Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 5:33 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 လူ​တချို့​က “နှစ်ခြင်းဆရာ​ယောဟန်​၏​တပည့်များ​နှင့် ဖာရိရှဲတို့​၏​တပည့်များ​သည် မကြာခဏ အစာရှောင်ခြင်း​နှင့် ဆုတောင်းခြင်း​တို့​ကို ပြုလေ့ရှိ၏။ သို့ရာတွင် ဆရာတော်​၏​တပည့်များ​မှာ စားသောက်​လျက်​သာ နေကြသည်” ဟူ၍ လျှောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 လူ​အ​ချို့​က ``ယော​ဟန်​၏​တ​ပည့်​များ​နှင့်​ဖာ​ရိ​ရှဲ တို့​၏​တ​ပည့်​များ​သည်​အ​စာ​ရှောင်​ခြင်း​နှင့် ဆု တောင်း​ခြင်း​တို့​ကို​မ​ကြာ​ခ​ဏ​ပြု​လေ့​ရှိ​ကြ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​၏​တ​ပည့်​များ​မူ​ကား​စား လျက်​သောက်​လျက်​နေ​ကြ​ပါ​သည်​တ​ကား'' ဟု လျှောက်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 ထို သူ တို့ က လည်း၊ ယော ဟန်၏ တ ပည့် တို့ နှင့် ဖာ ရိ ရှဲ တ ပည့် တို့ သည် အ ဖန် ဖန် အ စာ ရှောင် ခြင်း၊ အ သ နား တော် ခံ ခြင်း ပြု လျက် ဆ ရာ့ တ ပည့် တို့ စား သောက် နေ ကြ ပါ သည် တ ကား ဟု ဆို ကြ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 လူ​အ​ချို့​တို့​က၊ ယော​ဟန်၏ တ​ပည့်​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် အ​စာ​ရှောင်​ခြင်း​နှင့် ဆု​တောင်း​ခြင်း​တို့​ကို အ​ဖန်​တ​လဲ​လဲ ပြု​ကြ​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် ကိုယ်​တော်၏​တ​ပည့်​တို့​သည် စား​သောက်​လျက် နေ​ကြ​ပါ​သ​နည်း​ဟု လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 လူ​အချို့​တို့​က “ယောဟန်​၏​တပည့်​များ​သည် မကြာခဏ အစာရှောင်​၍ ဆုတောင်း​ခြင်း​အမှု​ကို​ပြု​ကြ​သည်။ ဖာရိရှဲ​တို့​၏​တပည့်​များ​သည်​လည်း ထိုနည်းတူ​ပြု​ကြ​သည်။ ကိုယ်တော်​၏​တပည့်​တော်​တို့​မူကား စား​သောက်​လျက်​နေ​ကြ​ပါ​သည်​တကား”​ဟု လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

33 လူ​အ​ချို့​တို့​က၊ ယော​ဟန်၏ တ​ပည့်​တို့​နှင့် ဖာ​ရိ​ရှဲ​တို့​သည် အ​စာ​ရှောင်​ခြင်း​နှင့် ဆု​တောင်း​ခြင်း​တို့​ကို အ​ဖန်​တ​လဲ​လဲ ပြု​ကြ​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် ကိုယ်​တော်၏​တ​ပည့်​တို့​သည် စား​သောက်​လျက် နေ​ကြ​ပါ​သ​နည်း​ဟု လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 5:33
20 ပူးပေါင်းရင်းမြစ်များ  

သူတော်ကောင်း​ယောင်ဆောင်သော ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ကောင်းကင်​နိုင်ငံတော်​၏​တံခါး​ကို လူတို့​ရှေ့​မှ ပိတ်ထား​၍ သင်တို့​ကိုယ်တိုင်​လည်း​မဝင်၊ ဝင်လိုသည့်​သူများ​ကိုလည်း ဝင်ခွင့်​မပေးဘဲ နေကြ​သောကြောင့်​ဖြစ်၏။


မုဆိုးမတို့​၏ အိမ်များ​ကို မတရား​သိမ်းယူတတ်ပြီး ရှည်လျား​စွာ​ဆုတောင်းခြင်း​ဖြင့် ဘာသာရေးကိုင်းရှိုင်း​သကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ သူတို့​သည် ပို၍ ကြီးလေးသော​ပြစ်ဒဏ်​ကို ခံရကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


တစ်ခါက ယေရှု​သည် တစ်နေရာ​တွင် ဆုတောင်း​လျက်​နေတော်မူ၏။ ဆုတောင်းတော်မူ​ပြီးနောက် တပည့်တော်များ​ထဲမှ တစ်ဦး​က “သခင်… ယောဟန်​သည် သူ​၏​တပည့်များ​ကို ဆုတောင်း​ရန် သင်ပေး​သကဲ့သို့ ကျွန်ုပ်တို့​ကို​လည်း သင်ပေးတော်မူပါ” ဟု လျှောက်လေ၏။


အကျွန်ုပ်​သည် တစ်ပတ်​လျှင်​နှစ်ကြိမ် အစာရှောင်ပါ၏။ ရရှိသော​အရာများ​ထဲမှ ဆယ်ပုံတစ်ပုံ​ကိုလည်း လှူဒါန်းပါ၏’ ဟု ဆုတောင်း၏။


ရှစ်ဆယ့်​လေးနှစ်​တိုင်တိုင် မုဆိုးမ​ဘဝ​နှင့် အသက်ရှင်နေသူ​ဖြစ်၏။ ထို​အမျိုးသမီး​သည် ဗိမာန်တော်​အတွင်း​၌ နေ့​ရော​ည​ပါ ဘုရားဝတ်ပြု၊ ဆုတောင်း၊ အစာရှောင်​လျက် နေ၏။


မုဆိုးမတို့​၏​အိမ်များ​ကို မတရား​သိမ်းယူတတ်ပြီး ရှည်လျား​စွာ​ဆုတောင်းခြင်း​ဖြင့် ဘာသာရေးကိုင်းရှိုင်း​သကဲ့သို့ ဟန်ဆောင်တတ်ကြ၏။ သူတို့​သည် ပို၍ ကြီးလေးသော​ပြစ်ဒဏ်​ကို ခံရကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ငါ​သည် ဖြောင့်မတ်သောသူတို့​ကို နောင်တရ​စေရန်​အတွက် လာ​၍ ခေါ်သည်​မဟုတ်။ အပြစ်သားများ​ကို နောင်တရ​စေရန်​အတွက် လာ​၍ ခေါ်သည်” ဟု မိန့်တော်မူ၏။


ထိုအခါ ယေရှု​က “သတို့သား​၏​မိတ်ဆွေ​အပေါင်းအသင်းများ​ကို ထို​သတို့သား​နှင့်အတူ​ရှိ​နေစဉ် အစာရှောင်စေ​နိုင်မည်လော။


နောက်​တစ်နေ့​တွင် ယောဟန်​သည် မိမိ​၏​တပည့်​နှစ်ဦး​နှင့်အတူ ရပ်နေ၏။


ထိုအခါ သန့်ရှင်းစင်ကြယ်ခြင်း​ဓလေ့ထုံးတမ်း​နှင့်​ပတ်သက်၍ ယောဟန်​၏ တပည့်များ​နှင့် ဂျူး​လူမျိုး​တစ်ဦး​သည် အငြင်းပွားကြ၏။


သခင်ဘုရား​က “သင်​သည် ထ​၍ လမ်းဖြောင့်​ဟု ခေါ်သော လမ်း​ထဲသို့ သွားလော့။ ထို​နေရာ​ရှိ ယုဒ​၏​အိမ်​တွင် တာရှုမြို့သား​ရှောလု​အမည်​ရှိသော​သူ​ကို ရှာလော့။ ယခု သူ​သည် ဆုတောင်းနေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ