Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 18:22 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 ထို​သူ​၏​စကား​ကို ကြား​သောအခါ ယေရှု​က “သင်​မပြုရသေးသော​အရာ​တစ်ခု ရှိသေး၏။ သင်​၏​ဥစ္စာပစ္စည်းများ​ကို ရောင်းချ​ကာ ရသော​ငွေ​ကို ဆင်းရဲသားတို့​အား လှူဒါန်းလော့။ ထိုသို့ ပြု​လျှင် ကောင်းကင်ဘုံ​တွင် ဘဏ္ဍာ​ကို ရရှိ​လိမ့်မည်။ ပြီးမှ လာ​၍ ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ထို​စ​ကား​ကို​ကြား​တော်​မူ​လျှင်​သ​ခင်​ယေ​ရှု က ``သင်​သည်​ပြု​လုပ်​ရန်​တစ်​ခု​လို​သေး​၏။ သင့် ဥစ္စာ​ရှိ​သ​မျှ​ကို​ရောင်း​၍​ဆင်း​ရဲ​သူ​တို့​အား ပေး​ကမ်း​စွန့်​ကြဲ​လော့။ ဤ​သို့​ပြု​လျှင်​သင်​သည် ကောင်း​ကင်​ဘုံ​တွင်​ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့ စွန့်​ကြဲ​ပြီး​နောက်​ငါ့​နောက်​သို့​လိုက်​လော့'' ဟု မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ယေ ရှု ကြား တော် မူ၍ စ ရိုက် တစ် ပါး လို သေး သည်။ ပိုင် သ မျှ ကို ရောင်း ချ ပြီး လျှင် သူ ဆင်း ရဲ တို့ အား ဝေ ငှ ပေး ကမ်း လော့။ သို့ မှ ကောင်း ကင် ဘုံ တွင် ရ ရှိ လိမ့် မည်။ ငါ့ နောက် သို့ လည်း လိုက် လာ လော့ ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ကိုယ်​ဥ​စ္စာ​ရှိ​သ​မျှ​ကို ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ဝေ​လော့။ ထို​သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ရ​လိမ့်​မည်။ သို့​ပြီး​မှ​လာ၍ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ယေရှု​သည် ထို​စကား​ကို​ကြား​လျှင်“သင်​၌​တစ်​ခု​လို​သေး​၏။ သင်​၌​ရှိ​သမျှ​သော​အရာ​အားလုံး​တို့​ကို ရောင်း​ပြီးလျှင် ဆင်းရဲသား​တို့​အား ခွဲဝေ​ပေး​လော့။ ထိုသို့ပြုလျှင် သင်​သည် ကောင်းကင်​ဘုံ​၌ ဥစ္စာ​ဘဏ္ဍာ​ကို​ရ​လိမ့်မည်။ ထို့နောက် လာ​၍ ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

22 ကိုယ်​ဥ​စ္စာ​ရှိ​သ​မျှ​ကို ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ဝေ​လော့။ ထို​သို့​ပြု​လျှင် ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ရ​လိမ့်​မည်။ သို့​ပြီး​မှ​လာ၍ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 18:22
16 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “သင်​သည် ပြည့်စုံ​လို​ပါက သွား​၍ သင်​၏ ဥစ္စာပစ္စည်းများ​ကို ရောင်းချ​ကာ ရသော​ငွေ​ကို ဆင်းရဲသားတို့​အား လှူဒါန်းလော့။ ထိုသို့ ပြု​လျှင် ကောင်းကင်ဘုံ​တွင် ဘဏ္ဍာ​ကို ရရှိ​လိမ့်မည်။ ပြီးမှ ငါ့​နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။


လိုအပ်သော​အရာ တစ်ခုတည်း​ရှိ၏။ မာရိ​သည် ထို​ကောင်းမြတ်သော​အရာ​ကို ရွေးချယ်ပြီ။ ထို​အရာ​ကို သူ့​ထံ​မှ မည်သူ​မျှ မယူဆောင်နိုင်ပါ” ဟု ပြန်​၍ မိန့်တော်မူ၏။


သင်တို့​၏​ဥစ္စာပစ္စည်းများ​ကို ရောင်း​၍ ဆင်းရဲသော​သူတို့​အား ပေးကမ်းကြလော့။ သင်တို့​အတွက် မဆွေးမြေ့နိုင်​သည့် ပိုက်ဆံအိတ်များ​ကို ပြုလုပ်​၍ သူခိုး​မကပ်၊ ပိုး​မဖျက်ဆီးနိုင်သည့် ကောင်းကင်ဘုံ​၌ မကုန်ခန်း​နိုင်သော​ဘဏ္ဍာ​ကို သိုထားကြလော့။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ လောကီ​စည်းစိမ်များ​အားဖြင့် မိတ်ဆွေ​ရ​ရန် လုပ်ဆောင်ကြလော့။ ထို​စည်းစိမ်များ ကုန်ဆုံး​သောအခါ သင်တို့​ကို ထာဝရ​တည်သော​နေရာ​၌ လက်ခံကြိုဆိုကြ​လိမ့်မည်။


ထို​သူ​ကလည်း “အကျွန်ုပ်​သည် ဤ​ပညတ်တော်​အားလုံး​ကို ငယ်စဉ်​ကပင် လိုက်နာခဲ့ပါ၏” ဟု လျှောက်လေ၏။


ထို​သူ​သည် ချမ်းသာကြွယ်ဝ​သူ​ဖြစ်​သောကြောင့် ဤ​စကား​ကို ကြား​သော် အလွန်​ဝမ်းနည်းလေ၏။


ထို့နောက် ပရိသတ်​အပေါင်းတို့​အား “တစ်စုံတစ်ဦး​သည် ငါ့​တပည့် ဖြစ်လို​ပါက မိမိ​အတ္တ​ကို​စွန့်​၍ မိမိ​လက်ဝါးကပ်တိုင်​ကို နေ့စဉ်​ထမ်း​ကာ ငါ့​နောက်သို့ လိုက်ရမည်။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​သည် ထို​ပြည့်စုံခွင့်​ကို ရရှိ​ပိုင်ဆိုင်ထားပြီ​ဟု မမှတ်ယူပါ။ သို့သော် ဤ​တစ်ခု​သာ ကျွန်ုပ် အာရုံပြု၏။ ကျွန်ုပ်​သည် နောက်​၌ ကျန်ရစ်ခဲ့သော​အရာများ​ကို မေ့ထား​၍ ရှေ့​၌ ရှိသော​အရာများ​ထံ ဦးတည်​အားစိုက်​ကာ


ချစ်ရသော​သူတို့… ဤ​အချက်​ကို မမေ့နှင့်။ ထာဝရဘုရား​အတွက် တစ်ရက်​သည် အနှစ်​တစ်ထောင်​ကဲ့သို့​ဖြစ်၏။ အနှစ်​တစ်ထောင်​သည် တစ်ရက်​ကဲ့သို့​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ