ရှင်ဘုရင်ကလည်း ‘သင်တို့အား ငါအမှန်ဆို၏။ ငါ၏ ညီအစ်ကိုမောင်နှမများထဲမှ အသေးနုပ်ဆုံးသောသူအား သင်တို့ပြုစုကြသမျှသည် ငါ့အား ပြုစုခြင်းပင်ဖြစ်သည်’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။
လုကာ 3:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယောဟန်က “အင်္ကျီနှစ်ထည်ရှိလျှင် မရှိသောသူအား တစ်ထည်ကို ဝေမျှစေ။ စားသောက်စရာရှိသောသူသည်လည်း ထိုနည်းတူ ဝေမျှစေ” ဟု ပြန်၍ ဖြေလေ၏။ Common Language Bible ထိုအခါယောဟန်က ``အင်္ကျီနှစ်ထည်ရှိသူသည် အင်္ကျီမရှိသူအားတစ်ထည်ဝေမျှစေ။ စားသောက် စရာရှိသူသည်လည်းထိုနည်းတူဝေမျှစေ'' ဟု ပြန်ပြော၏။ Garrad Bible အ င်္ကျီ နှစ် ထည် ရှိ သူ သည် မ ရှိ သူ့ အား ဝေ မျှ စေ။ စား ဖွယ် သောက် ရာ ရှိ သူ လည်း ထို နည်း တူ ပြု စေ ဟု ပြန် ဆို၏။ Judson Bible ယောဟန်က၊ အင်္ကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူအား မျှစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေဟု ပြန်ပြော၏။- မြန်မာ့စံမီသမ္မာကျမ်း ယောဟန်က “အင်္ကျီနှစ်ထည်ရှိသောသူသည် မရှိသောသူအားဝေမျှပေးစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေ”ဟု ပြန်ဖြေလေ၏။ မြန်မာ ယောဟန်က၊ အင်္ကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူအား မျှစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေဟု ပြန်ပြော၏။- |
ရှင်ဘုရင်ကလည်း ‘သင်တို့အား ငါအမှန်ဆို၏။ ငါ၏ ညီအစ်ကိုမောင်နှမများထဲမှ အသေးနုပ်ဆုံးသောသူအား သင်တို့ပြုစုကြသမျှသည် ငါ့အား ပြုစုခြင်းပင်ဖြစ်သည်’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။
ထို့ကြောင့် အတွင်း၌ ရှိသောအရာများကို ဆင်းရဲနွမ်းပါးသူအား ပေးကမ်းလော့။ သို့ပြုလျှင် အရာအားလုံးသည် သင်တို့အတွက် စင်ကြယ်လိမ့်မည်။
ထိုသူ၏စကားကို ကြားသောအခါ ယေရှုက “သင်မပြုရသေးသောအရာတစ်ခု ရှိသေး၏။ သင်၏ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ လာ၍ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
ထို့နောက် ဇက္ခဲသည် ရပ်၍ သခင်ဘုရားအား “သခင်… အကျွန်ုပ်၏စည်းစိမ်ဥစ္စာတစ်ဝက်ကို ဆင်းရဲသားများအား ပေးပါမည်။ အကယ်၍ တစ်စုံတစ်ဦးထံမှ မတရားကောက်ခံထားသောငွေရှိပါက လေးဆပြန်လျော်ပါမည်” ဟု လျှောက်လေ၏။
ယုဒသည် ငွေကို စီမံရသူဖြစ်သောကြောင့် ပွဲတော်အတွက် လိုအပ်သောအရာများကို ဝယ်ယူရန် သို့မဟုတ် ဆင်းရဲသားများကို ငွေလှူဒါန်းရန် ယေရှုစေခိုင်းတော်မူသည်ဟူ၍ တပည့်တော်တချို့က ထင်မှတ်ကြ၏။
သူနှင့်တကွ မိသားစုဝင်များသည် ဘုရားသခင်အား ကြောက်ရွံ့၍ ဘုရားတရားကိုင်းရှိုင်းသူလည်းဖြစ်၏။ တစ်ပါးသူတို့အား အလှူအတန်းရက်ရောပြီး ဘုရားသခင်ထံ စဉ်ဆက်မပြတ်ဆုတောင်းသောသူလည်း ဖြစ်၏။
‘ကော်နေလိ… သင့်ဆုတောင်းသံကို ဘုရားသခင်ကြား၍ သင့်အလှူအတန်းတို့ကိုလည်း အသိမှတ်ပြုတော်မူပြီ။
ကော်နေလိသည် ကြောက်ရွံ့သဖြင့် ကောင်းကင်တမန်အား သေချာစွာကြည့်လျက် “မိန့်တော်မူပါအရှင်” ဟု လျှောက်လေ၏။ ကောင်းကင်တမန်က “သင့်ဆုတောင်းသံနှင့် အလှူအတန်းတို့ကို ဘုရားသခင်အသိအမှတ်ပြုတော်မူပြီ။
ခိုးတတ်သောသူသည် နောက်ထပ် မခိုးတော့ဘဲ လိုအပ်သောသူတို့အား ပေးကမ်းဝေမျှနိုင်ရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို ကြိုးစား လုပ်ဆောင်ရမည်။
ဤလောက၌ ချမ်းသာကြွယ်ဝသူတို့ကို ဘဝင်မမြင့်ရန်နှင့် မမြဲသည့်စည်းစိမ်ချမ်းသာတို့အပေါ် ကိုးစားမျှော်လင့်ခြင်းမရှိရန် ညွှန်ကြားလော့။ ကျွန်ုပ်တို့ကို ဝမ်းမြောက်စေလိုသည့်အတွက် အရာအားလုံးကို ရက်ရောစွာ ပေးသနားတော်မူသည့် ဘုရားသခင်ကိုသာ ကိုးစားမျှော်လင့်ရန် ညွှန်ကြားလော့။
ထိုသူတို့ကို ကောင်းမှုပြုရန်၊ ကောင်းသောအကျင့်များကြွယ်ဝရန်၊ မျှဝေလိုစိတ်ရှိ၍ ရက်ရောစွာ ပေးရန် ညွှန်ကြားလော့။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မဖြောင့်မတ်သောအရှင် မဟုတ်။ ဘုရားသခင်သည် သင်တို့ပြုသောအမှုကိုလည်းကောင်း၊ ယုံကြည်သူတို့ကို ယခင်က အစေခံသကဲ့သို့ ယခုဆက်လက် အစေခံရာတွင် ထားသောသင်တို့၏ ချစ်ခြင်းမေတ္တာကိုလည်းကောင်း အသိအမှတ်မပြုဘဲ နေတော်မူမည်မဟုတ်။
ခမည်းတော်ဘုရားသခင်ရှေ့တော်၌ သန့်ရှင်းစင်ကြယ်သောဘာသာတရားကိုင်းရှိုင်းခြင်းမှာ ဆင်းရဲဒုက္ခကြုံနေသည့် မိဘမဲ့နှင့် မုဆိုးမတို့ကို ကြည့်ရှုပြုစုခြင်း၊ မိမိကိုယ်တိုင်ကိုလည်း လောကီညစ်ညူးခြင်းတို့မှ ကင်းစင်စေခြင်းဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… တစ်စုံတစ်ယောက်က ငါ့ထံတွင် ယုံကြည်ခြင်းရှိ၏ ဟု ဆိုသော်လည်း လုပ်ဆောင်ခြင်းမရှိလျှင် မည်သည့်အကျိုး ရှိသနည်း။ ထိုသို့သောယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။
တစ်စုံတစ်ဦးသည် လောကီစည်းစိမ်ဥစ္စာရှိသော်လည်း ဆင်းရဲသော ညီအစ်ကိုမောင်နှမတို့ကို မြင်၍ မသနားပါက ထိုလူ၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် မည်သို့ရှိနိုင်မည်နည်း။
တစ်စုံတစ်ယောက်က “ငါသည် ဘုရားသခင်ကို ချစ်သည်” ဟု ဆိုသော်လည်း မိမိညီအစ်ကိုမောင်နှမကို မုန်းလျှင် ထိုသူသည် လိမ်လည်သောသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မျက်စိဖြင့် မြင်ရသော ညီအစ်ကိုမောင်နှမကို မချစ်သောသူသည် မမြင်ရသောဘုရားသခင်ကို ချစ်နိုင်မည်မဟုတ်သောကြောင့်ဖြစ်၏။