူနေထိုင်ကြရန် ဖြစ်၏။
ဩနေသိဖော်၏မိသားစုအပေါ် သခင်ဘုရား၏ ကရုဏာတော်သက်ရောက်ပါစေသော။ အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်အကျဉ်းချခံရသည်ကိုပင် မရှက်မကြောက်ဘဲ အမြဲ အားပေးနှစ်သိမ့်သောကြောင့် ဖြစ်၏။
ဤသတင်းကောင်းကြောင့် ကျွန်ုပ်သည် ရာဇဝတ်သားတစ်ယောက်ကဲ့သို့ပင် အကျဉ်းချခံ၍ ဆင်းရဲဒုက္ခခံခဲ့ရသော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကိုမူ အကျဉ်းချ၍ မရ။
သင်တို့သည် အကျဉ်းကျနေသူများအပေါ် စာနာစိတ်ထားကြ၏။ ဥစ္စာပစ္စည်းများကို အဓမ္မလုယူခံရသော်လည်း ဝမ်းမြောက်စွာ လက်ခံကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ထိုအရာများထက် ပိုမိုကောင်းမြတ်ပြီး ထာဝရတည်မြဲသောအရာများကို ပိုင်ဆိုင်ထားသည်ကို သိကြသောကြောင့်ဖြစ်၏။
သင်ခံစားရမည့်ဆင်းရဲဒုက္ခကို မကြောက်နှင့်။ ကြည့်ရှုလော့။ မာရ်နတ်သည် သင့်ကို စမ်းသပ်ရန် သင်တို့ထဲမှ တချို့ကို ထောင်ချလိမ့်မည်။ သင်သည်ဆယ်ရက်တိုင် ဆင်းရဲဒုက္ခ ခံရလိမ့်မည်။ သေသည်တိုင်အောင် သစ္စာရှိလော့။ ထိုသို့ပြုလျှင် အသက်ဆုသရဖူကို သင့်အား ငါပေးမည်။