ထို့နောက် သူတို့သည် ယေရှု၏ မျက်နှာတော်ကို တံတွေးနှင့် ထွေး၍ လက်သီးဖြင့် ထိုးနှက်ကြ၏။ တချို့ကလည်း ယေရှုကို ရိုက်ပုတ်လျက်
လုကာ 6:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်စုံတစ်ယောက်က သင်၏ပါးတစ်ဖက်ကို ရိုက်လျှင် ကျန်သည့်ပါးတစ်ဖက်ကိုလည်း ရိုက်ခွင့်ပေးလော့။ သင်၏ဝတ်ရုံကို ယူသောသူအား အတွင်းအင်္ကျီကိုပါ ပေးလော့။ Common Language Bible သင်၏ပါးတစ်ဖက်ကိုရိုက်သူအားအခြား ပါးတစ်ဖက်ကိုလည်းရိုက်စေဦးလော့။ သင် ၏အပေါ်အင်္ကျီကိုယူသောသူအားရှပ်အင်္ကျီ ကိုလည်းယူခွင့်ပြုလော့။- Garrad Bible ပါး တစ် ဖက် ကို ရိုက် သော သူ့ အား တစ် ဘက် ကို ခံ ဦး လော့။ အ ပြင် အ င်္ကျီ ကို လု ယူ သူ့ အား အ တွင်း အ င်္ကျီ ကို ငြင်း ခြင်း၊ Judson Bible သင်၏ ပါးတစ်ဖက်ကို ပုတ်သောသူအား ပါးတစ်ဖက်ကို ပေးဦးလော့။ သင့်ဝတ်လုံကို သိမ်းယူသော သူအား သင့်အင်္ကျီကိုလည်း ယူစေခြင်းငှာ အခွင့်ပေးဦးလော့။- မြန်မာ့စံမီသမ္မာကျမ်း သင်၏ပါးတစ်ဖက်ကိုရိုက်သောသူအား နောက်တစ်ဖက်ကိုလည်း လှည့်ပေးဦးလော့။ သင်၏ဝတ်ရုံကိုယူသောသူအား အင်္ကျီကိုလည်း ယူခွင့်ပေးဦးလော့။ မြန်မာ သင်၏ ပါးတစ်ဖက်ကို ပုတ်သောသူအား ပါးတစ်ဖက်ကို ပေးဦးလော့။ သင့်ဝတ်လုံကို သိမ်းယူသော သူအား သင့်အင်္ကျီကိုလည်း ယူစေခြင်းငှာ အခွင့်ပေးဦးလော့။- |
ထို့နောက် သူတို့သည် ယေရှု၏ မျက်နှာတော်ကို တံတွေးနှင့် ထွေး၍ လက်သီးဖြင့် ထိုးနှက်ကြ၏။ တချို့ကလည်း ယေရှုကို ရိုက်ပုတ်လျက်
မျက်နှာတော်ကို ဖုံးအုပ်ပြီးလျှင် “သင့်ကို ရိုက်သောသူသည် မည်သူဖြစ်သည်ကို ဟောတော်မူပါ” ဟု ယေရှုအား ဆိုကြ၏။
သင့်ထံမှ တောင်းသောသူတို့အား ပေးကမ်းလော့။ သင့်ပစ္စည်းများကို ယူသောသူတို့ထံမှ ပြန်၍ မတောင်းနှင့်။
အနီးတွင် ရပ်နေသောဗိမာန်တော်အစောင့်တပ်သားတစ်ဦးက “ယဇ်ပုရောဟိတ်မင်းကို ဤသို့ဖြေရမည်လော” ဟု ဆိုကာ ယေရှု၏ပါးတော်ကို ရိုက်လေ၏။
ထိုအခါ ယဇ်ပုရောဟိတ်မင်းအာနနိသည် ပေါလုအနား၌ ရပ်နေသောသူတို့အား သူ၏နှုတ်ကို ရိုက်ရန်အမိန့်ပေး၏။
ယခုအချိန်တိုင်အောင် ကျွန်ုပ်တို့သည် အစာရေစာငတ်ပြတ်လျက်ရှိကြ၏။ ဝတ်စရာ မလုံလောက်ကြ။ ရိုက်ပုတ်ထိုးနှက်ခြင်းကို ခံရကြ၏။ အိမ်ခြေရာခြေမဲ့ လှည့်လည်သွားလာကြရ၏။
ဤသို့ အချင်းချင်း တရားစွဲခြင်းပင်လျှင် သင်တို့အတွက် ဆုံးရှုံးမှုကြီးဖြစ်၏။ တရားစွဲမည့်အစား မတရားပြုမှုကို ခံလိုက်ခြင်းက ပို၍ ကောင်းသည်မဟုတ်လော။ လှည့်စားလိမ်ယူမှုကို ခံလိုက်ခြင်းက ပို၍ ကောင်းသည်မဟုတ်လော။
တစ်စုံတစ်ယောက်က သင်တို့ကို ကျွန်ခံစေသည်ဖြစ်စေ၊ ခေါင်းပုံဖြတ်သည်ဖြစ်စေ၊ အခွင့်ကောင်းယူသည်ဖြစ်စေ၊ အထင်သေးသည်ဖြစ်စေ၊ ပါးရိုက်သည်ဖြစ်စေ သင်တို့သည် သည်းခံကြ၏။
သင်တို့သည် အကျဉ်းကျနေသူများအပေါ် စာနာစိတ်ထားကြ၏။ ဥစ္စာပစ္စည်းများကို အဓမ္မလုယူခံရသော်လည်း ဝမ်းမြောက်စွာ လက်ခံကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ထိုအရာများထက် ပိုမိုကောင်းမြတ်ပြီး ထာဝရတည်မြဲသောအရာများကို ပိုင်ဆိုင်ထားသည်ကို သိကြသောကြောင့်ဖြစ်၏။