ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
လုကာ 10:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ” ဟု မိန့်တော်မူ၏။ Common Language Bible ``ငါ့ခမည်းတော်သည်ခပ်သိမ်းသောအရာတို့ ကိုငါ့အားပေးအပ်တော်မူပြီ။ သားတော်သည် အဘယ်သူဖြစ်ကြောင်းကိုခမည်းတော်မှ တစ်ပါးမည်သူမျှမသိ။ ခမည်းတော်သည် အဘယ်သူဖြစ်ကြောင်းကိုလည်းသားတော် နှင့်သားတော်ဖွင့်ပြလိုသူများမှတစ်ပါး မည်သူမျှမသိ'' ဟုမိန့်တော်မူ၏။ Garrad Bible ခ မည်း တော် သည် ငါ့ အား အ ရာ ခပ် သိမ်း ကို အပ် နှင်း တော် မူ ပြီ။ သား တော် မည် သူ ဖြစ် ကြောင်း ကို ခ မည်း တော် မှ တစ် ပါး မည် သူ မျှ မ သိ။ ခ မည်း တော် မည် သူ ဖြစ် ကြောင်း ကို လည်း သား တော် မှ စ၍ သား တော် ဖွင့် ပြ လို သူ မှ တစ် ပါး မည် သူ မျှ မ သိ ဟု မိန့် တော် မူ ပြီး နောက် တ ပည့် တော် တို့ ဘက် သို့ လှည့် လျက်၊ Judson Bible ငါ့ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်တော်မူပြီ။ သားတော်ကား အဘယ်သူဖြစ်သည်ကို ခမည်းတော်မှတစ်ပါး အဘယ်သူမျှမသိ။ ခမည်းတော်ကား အဘယ်သူဖြစ်တော်မူသည်ကို၊ သားတော်နှင့် သားတော်သည် လင်းစေလိုသောသူမှတစ်ပါး အဘယ်သူမျှ မသိဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါ၏ခမည်းတော်သည် အရာခပ်သိမ်းတို့ကို ငါ့အားအပ်နှင်းတော်မူပြီ။ သားတော်သည် မည်သူဖြစ်ကြောင်းကို ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ခမည်းတော်သည် မည်သူဖြစ်ကြောင်းကိုလည်း သားတော်နှင့် သားတော်ကဖွင့်ပြလိုသောသူတို့မှတစ်ပါး မည်သူမျှမသိ”ဟု မြွက်ဆိုတော်မူ၏။ မြန်မာ ငါ့ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌အပ်တော်မူပြီ။ သားတော်ကား အဘယ်သူဖြစ်သည်ကို ခမည်းတော်မှတစ်ပါး အဘယ်သူမျှမသိ။ ခမည်းတော်ကား အဘယ်သူဖြစ်တော်မူသည်ကို၊ သားတော်နှင့် သားတော်သည် လင်းစေလိုသောသူမှတစ်ပါး အဘယ်သူမျှ မသိဟု မိန့်တော်မူ၏။- |
ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ။
ထိုအခါ ယေရှုသည် တပည့်တော်တို့ထံ ချဉ်းကပ်တော်မူ၍ “ငါ့ခမည်းတော်သည် ကောင်းကင်နှင့် မြေကြီးပေါ်၌ ရှိသမျှသော အခွင့်အာဏာအားလုံးကို ငါ့ထံ အပ်နှင်းတော်မူပြီ။
ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်၏ ရင်ခွင်တော်၌ ရှိသည့် တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ကျွန်ုပ်တို့သိမြင်နိုင်ရန် ဖော်ပြတော်မူပြီ။
ယေရှုသည် မိမိထံ၌ ခမည်းတော်က အခွင့်အာဏာအားလုံးကို အပ်နှံထားသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှ ကြွလာ၍ ဘုရားသခင်ထံသို့ ပြန်ကြွတော့မည်ကိုလည်းကောင်း သိတော်မူ၏။
အကျွန်ုပ်ပိုင်သောသူ ရှိသမျှတို့ကို ကိုယ်တော်ပိုင်တော်မူ၍ ကိုယ်တော်ပိုင်တော်မူသောအရာ မှန်သမျှတို့ကိုလည်း အကျွန်ုပ်ပိုင်ပါ၏။ ထို့ကြောင့် ထိုအရာများအားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။
သားတော်သည် ကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးနိုင်ရန် ကိုယ်တော်သည် သားတော်အား လူသားအားလုံးအပေါ် အုပ်စိုးရသောအခွင့်အာဏာကို ပေးအပ်ထားတော်မူပြီ။
ကိုယ်တော်အကြောင်းကို သူတို့ထံ၌ အကျွန်ုပ်ဖော်ပြခဲ့ပါပြီ။ ဆက်လက်၍လည်း ဖော်ပြပါမည်။ သို့မှသာ အကျွန်ုပ်အပေါ် ထားသော ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည် သူတို့၌ တည်၍ အကျွန်ုပ်သည်လည်း သူတို့၌ တည်လိမ့်မည်” ဟု တောင်းလျှောက်တော်မူ၏။
အို အဖ… ကမ္ဘာမတည်ရှိမီက ကိုယ်တော်နှင့်အတူ အကျွန်ုပ်ရရှိသော ဘုန်းအသရေဖြင့် အကျွန်ုပ်ကို ရှေ့တော်၌ ယခုဘုန်းကြီးစေတော်မူပါ။
ခမည်းတော်သည် သားတော်ကို ချစ်တော်မူသဖြင့် အရာအားလုံးကို သားတော်လက်သို့ ပေးအပ်ထားတော်မူပြီ။
ထို့နောက် ကမ္ဘာကုန်ဆုံးချိန်ရောက်လာလိမ့်မည်။ ထိုအခါ ကိုယ်တော်သည် အုပ်ချုပ်သူရှိသမျှ၊ တန်ခိုးနှင့် ဩဇာရှိသမျှတို့ကို ဖျက်ဆီး၍ နိုင်ငံတော်ကို ခမည်းတော်ဘုရားသခင်ထံသို့ ပြန်လည်ပေးအပ်တော်မူလိမ့်မည်။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ” ဟု မိန့်တော်မူသော ဘုရားသခင်သည် ယေရှုခရစ်တော်၏ မျက်နှာတော်၌ ထွန်းလင်းသည့် မိမိဘုန်းတော်ကို သိနိုင်သောဉာဏ်အလင်းကို ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ထွန်းလင်းစေတော်မူ၏။
ခရစ်တော်သည် ထိုကောင်းကင်အရပ်တွင် အုပ်ချုပ်သူများ၊ အာဏာရှိသူများ၊ တန်ခိုးရှင်များ၊ အုပ်စိုးပိုင်ခွင့်ရှိသူများနှင့် မျက်မှောက်ကာလ၌သာမက အနာဂတ်ကာလ၌လည်း ခေါ်ဝေါ်ခြင်းခံရသည့် ဘွဲ့နာမများအားလုံးတို့၏ အထက်တွင် ရှိတော်မူ၏။
ဘုရားသခင်သည် အရာအားလုံးကို ကိုယ်တော်၏ ခြေဖဝါးအောက်၌ ချထားတော်မူပြီ” ဟု အလေးအနက်ဆိုထား၏။ အရာအားလုံးကို ကိုယ်တော်၏ ခြေဖဝါးအောက်၌ ချထားတော်မူပြီဟု ဆိုထားသောကြောင့် သူ၏ အုပ်စိုးခြင်းနှင့် ကင်းလွတ်သောအရာ တစ်စုံတစ်ခုမျှ မရှိပါ။ သို့သော် ယခုတွင်မူ အရာအားလုံးကို သူ၏ အုပ်စိုးမှုအောက်တွင် ချထားကြောင်း ကျွန်ုပ်တို့မမြင်ရသေး။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။
ခရစ်တော်၏ သွန်သင်ချက်အတိုင်း မရပ်တည်ဘဲ ၎င်းကို ကျော်လွန်သောသူတိုင်းသည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းမဟုတ်ပေ။ သွန်သင်ချက်အတိုင်း ရပ်တည်သောသူသည် ခမည်းတော်နှင့် သားတော်နှစ်ပါးလုံးနှင့် တပေါင်းတစည်းတည်းဖြစ်၏။