Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 6:29 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 သင်​၏​ပါး​တစ်ဖက်​ကို​ရိုက်​သော​သူ​အား နောက်​တစ်ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။ သင်​၏​ဝတ်ရုံ​ကို​ယူ​သော​သူ​အား အင်္ကျီ​ကို​လည်း ယူ​ခွင့်​ပေး​ဦး​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29 သင်​၏​ပါး​တစ်​ဖက်​ကို​ရိုက်​သူ​အား​အ​ခြား ပါး​တစ်​ဖက်​ကို​လည်း​ရိုက်​စေ​ဦး​လော့။ သင် ၏​အ​ပေါ်​အင်္ကျီ​ကို​ယူ​သော​သူ​အား​ရှပ်​အင်္ကျီ ကို​လည်း​ယူ​ခွင့်​ပြု​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 ပါး တစ် ဖက် ကို ရိုက် သော သူ့ အား တစ် ဘက် ကို ခံ ဦး လော့။ အ ပြင် အ င်္ကျီ ကို လု ယူ သူ့ အား အ တွင်း အ င်္ကျီ ကို ငြင်း ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 သင်၏ ပါး​တစ်​ဖက်​ကို ပုတ်​သော​သူ​အား ပါး​တစ်​ဖက်​ကို ပေး​ဦး​လော့။ သင့်​ဝတ်​လုံ​ကို သိမ်း​ယူ​သော သူ​အား သင့်​အင်္ကျီ​ကို​လည်း ယူ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​ဦး​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

29 တစ်စုံတစ်ယောက်​က သင်​၏​ပါး​တစ်ဖက်​ကို ရိုက်​လျှင် ကျန်သည့်​ပါး​တစ်ဖက်​ကိုလည်း ရိုက်ခွင့်​ပေးလော့။ သင်​၏​ဝတ်ရုံ​ကို ယူသော​သူ​အား အတွင်း​အင်္ကျီ​ကိုပါ ပေးလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

29 သင်၏ ပါး​တစ်​ဖက်​ကို ပုတ်​သော​သူ​အား ပါး​တစ်​ဖက်​ကို ပေး​ဦး​လော့။ သင့်​ဝတ်​လုံ​ကို သိမ်း​ယူ​သော သူ​အား သင့်​အင်္ကျီ​ကို​လည်း ယူ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​ဦး​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 6:29
15 ပူးပေါင်းရင်းမြစ်များ  

မေဖိဗောရှက်​က ရှင်ဘုရင်​အား “​အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး​သည် နန်းတော်​သို့ ဘေးကင်း​စွာ​ပြန်ရောက်​ပြီ​ဖြစ်၍ သူ​သည် ဤ​မြေ​အားလုံး​ကို ယူ​ပါစေ​”​ဟု လျှောက်တင်​လေ​၏​။


ထိုအခါ ခေနာနာ​၏​သား​ဇေဒကိ​သည် မိက္ခာယ​အနား​သို့​လာ​ပြီး ပါး​ကို​ရိုက်​၏​။ ထို့နောက် “​ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သင်​နှင့်​စကားပြော​ရန် ငါ့​ထံမှ မည်သည့်​အချိန်​က​ထွက်သွား​သနည်း​”​ဟု မေး​၏​။


ရိုက်နှက်​သူ​တို့​အား ငါ့​ကျော​ကို​ပေး​၏​။ မုတ်ဆိတ်​ဆွဲနုတ်​သူ​တို့​အား ငါ့​ပါး​ကို​ပေး​၏​။ အသရေဖျက်​ခံရ​ခြင်း​၊ တံတွေးထွေး​ခံရ​ခြင်း​မှ ငါ့​မျက်နှာ​ကို ငါ​မ​လွှဲ​။


ရိုက်​လို​သော​သူ​အား ပါး​ကို​လှည့်ပေး​၍ ကဲ့ရဲ့ပြစ်တင်​သမျှ​ကို​ခံ​ပါစေ​။


အို စစ်သမီးပျို​တပ်ဖွဲ့​တို့​၊ စုဝေး​ကြ​လော့​။ ငါ​တို့ ဝိုင်းထား​ခံရ​ပြီ​။ အစ္စရေး​အုပ်ချုပ်​သူ​တို့​၏​ပါး​ကို ကြိမ်လုံး​နှင့်​ရိုက်​ကြ​ပြီ​။


ထို့နောက် သူ​တို့​သည် ကိုယ်တော်​၏​မျက်နှာ​တော်​ကို တံတွေး​နှင့်​ထွေး​လျက် ကိုယ်တော်​ကို​ထိုးနှက်​ကြ​၏။ အချို့​တို့​သည်​လည်း ကိုယ်တော်​ကို​ရိုက်ပုတ်​လျက်


မျက်နှာ​တော်​ကို​ဖုံးအုပ်​ပြီးလျှင် “သင့်​အား​မည်သူ​ရိုက်​သည်​ကို ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။


သင့်​ထံ တောင်း​သော​သူ​တိုင်း​အား ပေးကမ်း​လော့။ သင့်​ပစ္စည်း​များ​ကို​ယူ​သွား​သော​သူ​တို့​ထံမှ ပြန်​၍​မ​တောင်း​နှင့်။


ထိုသို့​မိန့်​တော်မူ​သောအခါ အနီး​၌​ရပ်​နေ​သော အစောင့်​တပ်သား​တစ်​ဦး​က “ယဇ်ပုရောဟိတ်​မင်း​ကို ဤသို့​ပြန်​ပြော​ရ​သလော”​ဟု ဆို​လျက် ယေရှု​ကို​ရိုက်ပုတ်​လေ​၏။


ထိုအခါ ယဇ်ပုရောဟိတ်​မင်း​အာနနိ​သည် သူ့​အနီး​၌​ရပ်​နေ​သော​သူ​တို့​အား သူ​၏​နှုတ်​ကို​ရိုက်​ကြ​ရန် အမိန့်​ပေး​၏။


ငါ​တို့​သည် ယခု​အချိန်​တိုင်အောင် ဆာလောင်​မွတ်သိပ်​လျက်၊ အဝတ်မဲ့​လျက်၊ ထိုးနှက်​ခြင်း​ခံရ​လျက်၊ အိမ်ရာမဲ့​လျက်၊


အမှန်စင်စစ် သင်​တို့​အချင်းချင်း​တရားတွေ့​ခြင်း​အမှု​သည် သင်​တို့​အတွက် လုံးလုံး​ရှုံးနိမ့်​ခြင်း​ပင်​ဖြစ်​၏။ ထိုသို့​တရားတွေ့​မည့်​အစား မတရား​ပြု​ခြင်း​ကို​သာ အဘယ်ကြောင့်​မ​ခံ​ကြ​သနည်း။ လိမ်ညာ​လုယူ​ခြင်း​ကို​သာ အဘယ်ကြောင့်​မ​ခံ​ကြ​သနည်း။


တစ်စုံတစ်ယောက်​သည် သင်​တို့​ကို ကျွန်​ပြု​သည်​ဖြစ်စေ၊ အခွင့်ကောင်း​ယူ​သည်​ဖြစ်စေ၊ လုယူ​သည်​ဖြစ်စေ၊ အထင်အမြင်သေး​သည်​ဖြစ်စေ၊ ပါး​ရိုက်​သည်​ဖြစ်စေ သင်​တို့​သည် သည်းခံ​ကြ​၏။


သင်​တို့​သည် အကျဉ်းသား​တို့​အပေါ် စာနာ​စိတ်​ရှိ​ကြ​သည်​သာမက သာ၍​မြတ်​ပြီး တည်မြဲ​သော​အရာ​ကို မိမိ​တို့​ပိုင်ဆိုင်​ကြောင်း​သိ​လျက် သင်​တို့​ဥစ္စာ​ပစ္စည်း​များ မတရား​လုယူ​ခြင်း​ခံရ​သော်လည်း ဝမ်းမြောက်​စွာ​သည်းခံ​ခဲ့​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ