Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 21:34 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

34 စပျစ်သီးဆွတ်ချိန် ရောက်​သောအခါ စပျစ်သီး​တချို့​ကို ရယူ​ရန် အစေခံတို့​ကို စပျစ်ခြံလုပ်သားများ​ထံသို့ စေလွှတ်လိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 စ​ပျစ်​သီး​ပေါ်​ချိန်​နီး​ကပ်​လာ​သော​အ​ခါ​မိ​မိ ၏​လုပ်​သား​များ​ကို​ခြံ​သ​မား​တို့​ထံ​သို့​စေ​လွှတ် ၍ သီး​စား​ခ​စ​ပျစ်​သီး​များ​ကို​တောင်း​ခံ​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 သီး ချိန် တန် သည့် ကာ လ သီး ခွန် ကောက် ယူ စေ ရန် ကျွန် တို့ ကို စေ လွှတ် လိုက် ရာ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 အ​သီး​သီး​ချိန် ရောက်​သော​အ​ခါ၊ အ​သီး​ကို​ခံ​စေ​ခြင်း​ငှာ ငယ်​သား​တို့​ကို ဥ​ယျာဉ်​စောင့်​တို့​ရှိ​ရာ​သို့ စေ​လွှတ်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 အသီး​ပေါ်​ချိန်​နီးကပ်​လာ​သောအခါ စပျစ်ခြံ​ထွက်​အသီး​များ​ကို​ရယူ​ရန် မိမိ​၏​အစေအပါး​တို့​ကို ခြံသမား​တို့​ထံသို့ စေလွှတ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

34 အ​သီး​သီး​ချိန် ရောက်​သော​အ​ခါ၊ အ​သီး​ကို​ခံ​စေ​ခြင်း​ငှာ ငယ်​သား​တို့​ကို ဥ​ယျာဉ်​စောင့်​တို့​ရှိ​ရာ​သို့ စေ​လွှတ်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 21:34
20 ပူးပေါင်းရင်းမြစ်များ  

သို့သော် စပျစ်ခြံလုပ်သားများ​က သူ​၏​အစေခံများ​ကို ဖမ်းချုပ်​လျက် တစ်ဦး​ကို​ရိုက်​၍ တစ်ဦး​ကို​သတ်​ကာ တစ်ဦး​ကို ကျောက်ခဲ​နှင့်​ပေါက်ကြ၏။


သို့သော် စပျစ်ခြံလုပ်သားများ​က မြေရှင်​၏​သား​ကို မြင်​သောအခါ ‘ဤ​သူ​သည် အမွေဆက်ခံမည့်သူ​ဖြစ်၏။ လာကြ။ သူ့​ကို​သတ်​၍ သူ​၏​အမွေ​ကို ရယူကြစို့’ ဟု အချင်းချင်း​တိုင်ပင်ကြ၏။


ဤသို့​ဖြစ်လျှင် မြေရှင် ရောက်လာ​သောအခါ စပျစ်ခြံလုပ်သားတို့​ကို မည်သို့​ပြု​လိမ့်မည်နည်း” ဟု မေးတော်မူ၏။


လူတို့​က “သူ​သည် ထို​ဆိုးသွမ်းသော​သူတို့​ကို ရက်စက်​စွာ သုတ်သင်ဖယ်ရှား​လိမ့်မည်။ ထို့နောက် စပျစ်သီးဆွတ်ချိန်​တွင် သူ့​အား စပျစ်သီး​တချို့​ပေးမည့် အခြားသော​စပျစ်ခြံလုပ်သားတို့​အား ထို​စပျစ်ခြံ​ကို ငှားရမ်းပါ​လိမ့်မည်” ဟု လျှောက်ကြ၏။


ထို​ဘုရင်​သည် မင်္ဂလာဧည့်ခံပွဲ​သို့ ဖိတ်ခေါ်ခံထားရသော​သူများ​ကို ခေါ်​ရန် အစေအပါးတို့​အား စေလွှတ်၏။ သို့သော် ထို​သူတို့​သည် လာ​ရန်​ငြင်းဆိုကြ၏။


ထို့နောက် ကိုယ်တော်​သည် လူအပေါင်းတို့​ကို ပုံဥပမာများ​ဖြင့် မိန့်တော်မူသည်​မှာ “လူ​တစ်ဦး​သည် စပျစ်ခြံ​ကို စိုက်ပျိုး​၍ ခြံခတ်လေ၏။ သူ​သည် ထို​ခြံ​ထဲတွင် စပျစ်သီးနယ်ရာ​ကျင်း​ကို တူး​ပြီး ကင်းစောင့်မျှော်စင်​ကိုလည်း ဆောက်၏။ ထို့နောက် ထို​စပျစ်ခြံ​ကို စပျစ်ခြံလုပ်သားများ​အား ငှားရမ်း​၍ အခြား​တိုင်းပြည်​သို့ သွားလေ၏။


သို့သော် စပျစ်ခြံလုပ်သားများ​က ‘ဤ​သူ​သည် အမွေဆက်ခံမည့်သူ​ဖြစ်၏။ လာကြ၊ သူ့​ကို​သတ်​၍ သူ​၏​အမွေ​ကို ရယူကြစို့’ ဟု အချင်းချင်း​တိုင်ပင်ကြ၏။


သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်​သည် မည်သို့​ပြု​လိမ့်မည်နည်း။ သူ​သည်​လာ​၍ ထို​စပျစ်ခြံလုပ်သားများ​အား သုတ်သင်ဖယ်ရှား​ပြီးမှ ထို​စပျစ်ခြံ​ကို အခြားသူတို့​အား ပေး​လိမ့်မည်။


ထို့နောက် ယေရှု​က လူတို့​အား ပုံဥပမာ​တစ်ခု​ကို မိန့်တော်မူသည်​မှာ “လူ​တစ်ဦး​သည် စပျစ်ခြံ​ကို စိုက်ပျိုး​ကာ စပျစ်ခြံလုပ်သားတို့​အား ငှားရမ်းပြီး​မှ အခြား​တိုင်းပြည်​သို့ အချိန်​ကြာမြင့်​စွာ သွားရောက်​နေထိုင်လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ