တမန်တော်ဝတ္ထု 26:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း7 အကျွန်ုပ်တို့၏မျိုးနွယ်စုဆယ့်နှစ်မျိုးတို့သည် ဘုရားသခင်ကို နေ့ရောညပါဝတ်ပြုကိုးကွယ်လျက် ထိုကတိတော်အတိုင်းခံစားရရန် စောင့်မျှော်နေကြ၏။ အရှင်မင်းကြီး… အကျွန်ုပ်သည် ဤသို့စောင့်မျှော်နေသည့်အတွက်ကြောင့် ဂျူးတို့၏စွပ်စွဲခြင်းခံနေရပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible7 ထိုကတိတော်ကားယုဒအမျိုးအနွယ် တစ်ဆယ့်နှစ်ပါးတို့သည် နေ့ညမပြတ် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်လျက် မျှော်လင့်စောင့်စားနေကြသည့်ကတိ တော်ပင်ဖြစ်ပါ၏။ အရှင်မင်းကြီး၊ ဤ သို့မျှော်လင့်စောင့်စားခြင်းကြောင့် အကျွန်ုပ် အားယုဒအမျိုးသားတို့စွပ်စွဲပြောဆို ကြခြင်းဖြစ်ပါ၏။- အခန်းကိုကြည့်ပါ။Judson Bible7 ယုဒလူတစ်ဆယ်နှစ်မျိုးတို့သည် နေ့ညမပြတ် ကြိုးစား၍ ဘုရားဝတ်ကိုပြုသဖြင့်၊ ထိုကတိတော်အတိုင်း ခံရမည်ဟု မျှော်လင့်ခြင်းရှိကြ၏။ အိုအဂြိပ္ပမင်းကြီး၊ ထိုမျှော်လင့်ခြင်းတရားကို အကြောင်းပြု၍ ယုဒလူတို့သည် အကျွန်ုပ်ကို အမှုလုပ်ကြပါ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 အကျွန်ုပ်တို့၏မျိုးနွယ်စု တစ်ဆယ့်နှစ်မျိုးသည် နေ့ရောညပါ စိတ်အားထက်သန်စွာဖြင့် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်လျက် ထိုကတိတော်အတိုင်း ခံစားရရန် မျှော်လင့်နေကြပါသည်။ အရှင်မင်းကြီး၊ အကျွန်ုပ်သည် ဤမျှော်လင့်ခြင်းအတွက် ဂျူးလူမျိုးတို့၏စွဲဆိုခြင်းကိုခံနေရပါသည်။ အခန်းကိုကြည့်ပါ။ |
ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ အရာအားလုံးကို အသစ်ပြုပြင်သောအချိန်တွင် လူသားသည် မိမိ၏ ဘုန်းတော်နှင့်ပြည့်စုံသော ရာဇပလ္လင်ပေါ်တွင် ထိုင်လိမ့်မည်။ ထိုအခါ ငါ့နောက်သို့ လိုက်ကြသောသင်တို့သည် ရာဇပလ္လင်ဆယ့်နှစ်ခုပေါ်တွင် ထိုင်လျက် အစ္စရေးမျိုးနွယ်စု ဆယ့်နှစ်စုကို တရားစီရင်ကြလိမ့်မည်။