စပျစ်သီးဆွတ်ချိန် ရောက်သောအခါ စပျစ်သီးတချို့ကို ရယူရန် အစေခံတို့ကို စပျစ်ခြံလုပ်သားများထံသို့ စေလွှတ်လိုက်၏။
လုကာ 20:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည်လာ၍ ထိုစပျစ်ခြံလုပ်သားတို့အား သုတ်သင်ဖယ်ရှားပြီးမှ ထိုစပျစ်ခြံကို အခြားသူတို့အား ပေးလိမ့်မည်” ဟူ၍ ဖြစ်၏။ ထိုအရာကို ပရိသတ်တို့သည် ကြားသောအခါ “ထိုကဲ့သို့ မဖြစ်ပါစေနှင့်” ဟု ပြောဆိုကြ၏။ Common Language Bible သူသည်လာ၍ထိုသူတို့ကိုသတ်ပြီးသော် စပျစ်ဥယျာဉ်ကိုအခြားသူများသို့ပေး အပ်လိမ့်မည်'' ဟုမိန့်တော်မူ၏။ ထိုစကားကိုကြားသောအခါသူတို့ က ``ဘုရားမ၍ထိုသို့မဖြစ်ပါစေနှင့်'' ဟုဆိုကြ၏။ Garrad Bible သူ တို့ ကို လာ၍ ဖျက် ဆီး ပြီး မှ သူ တစ် ထူး တို့ အား စ ပျစ် ဥ ယျာဉ် ကို လွှဲ အပ် လိမ့် မည် ဟု မိန့် တော် မူ၏။ ကြား သော သူ တို့ က ထို သို့ မ ဖြစ် ပါ စေ နှင့် ဟု ဆို ကြ ရာ၊ Judson Bible ဥယျာဉ်ရှင်သည် လာ၍ ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်ဟု မိန့်တော်မူ၏။ ပရိသတ်တို့သည် ကြားလျှင် ထိုသို့မဖြစ်ပါစေနှင့်ဟု လျှောက်ကြသော်၊- မြန်မာ့စံမီသမ္မာကျမ်း သူသည်လာ၍ ထိုခြံသမားတို့ကို အဆုံးစီရင်ကာ စပျစ်ခြံကို အခြားသောသူတို့အား ပေးလိမ့်မည်”ဟု မိန့်တော်မူ၏။ ကြားရသောသူတို့ကလည်း “ထိုသို့မဖြစ်ပါစေနှင့်”ဟု ဆိုကြ၏။ မြန်မာ ဥယျာဉ်ရှင်သည် လာ၍ ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်ဟု မိန့်တော်မူ၏။ ပရိသတ်တို့သည် ကြားလျှင် ထိုသို့မဖြစ်ပါစေနှင့်ဟု လျှောက်ကြသော်၊- |
စပျစ်သီးဆွတ်ချိန် ရောက်သောအခါ စပျစ်သီးတချို့ကို ရယူရန် အစေခံတို့ကို စပျစ်ခြံလုပ်သားများထံသို့ စေလွှတ်လိုက်၏။
လူတို့က “သူသည် ထိုဆိုးသွမ်းသောသူတို့ကို ရက်စက်စွာ သုတ်သင်ဖယ်ရှားလိမ့်မည်။ ထို့နောက် စပျစ်သီးဆွတ်ချိန်တွင် သူ့အား စပျစ်သီးတချို့ပေးမည့် အခြားသောစပျစ်ခြံလုပ်သားတို့အား ထိုစပျစ်ခြံကို ငှားရမ်းပါလိမ့်မည်” ဟု လျှောက်ကြ၏။
ထိုအခါ ဘုရင်သည် အမျက်ထွက်၍ သူ၏တပ်ကို စစ်ချီစေပြီး ထိုလူသတ်သမားများကို သတ်ကာ သူတို့၏မြို့ကို မီးရှို့စေ၏။
သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်သည် မည်သို့ပြုလိမ့်မည်နည်း။ သူသည်လာ၍ ထိုစပျစ်ခြံလုပ်သားများအား သုတ်သင်ဖယ်ရှားပြီးမှ ထိုစပျစ်ခြံကို အခြားသူတို့အား ပေးလိမ့်မည်။
ထို့ပြင် ငါ၏အုပ်ချုပ်မှုကို မလိုလားသောရန်သူများကို ဤနေရာသို့ ခေါ်လာ၍ ငါ့ရှေ့တွင် သတ်ကြလော့’ ဟု ဆိုလေ၏” ဟူ၍ မိန့်တော်မူ၏။
ထို့နောက် သူတို့သည် စပျစ်ခြံပိုင်ရှင်၏သားကို စပျစ်ခြံပြင်သို့ ထုတ်၍ သတ်ကြ၏။ ဤသို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်သည် ထိုသူတို့အား မည်သို့ပြုလိမ့်မည်နည်း။
ထိုအခါ ပေါလုနှင့် ဗာနဗတို့သည် ရဲရင့်စွာ ဟောပြောကြသည်မှာ “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့ထံဦးစွာ ဟောပြောရ၏။ သို့သော် ထိုအရာကိုသင်တို့သည် ငြင်းပယ်၍ ထာဝရအသက်သည် သင်တို့နှင့်မထိုက်တန်ကြောင်း မှတ်ယူဆုံးဖြတ်သောကြောင့် ယခုကျွန်ုပ်တို့သည် လူမျိုးခြားများဆီသို့ ဦးတည်ကြ၏။
သို့ဖြစ်လျှင် ကျွန်ုပ်မေးလိုသည်မှာ ဘုရားသခင်သည် မိမိလူမျိုးတော်ကို စွန့်ပယ်တော်မူပြီလော။ စွန့်ပယ်တော်မမူ။ ကျွန်ုပ်ကိုယ်တိုင်ပင် အစ္စရေးလူမျိုး၊ အာဗြဟံမျိုးဆက်၊ ဗင်္ယာမိန်အနွယ်ဖြစ်၏။
သို့ဖြစ်လျှင် ဘုရားသခင်၏ လူမျိုးတော်တို့သည် တိုက်မိ၍ လဲပြီလောဟု မေးသော် ထိုသို့မလဲကြ။ အစ္စရေးလူမျိုးတို့ မနာခံသောကြောင့် ဘုရားသခင်သည် ကယ်တင်ခြင်းကို လူမျိုးခြားတို့အား ပေးတော်မူ၏။ ထိုသို့ပြုတော်မူသည်မှာ မိမိလူမျိုးဖြစ်သော အစ္စရေးလူမျိုးတို့၌ သဝန်တိုစိတ်ရှိလာစေရန် ဖြစ်၏။
ထိုသို့ ယုံကြည်ခြင်းကို အလေးပေးလျှင် ပညတ်တရားကို ပယ်ဖျက်နိုင်သည်ဟု ဆိုလိုသလော။ မဆိုလိုပါ။ အမှန်တွင်မူ ကျွန်ုပ်တို့၌ ယုံကြည်ခြင်းရှိမှသာလျှင် ပညတ်တရားကို ပြည့်စုံစေနိုင်မည်ဖြစ်၏။
လုံးဝ မပျက်ပြယ်စေနိုင်ပါ။ “ကိုယ်တော်မိန့်တော်မူသော စကားတော်အားဖြင့် ကိုယ်တော်သည် မှန်ကန်ကြောင်း သက်သေခိုင်လုံလိမ့်မည်။ တရားရင်ဆိုင်ရလျှင်လည်း အနိုင်ရတော်မူလိမ့်မည်” ဟု ကျမ်းစာ၌ ရေးသားထားသည်နှင့်အညီ လူအပေါင်းတို့သည် လိမ်လည်သောသူများဖြစ်သော်လည်း ဘုရားသခင်သည် ဖြောင့်မှန်သောအရှင်ဖြစ်တော်မူပါစေသော။
ထိုသို့ မဟုတ်ပါ။ ဘုရားသခင်သည် မဖြောင့်မတ်လျှင် လောကီသားများကို မည်သို့ တရားစီရင်တော်မူမည်နည်း။
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် ပညတ်တရား၏ လက်အောက်၌ မရှိတော့ဘဲ ဘုရားသခင်၏ ကျေးဇူးတရားလက်အောက်၌ ရှိကြသောကြောင့် ဆက်၍ အပြစ်ကျူးလွန်နိုင်သည်ဟု ဆိုရမည်လော။ ထိုသို့ မဆိုရပေ။
ထိုသို့မနေရ။ အပြစ်တရားနှင့် အဆက်ပြတ်ပြီးသော ကျွန်ုပ်တို့သည် ထိုအပြစ်ထဲ၌ မည်သို့အသက်ဆက်ရှင်ရဦးမည်နည်း။
သို့ဖြစ်လျှင် ထိုကောင်းမြတ်သောအရာသည် ကျွန်ုပ်ကို သေစေသလော။ မသေစေပါ။ ကျွန်ုပ်ကို သေစေသောအရာမှာ အပြစ်တရားပင် ဖြစ်၏။ အပြစ်တရားသည် ၎င်း၏ သဘောသဘာဝကို ဖော်ပြရန် ကောင်းမြတ်သောအရာကို အသုံးပြုခဲ့၏။ ထို့ကြောင့် အပြစ်တရားသည် မည်မျှဆိုးရွားသည်ကို ပညတ်တော်အားဖြင့် ကျွန်ုပ်တို့ သိနိုင်၏။
သို့ဖြစ်လျှင် မည်သို့ဆိုမည်နည်း။ ပညတ်တရားသည် အပြစ်လော။ အပြစ်မဟုတ်။ အမှန်တွင်မူ ပညတ်တရားမရှိလျှင် အပြစ်ကို ကျွန်ုပ်သိမည်မဟုတ်။ ပညတ်တရားက “မတပ်မက်နှင့်” ဟု မဆိုထားလျှင် တပ်မက်ခြင်းသည် အပြစ်ဖြစ်ကြောင်းကို ကျွန်ုပ်သိမည်မဟုတ်။
သို့ဖြစ်လျှင် ကျွန်ုပ်တို့က ဘုရားသခင်သည် တရားမျှတမှုမရှိ ဟု ဆိုရမည်လော။ ထိုသို့ မဆိုရ။
သင်တို့၏ ကိုယ်ခန္ဓာသည် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းဖြစ်ကြောင်းကို သင်တို့မသိကြသလော။ သို့ဖြစ်လျှင် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းကို ယူ၍ ပြည့်တန်ဆာနှင့် ပေါင်းစည်းရမည်လော။ ထိုသို့ လုံးဝ မပေါင်းစည်းရ။
ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန် ကြိုးစားလျက် ရှိ၏။ သို့သော် ထိုသို့ကြိုးစားစဉ် ကျွန်ုပ်တို့ကိုယ်တိုင်သည်လည်း ပညတ်တရားကို စွန့်ပယ်သဖြင့် အပြစ်သားများပင်ဖြစ်ကြောင်း အခြားဂျူးလူမျိုးတို့က ယူဆလျှင် ခရစ်တော်သည် ကျွန်ုပ်တို့ကို အပြစ်ကျူးလွန်စေရန် အားပေးသည်ဟု ဆိုနိုင်သလော။ လုံးဝမဆိုနိုင်ပါ။
သို့ဖြစ်လျှင် ပညတ်တရားသည် ဘုရားသခင်၏ ကတိတော်နှင့် ဆန့်ကျင်နေသလော။ လုံးဝမဆန့်ကျင်ပေ။ အကယ်၍ ပညတ်တရားသည် အသက်ကို ရှင်စေနိုင်လျှင် ထိုပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရမည်မှာ အသေအချာပင် ဖြစ်၏။
ကျွန်ုပ်မှာမူ သခင်ယေရှုခရစ်တော်၏ လက်ဝါးကပ်တိုင်အတွက်မှလွဲ၍ အခြား မည်သည့်အရာအတွက်မျှ ကြွားဝါလိမ့်မည်မဟုတ်။ ထိုလက်ဝါးကပ်တိုင်ကြောင့် ဤလောကနှင့်ဆိုင်သောအရာတို့သည် ကျွန်ုပ်နှင့် အဆက်ပြတ်၍ ကျွန်ုပ်သည်လည်း ဤလောကနှင့်ဆိုင်သော အရာတို့နှင့် အဆက်ပြတ်ပြီ။