Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 20:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 သို့သော် ယေရှု​သည် ထို​သူတို့​အား​ကြည့်တော်မူ​၍ “ကျမ်းစာ​၌ ‘တိုက်ဆောက်သော​သူတို့ ပယ်ထားသည့်​ကျောက်​သည် အရေးပါသော​ထောင့်ချုပ်ကျောက် ဖြစ်လာရ၏’ ဟု ရေးထားသည်​မှာ မည်သည့်​အရာ​ကို​ဆိုလိုသနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ကိုယ်​တော်​သည်​လူ​တို့​ကို​ကြည့်​ရှု​တော်​မူ​လျက်၊ `တိုက်​ကို​တည်​ဆောက်​သူ​တို့​ပယ်​ထား​သည့်​ကျောက် သည် အ​ရေး​အ​ကြီး​ဆုံး​ဖြစ်​သော​ထောင့်​ချုပ်​ကျောက် ဖြစ်​လာ​ရ​၏' ဟူ​သော​ကျမ်း​စ​ကား​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကား အ​သို့​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ရှု ကြည့် လျက် ကိုယ် တော် က မ ဖြစ် လျှင် တိုက် တည် ဆောက် သူ တို့ ပယ် ထား သော ကျောက် သည် တိုက် ထောင့် စွန်း ကျောက် ဖြစ် လာ သည် ဟူ သော ကျမ်း ချက် ကား မည် သို့ နည်း။၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ကိုယ်​တော်​သည် ထို​သူ​တို့​ကို ကြည့်​ရှု၍၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော ကျောက်​သည် နောက်​တစ်​ဖန်​တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏​ဟူ​သော ကျမ်း​စာ​ချက်​သည် အ​ဘယ်​သို့ ဆို​လို​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ကိုယ်တော်​သည် သူ​တို့​ကို​စူးစိုက်​ကြည့်​လျက်“ ‘တိုက်​ဆောက်​သူ​များ​ပယ်​ထား​သော​ကျောက်​သည် ထိပ်ဆုံး​ထောင့်ချုပ်​ကျောက်​ဖြစ်လာ​၏’ဟု​ရေး​ထား​သော​အရာ​သည် မည်သည့်​အရာ​ကို​ဆိုလို​သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

17 ကိုယ်​တော်​သည် ထို​သူ​တို့​ကို ကြည့်​ရှု၍၊ တိုက်​ကို​တည်​လုပ်​သော​သူ​များ ပယ်​ထား​သော ကျောက်​သည် နောက်​တစ်​ဖန်​တိုက်​ထောင့်​အ​ထွတ်​ဖျား​သို့ ရောက်​ပြန်၏​ဟူ​သော ကျမ်း​စာ​ချက်​သည် အ​ဘယ်​သို့ ဆို​လို​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 20:17
17 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယေရှု​က “ကျမ်းစာ​၌ ‘တိုက်ဆောက်သော​သူတို့ ပယ်ထားသည့်​ကျောက်​သည် အရေးပါသော​ထောင့်ချုပ်ကျောက် ဖြစ်လာရ၏။ ဤ​အမှု​သည် ထာဝရဘုရား ပြုတော်မူသော​အမှု​ဖြစ်၏။ ငါတို့​မျက်စိ​ရှေ့​၌လည်း အံ့ဖွယ်​ဖြစ်၏’ ဟု ရေးထားသည်​ကို သင်တို့ မဖတ်ဖူးကြသလော။


ထိုအခါ ယေရှု​သည် တပည့်တော်တို့​ရှိရာ​ပတ်ပတ်လည်လည် ကြည့်တော်မူ​ပြီးလျှင် “ချမ်းသာသော​သူ​သည် ဘုရားသခင်​၏ နိုင်ငံတော်​ထဲသို့ ဝင်​ရန် ခဲယဉ်းလှ၏” ဟု မိန့်တော်မူ၏။


ကျမ်းစာ​၌ ‘တိုက်ဆောက်သော​သူတို့ ပယ်ထားသည့်​ကျောက်​သည် အရေးပါသော​ထောင့်ချုပ်ကျောက် ဖြစ်လာရ၏။


ယေရှု​သည် အမျက်တော်​ဖြင့် ထို​သူတို့​ပတ်လည်​သို့ ကြည့်ပြီး​မှ သူတို့​၏ ခေါင်းမာမှု​အတွက် ဝမ်းနည်းတော်မူ၏။ ထို့နောက် လက်တစ်ဖက်​သေသောသူ​အား “သင်​၏​လက်​ကို ဆန့်လော့” ဟု မိန့်တော်မူ၏။ ထို​သူ​သည် လက်​ကို​ဆန့်​သောအခါ သူ​၏​လက်​သည် အကောင်းပကတိ​အတိုင်း ဖြစ်လေ၏။


ဂျေရုဆလင်မြို့​နှင့် နီးလာ​သောအခါ ယေရှု​သည် မြို့တော်​ကို​မြင်​၍ ငိုကြွေးတော်မူ​လျက်


သင်တို့​အား ငါ​ပြောဆိုသည်​မှာ ‘သူ​သည် ရာဇဝတ်​ကျူးလွန်သူများ စာရင်း​တွင် ထည့်သွင်းခြင်း​ခံရ၏’ ဟူသော ကျမ်းစကား​သည် ငါ​၌​ဖြစ်ပျက်လာ​ရမည်။ အဘယ်ကြောင့်ဆိုသော် ငါ့​အား​ရည်ညွှန်းသည့်​အရာ​သည် ဖြစ်ပျက်​လျက်​ရှိနေ​သောကြောင့်​ဖြစ်သည်” ဟု မိန့်တော်မူ၏။


ထိုအခါ သခင်ဘုရား​သည် လှည့်​၍ ပေတရု​ကို ကြည့်တော်မူ၏။ ပေတရု​သည်လည်း “ယနေ့​ပင် ကြက်​မတွန်မီ သင်​သည် ငါ့​ကို​မသိ​ဟူ၍ သုံးကြိမ် ငြင်းဆို​လိမ့်မည်” ဟူသော သခင်ဘုရား​၏​စကားတော်​ကို သတိရ၏။


ထို့နောက် ယေရှု​က “မောရှေ​၏​ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများ​နှင့် ဆာလံကျမ်းများ​တွင် ငါ့​အကြောင်း​နှင့် ပတ်သက်၍ ရေးသားထား​သမျှသော​အရာ​အားလုံး​သည် ဖြစ်ပျက်လာ​ရမည်​ဟူ၍ သင်တို့​နှင့်အတူ​ရှိ​စဉ်က ငါ​ပြောဆိုပြီ” ဟု မိန့်တော်မူ၏။


ဤ​အရာ​သည် ကျမ်းစာ​တွင် ‘သူတို့​သည် ငါ့​ကို အကြောင်းမဲ့ မုန်းကြ၏’ ဟု ဖော်ပြထားသည့်​အတိုင်း ဖြစ်လာ​ရန်​ဖြစ်၏။


ကျမ်းစာ​၌ ‘တိုက်ဆောက်သော​သင်တို့ ပယ်ထားသည့်​ကျောက်​သည် ထောင့်ချုပ်ကျောက်​ဖြစ်လာ၏’ ဟု ရည်ညွှန်းခံရသူ​မှာ ဤ​ယေရှု​ပင်​ဖြစ်၏။


သင်တို့​သည် တမန်တော်များ​နှင့် ပရောဖက်များ​၏ အုတ်မြစ်​ပေါ်တွင် တည်ဆောက်သော အဆောက်အအုံ​ကဲ့သို့ ဖြစ်ကြပြီး ယေရှု​ခရစ်တော်​ကိုယ်တိုင်​သည် ထောင့်ချုပ်ကျောက် ဖြစ်တော်မူ၏။


အဘယ်ကြောင့်ဆိုသော် ကျမ်းစာ​၌ “ကြည့်ရှုလော့။ ရွေးချယ်ထားသည့် အဖိုးတန်သော​ထောင့်ချုပ်ကျောက်​ကို ဇိအုန်မြို့​၌ ငါ​ချထားမည်။ ကိုယ်တော်​ကို ယုံကြည်သောသူ​သည် မည်သည့်​အခါမျှ အရှက်ရမည်​မဟုတ်” ဟု ဆိုထား​သောကြောင့်​ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ