လူတချို့က “နှစ်ခြင်းဆရာယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့၏တပည့်များသည် မကြာခဏ အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းတို့ကို ပြုလေ့ရှိ၏။ သို့ရာတွင် ဆရာတော်၏တပည့်များမှာ စားသောက်လျက်သာ နေကြသည်” ဟူ၍ လျှောက်ကြ၏။
လုကာ 2:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှစ်ဆယ့်လေးနှစ်တိုင်တိုင် မုဆိုးမဘဝနှင့် အသက်ရှင်နေသူဖြစ်၏။ ထိုအမျိုးသမီးသည် ဗိမာန်တော်အတွင်း၌ နေ့ရောညပါ ဘုရားဝတ်ပြု၊ ဆုတောင်း၊ အစာရှောင်လျက် နေ၏။ Common Language Bible ထိုနောက်အသက်ရှစ်ဆယ့်လေးနှစ်တိုင်အောင်မုဆိုး မဘဝနှင့်နေ၏။ သူသည်ဆုတောင်းပတ္ထနာပြု၍ အစာရှောင်လျက် နေ့ညမလပ်ဘုရားဝတ်၌ မွေ့လျော်ကာဗိမာန်တော်ထဲမှမထွက်မခွာ ဘဲနေ၏။- Judson Bible အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင် မုဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွာဘဲနေ၏။- မြန်မာ့စံမီသမ္မာကျမ်း မုဆိုးမဖြစ်လျက် အသက်ရှစ်ဆယ့်လေးနှစ်ပင်ရှိပြီဖြစ်၏။ သူသည် ဗိမာန်တော်မှမခွာဘဲ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းတို့ဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြုလျက်နေ၏။ မြန်မာ အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင် မုဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွာဘဲနေ၏။- |
လူတချို့က “နှစ်ခြင်းဆရာယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့၏တပည့်များသည် မကြာခဏ အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းတို့ကို ပြုလေ့ရှိ၏။ သို့ရာတွင် ဆရာတော်၏တပည့်များမှာ စားသောက်လျက်သာ နေကြသည်” ဟူ၍ လျှောက်ကြ၏။
ထို့နောက် အစာရှောင်၍ ဆုတောင်းလျက် ထိုသူတို့အပေါ် လက်တင်ပြီးနောက် စေလွှတ်လိုက်ကြ၏။
အသင်းတော်တိုင်းတွင် အကြီးအကဲများကိုခန့်ထားကြ၏။ ထို့နောက် အစာရှောင်ဆုတောင်း၍ ထိုအကြီးအကဲများကို သူတို့ယုံကြည်သော သခင်ဘုရားထံ အပ်နှံကြ၏။
အကျွန်ုပ်တို့၏မျိုးနွယ်စုဆယ့်နှစ်မျိုးတို့သည် ဘုရားသခင်ကို နေ့ရောညပါဝတ်ပြုကိုးကွယ်လျက် ထိုကတိတော်အတိုင်းခံစားရရန် စောင့်မျှော်နေကြ၏။ အရှင်မင်းကြီး… အကျွန်ုပ်သည် ဤသို့စောင့်မျှော်နေသည့်အတွက်ကြောင့် ဂျူးတို့၏စွပ်စွဲခြင်းခံနေရပါ၏။
အမှန်တကယ်ခိုကိုးရာမဲ့ပြီး စောင့်ရှောက်သူမရှိသော မုဆိုးမသည် ဘုရားသခင်ကို မျှော်လင့်လျက် နေ့ညမပြတ် အသနားခံ၍ ဆုတောင်းတတ်၏။
အောင်မြင်သောသူကို ငါ့ဘုရားသခင်၏ဗိမာန်တော်၌ ရှိသောတိုင်ကဲ့သို့ ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ ဗိမာန်တော်အပြင်သို့ မရောက်ရ။ ငါသည် ငါ၏ဘုရားသခင်နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင်ထံ ကောင်းကင်ဘုံမှ ဆင်းသက်မည့် ဂျေရုဆလင်မြို့သစ်ဟူသော ဘုရားသခင်မြို့တော်၏နာမတော်ကိုလည်းကောင်း၊ ငါ၏နာမတော်သစ်ကိုလည်းကောင်း သူ့အပေါ်၌ ရေးထားမည်။
ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ရာဇပလ္လင်တော်ရှေ့ ကိုယ်တော်၏ဗိမာန်တော်၌ နေ့ညမပြတ် ဘုရားသခင်ကို ဝတ်ပြုကြ၏။ ရာဇပလ္လင်တော်ပေါ် ထိုင်တော်မူသောအရှင်သည်လည်း သူတို့နှင့်အတူရှိ၍ ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။