ဟေဗြဲ 11:36 - မြန်မာ့စံမီသမ္မာကျမ်း36 အချို့သောသူတို့မူကား ကဲ့ရဲ့ခြင်း၊ ကြိမ်ဒဏ်ပေးခြင်းတို့ကိုခံရသည်သာမက ထောင်ထဲ၌ချုပ်နှောင်ထားခြင်းကိုလည်းခံခဲ့ကြရ၏။ အခန်းကိုကြည့်ပါ။Common Language Bible36 အချို့သောသူတို့သည်ကဲ့ရဲ့ရိုက်နှက်ခြင်းကို ခံကြရ၏။ အချို့သူတို့သည်ကားသံကြိုးဖြင့် ချည်နှောင်ကာအကျဉ်းချခြင်းကိုခံရကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible36-38 ဤ လော က ထက် မြတ် သူ အ ချို့ တို့ သည် သ ရော် ခြင်း၊ ရိုက် နှက် ခြင်း သာ မ က ချည် နှောင် ခြင်း၊ ထောင် ချ ခြင်း များ ဖြင့် စုံ စမ်း ခံ လျက် ခဲ ပစ် ခြင်း၊ သွေး ဆောင် ခြင်း၊ လွှ ဖြတ် ခြင်း၊ ဓား ခုတ် ခြင်း များ ကို ခံ ကြ သည့် ပြင် သိုး ရေ၊ ဆိတ် ရေ ဝတ် လျက်၊ ခို ရာ မဲ့ လျက်၊ ညှဉ်း ပန်း ခြင်း နှိပ် စက် ခြင်း ခံ လျက်၊ တော တောင် ဥ မင် လှိုင် များ တွင် လှည့် ပြောင်း၍ နေ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible36 အချို့သောသူတို့သည် ကဲ့ရဲ့ရိုက်ပုတ်ခြင်း၊ ချည်နှောင်ခြင်းကိုခံ၍ ထောင်ထဲမှာနေရသဖြင့်၊ စုံစမ်းခြင်းကို ခံရကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း36 အချို့မှာမူ လှောင်ပြောင်ခြင်း၊ ရိုက်ပုတ်ခြင်းကို ခံရပြီး သံကြိုးနှင့် ချည်နှောင်ခံရကာ ထောင်ချခံကြရ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏အမိန့်တော်အတိုင်း ငါ့ဘထွေး၏သား ဟာနမေလသည် ငါရှိရာထောင်ဝင်းသို့လာ၍ ငါ့အား ‘သင်သည် ပိုင်ဆိုင်ခွင့်၊ ရွေးနုတ်ပိုင်ခွင့်ရှိသူဖြစ်၍ ဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့ရှိ ကျွန်ုပ်၏လယ်ကို ဝယ်ယူပါလော့။ သင့်အတွက် ဝယ်ယူပါလော့’ဟု ဆို၏။ ထိုအခါ ဤစကားသည် ထာဝရဘုရား၏စကားတော်ဖြစ်ကြောင်းကို ငါသိ၏။
ထို့ကြောင့် ငါသည် ပရောဖက်များ၊ ပညာရှိများနှင့် ကျမ်းပြုဆရာများကို သင်တို့ထံသို့စေလွှတ်မည်။ ထိုအခါ သင်တို့သည် သူတို့ထဲမှ အချို့တို့ကိုသတ်၍ လက်ဝါးကပ်တိုင်ပေါ်၌တင်ကြလိမ့်မည်။ အချို့တို့ကို သင်တို့၏ဝတ်ပြုစည်းဝေးကျောင်းများ၌ ဒဏ်ခတ်ရိုက်နှက်ပြီး တစ်မြို့မှတစ်မြို့သို့ လိုက်လံညှဉ်းဆဲကြလိမ့်မည်။
သင်ခံစားရတော့မည့် ဒုက္ခဝေဒနာများကို မကြောက်နှင့်။ ကြည့်ရှုလော့။ သင်သည် စမ်းသပ်စစ်ဆေးခြင်းကိုခံရမည့်အကြောင်း မာရ်နတ်သည် သင်တို့အထဲမှ အချို့တို့ကို ထောင်ထဲ၌ထည့်ထားတော့မည်။ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ အသေခံရသည့်တိုင်အောင် သစ္စာစောင့်လော့။ သို့ပြုလျှင် အသက်သရဖူကို သင့်အား ငါပေးမည်။