Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 6:30 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

30 သင့်​ထံမှ တောင်းသော​သူတို့​အား ပေးကမ်းလော့။ သင့်​ပစ္စည်းများ​ကို ယူသော​သူတို့​ထံမှ ပြန်​၍ မတောင်းနှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

30 သင့်​ထံ​တွင်​တောင်း​ခံ​လာ​သူ​တိုင်း​အား​ပေး လော့။ သင့်​ဥစ္စာ​ပစ္စည်း​များ​ကို​ယူ​သော​သူ​ထံ​မှ ပြန်​၍​မ​တောင်း​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

30 ပ စ္စည်း လု ယက် သူ့ ထံ ပြန် တောင်း ခြင်း မ ပြု ဘဲ တောင်း သူ တိုင်း အား ပေး လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 အ​ကြင်​သူ​သည် သင့်​ကို​တောင်း၏။ ထို​သူ​အား ပေး​လော့။ သင့်​ဥ​စ္စာ​ကို သိမ်း​ယူ​သော​သူ​အား ပြန်၍​မ​တောင်း​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 သင့်​ထံ တောင်း​သော​သူ​တိုင်း​အား ပေးကမ်း​လော့။ သင့်​ပစ္စည်း​များ​ကို​ယူ​သွား​သော​သူ​တို့​ထံမှ ပြန်​၍​မ​တောင်း​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

30 အ​ကြင်​သူ​သည် သင့်​ကို​တောင်း၏။ ထို​သူ​အား ပေး​လော့။ သင့်​ဥ​စ္စာ​ကို သိမ်း​ယူ​သော​သူ​အား ပြန်၍​မ​တောင်း​နှင့်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 6:30
29 ပူးပေါင်းရင်းမြစ်များ  

ထို​နည်းတူ သင်တို့​တစ်ဦးချင်း​သည် မိမိ​ညီအစ်ကို​မောင်နှမ​ကို စိတ်ရင်း​အမှန်​ဖြင့် ခွင့်မလွှတ်​လျှင် ကောင်းကင်ဘုံရှင် ငါ​၏​ခမည်းတော်​သည်လည်း သင်တို့​ကို ခွင့်လွှတ်တော်မူမည်​မဟုတ်” ဟု မိန့်တော်မူ၏။


သို့သော်လည်း သင်တို့​အား ငါ​ပြောဆိုသည်​မှာ မကောင်းသော​သူ​ကို အတိုက်အခံ​မပြုကြနှင့်။ သင်​၏ ပါး​တစ်ဖက်​ကို ရိုက်သော​သူ​အား အခြား​တစ်ဖက်​ကိုလည်း လှည့်ပေးလော့။


အကျွန်ုပ်တို့​အပေါ် ပြစ်မှားသော​သူတို့​ကို အကျွန်ုပ်တို့​သည် ခွင့်လွှတ်​သကဲ့သို့ အကျွန်ုပ်တို့​၏ အပြစ်များ​ကိုလည်း ခွင့်လွှတ်တော်မူပါ။


ထို့ကြောင့် အတွင်း​၌ ရှိသော​အရာများ​ကို ဆင်းရဲနွမ်းပါးသူ​အား ပေးကမ်းလော့။ သို့ပြုလျှင် အရာအားလုံး​သည် သင်တို့​အတွက် စင်ကြယ်​လိမ့်မည်။


သင်တို့​၏​ဥစ္စာပစ္စည်းများ​ကို ရောင်း​၍ ဆင်းရဲသော​သူတို့​အား ပေးကမ်းကြလော့။ သင်တို့​အတွက် မဆွေးမြေ့နိုင်​သည့် ပိုက်ဆံအိတ်များ​ကို ပြုလုပ်​၍ သူခိုး​မကပ်၊ ပိုး​မဖျက်ဆီးနိုင်သည့် ကောင်းကင်ဘုံ​၌ မကုန်ခန်း​နိုင်သော​ဘဏ္ဍာ​ကို သိုထားကြလော့။


ထို​သူ​၏​စကား​ကို ကြား​သောအခါ ယေရှု​က “သင်​မပြုရသေးသော​အရာ​တစ်ခု ရှိသေး၏။ သင်​၏​ဥစ္စာပစ္စည်းများ​ကို ရောင်းချ​ကာ ရသော​ငွေ​ကို ဆင်းရဲသားတို့​အား လှူဒါန်းလော့။ ထိုသို့ ပြု​လျှင် ကောင်းကင်ဘုံ​တွင် ဘဏ္ဍာ​ကို ရရှိ​လိမ့်မည်။ ပြီးမှ လာ​၍ ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။


တစ်စုံတစ်ယောက်​က သင်​၏​ပါး​တစ်ဖက်​ကို ရိုက်​လျှင် ကျန်သည့်​ပါး​တစ်ဖက်​ကိုလည်း ရိုက်ခွင့်​ပေးလော့။ သင်​၏​ဝတ်ရုံ​ကို ယူသော​သူ​အား အတွင်း​အင်္ကျီ​ကိုပါ ပေးလော့။


သင်တို့​အပေါ် ပြုစေလိုသည့်​အတိုင်း တစ်ပါးသူတို့​အပေါ် ပြုကြလော့။


ပေးကမ်း​ကြလော့။ ထိုသို့​ပြုလျှင် သင်တို့​သည်လည်း ပေးကမ်းခြင်း​ခံရ​လိမ့်မည်။ ပြည့်ရုံ​မက ပိုလျှံ​သည့်​တိုင်အောင် သင်တို့​အား ပေးကမ်းကြ​လိမ့်မည်။ သင်တို့​ချိန်တွယ်​ပေးသည့် ပမာဏ​အတိုင်း သင်တို့​အား တိုင်းတာ​ချိန်တွယ်ပေးကြ​လိမ့်မည်” ဟူ၍ ဖြစ်၏။


ဤ​အရာ​အားလုံးတို့​တွင် အလုပ်​ကို ကြိုးစား​လုပ်ဆောင်ခြင်း​အားဖြင့် ဆင်းရဲသားများ​အား မစထောက်ပံ့​ရမည်​ကို ကျွန်ုပ်​ပြသခဲ့၏။ ထို့ကြောင့် သခင်​ယေရှု​ကိုယ်တိုင် မိန့်တော်မူခဲ့သည့် ‘ပေးကမ်းခြင်း​သည် ရယူခြင်း​ထက် ပို၍​မင်္ဂလာရှိ၏’ ဟူသော စကားတော်​ကို သတိရကြလော့” ဟု ဆိုလေ၏။


ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​ကို သင်တို့​သိကြ၏။ ကိုယ်တော်​သည် ချမ်းသာ​သော်လည်း သင်တို့​၏ အကျိုး​ကို​ထောက်​၍ ဆင်းရဲ​ခံတော်မူ၏။ ထိုသို့​ဆင်းရဲ​ခံတော်မူခြင်း​မှာ သင်တို့ ချမ်းသာလာ​စေရန် ဖြစ်၏။


ခိုးတတ်သောသူ​သည် နောက်ထပ် မခိုးတော့ဘဲ လိုအပ်သော​သူတို့​အား ပေးကမ်း​ဝေမျှ​နိုင်ရန် မိမိ​လက်​ဖြင့် ကောင်းသော​အလုပ်​ကို ကြိုးစား လုပ်ဆောင်​ရမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ