လုကာ 2:37 - Common Language Bible37 ထိုနောက်အသက်ရှစ်ဆယ့်လေးနှစ်တိုင်အောင်မုဆိုး မဘဝနှင့်နေ၏။ သူသည်ဆုတောင်းပတ္ထနာပြု၍ အစာရှောင်လျက် နေ့ညမလပ်ဘုရားဝတ်၌ မွေ့လျော်ကာဗိမာန်တော်ထဲမှမထွက်မခွာ ဘဲနေ၏။- အခန်းကိုကြည့်ပါ။Judson Bible37 အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင် မုဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွာဘဲနေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း37 မုဆိုးမဖြစ်လျက် အသက်ရှစ်ဆယ့်လေးနှစ်ပင်ရှိပြီဖြစ်၏။ သူသည် ဗိမာန်တော်မှမခွာဘဲ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းတို့ဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြုလျက်နေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း37 ရှစ်ဆယ့်လေးနှစ်တိုင်တိုင် မုဆိုးမဘဝနှင့် အသက်ရှင်နေသူဖြစ်၏။ ထိုအမျိုးသမီးသည် ဗိမာန်တော်အတွင်း၌ နေ့ရောညပါ ဘုရားဝတ်ပြု၊ ဆုတောင်း၊ အစာရှောင်လျက် နေ၏။ အခန်းကိုကြည့်ပါ။မြန်မာ37 အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ်ခန့်မျှ တိုင်တိုင် မုဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွာဘဲနေ၏။- အခန်းကိုကြည့်ပါ။ |
ထိုကတိတော်ကားယုဒအမျိုးအနွယ် တစ်ဆယ့်နှစ်ပါးတို့သည် နေ့ညမပြတ် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်လျက် မျှော်လင့်စောင့်စားနေကြသည့်ကတိ တော်ပင်ဖြစ်ပါ၏။ အရှင်မင်းကြီး၊ ဤ သို့မျှော်လင့်စောင့်စားခြင်းကြောင့် အကျွန်ုပ် အားယုဒအမျိုးသားတို့စွပ်စွဲပြောဆို ကြခြင်းဖြစ်ပါ၏။-
အောင်မြင်သောသူအားငါ၏ဘုရားသခင်ဗိမာန် တော်တွင်မဏ္ဍိုင်သဖွယ်ဖြစ်စေမည်။ သူသည်နောင် ဘယ်အခါမျှဗိမာန်တော်အပြင်သို့ရောက်ရ လိမ့်မည်မဟုတ်။ ကောင်းကင်ဘုံမှငါ၏ဘုရား သခင်ထံတော်မှဆင်းသက်လာသောယေရုရှလင် မြို့သစ်တည်းဟူသော ငါ၏ဘုရားသခင်မြို့ တော်အမည်ကိုလည်းကောင်း၊ ငါ၏ဘုရား သခင်နာမတော်ကိုလည်းကောင်းသူ၏ပေါ် မှာကမ္ပည်းရေးထိုးမည်။ သူ့အပေါ်မှာငါ၏ နာမတော်သစ်ကိုလည်းရေးထိုးမည်။