Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ကော 15:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ထို့နောက် ကမ္ဘာ​ကုန်ဆုံးချိန်​ရောက်လာ​လိမ့်မည်။ ထိုအခါ ကိုယ်တော်​သည် အုပ်ချုပ်သူ​ရှိသမျှ၊ တန်ခိုး​နှင့် ဩဇာ​ရှိသမျှတို့​ကို ဖျက်ဆီး​၍ နိုင်ငံတော်​ကို ခမည်းတော်​ဘုရားသခင်​ထံသို့ ပြန်လည်​ပေးအပ်တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ထို​နောက်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​ရောက်​လိမ့်​မည်။ ထို​အ​ခါ​ခ​ရစ်​တော်​သည်​ရှိ​ရှိ​သ​မျှ​သော ဝိ​ညာဉ်​ရေး​ဆိုင်​ရာ​တန်​ခိုး​ရှင်​များ၊ အာ​ဏာ ပိုင်​များ​နှင့်​စိုး​မိုး​အုပ်​ချုပ်​သူ​များ​ကို​နှိမ်​နင်း ၍​နိုင်​ငံ​တော်​ကို​ခ​မည်း​တော်​ဘု​ရား​သ​ခင် ၏​လက်​တော်​သို့​ပေး​အပ်​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ထို နောက် ခ ရစ် တော် သည် နတ် မင်း ရှိ သ မျှ မှ စ၍ အာ ဏာ ရှင်၊ တန် ခိုး ရှင် ရှိ သ မျှ ကို ပယ် ဖျက် ပြီး လျှင် ခ မည်း တော် တည်း ဟူ သော ဘု ရား သ ခင် အား နိုင် ငံ တော် ကို ပြန် အပ် တော် မူ သော် ခေတ် ကာ လ ဆုံး လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ထို​အ​ခါ ခ​ရစ်​တော်​သည် အ​ထွတ်​အ​မြတ် အာ​ဏာ​တန်​ခိုး​အ​မျိုး​မျိုး​ကို ပယ်​ရှင်း၍၊ မိ​မိ​နိုင်​ငံ​ကို ဘု​ရား​သ​ခင်​တည်း​ဟူ​သော ခ​မည်း​တော်၌ အပ်​ပြန်​တော်​မူ​ပြီး​မှ က​မ္ဘာ​ကုန်​ရ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ထို့နောက် အဆုံး​သည်​ရောက်လာ​လိမ့်မည်။ ထိုအခါ ကိုယ်တော်​သည် အုပ်ချုပ်မှု​ရှိသမျှ၊ တန်ခိုး​နှင့်​အာဏာစက်​ရှိသမျှ​တို့​ကို​ဖျက်ဆီး​၍ နိုင်ငံ​တော်​ကို ခမည်းတော်​ဘုရားသခင်​ထံသို့ အပ်နှံ​တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 15:24
22 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယေရှု​သည် တပည့်တော်တို့​ထံ ချဉ်းကပ်တော်မူ​၍ “ငါ့​ခမည်းတော်​သည် ကောင်းကင်​နှင့် မြေကြီး​ပေါ်၌ ရှိသမျှသော အခွင့်အာဏာ​အားလုံး​ကို ငါ့​ထံ အပ်နှင်းတော်မူပြီ။


ငါ့​ခမည်းတော်​သည် အရာ​အားလုံး​ကို ငါ့​အား ပေးအပ်တော်မူပြီ။ သားတော်​ကို ခမည်းတော်​မှလွဲ၍ မည်သူ​မျှ​မသိ။ ခမည်းတော်​ကိုလည်း သားတော်​နှင့် သားတော်​ဖော်ပြ​ရန် ရွေးချယ်တော်မူသော​သူတို့​မှလွဲ၍ မည်သူ​မျှ​မသိ။


မင်္ဂလာအပေါင်း​နှင့် ပြည့်စုံတော်မူသည့် တစ်ဆူတည်းသော​အရှင်၊ ဘုရင်​တကာ​တို့​၏ ဘုရင်၊ သခင်​တကာ​တို့​၏ သခင်​သည် အချိန်တန်​သောအခါ ယေရှု​ခရစ်တော်​ကို ပေါ်ထွန်းစေတော်မူ​လိမ့်မည်။


ယေရှု​သည် မိမိ​ထံ​၌ ခမည်းတော်​က အခွင့်အာဏာ​အားလုံး​ကို အပ်နှံထားသည်​ကို​လည်းကောင်း၊ မိမိ​သည် ဘုရားသခင်​ထံမှ ကြွလာ​၍ ဘုရားသခင်​ထံသို့ ပြန်ကြွတော့မည်​ကို​လည်းကောင်း သိတော်မူ၏။


ခမည်းတော်​သည် သားတော်​ကို ချစ်တော်မူ​သဖြင့် အရာ​အားလုံး​ကို သားတော်​လက်​သို့ ပေးအပ်ထားတော်မူပြီ။


သို့ရာတွင် အဆုံး​တိုင်အောင် ကြံ့ကြံ့ခံသော​သူ​သည် ကယ်တင်ခံရ​လိမ့်မည်။


ငါ့​ခမည်းတော်​သည် အရာ​အားလုံး​ကို ငါ့​အား ပေးအပ်တော်မူပြီ။ သားတော်​ကို ခမည်းတော်​မှလွဲ၍ မည်သူ​မျှ​မသိ။ ခမည်းတော်​ကိုလည်း သားတော်​နှင့် သားတော်​ဖော်ပြ​ရန် ရွေးချယ်တော်မူသော​သူတို့​မှလွဲ၍ မည်သူ​မျှ​မသိ” ဟု မိန့်တော်မူ၏။


ငါ​၏​နောက်လိုက်များ​ဖြစ်​သောကြောင့် လူအပေါင်းတို့​သည် သင်တို့​ကို မုန်းတီးကြ​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင် ကြံ့ကြံ့ခံသော​သူ​သည် ကယ်တင်ခံရ​လိမ့်မည်။


အရာ​အားလုံး​၏ နောက်ဆုံးချိန်​သည် နီးကပ်လာ​သောကြောင့် ဆုတောင်း​နိုင်ရန်​အတွက် မိမိတို့​စိတ်​ကို ချုပ်တည်း​လျက် သတိ​ရှိကြလော့။


သေခြင်း​ဖြစ်စေ၊ ရှင်ခြင်း​ဖြစ်စေ၊ ကောင်းကင်တမန်​ဖြစ်စေ၊ နတ်မင်း​ဖြစ်စေ၊ လက်ရှိအရာ​ဖြစ်စေ၊ နောင်​အရာ​ဖြစ်စေ၊ တန်ခိုးအာဏာများ​ဖြစ်စေ၊ အထက်​အရာ​ဖြစ်စေ၊ အောက်​အရာ​ဖြစ်စေ မည်သည့်​ဖန်ဆင်းခံ​ကမျှ ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ရရှိသော ဘုရားသခင်​၏ ချစ်ခြင်းမေတ္တာ​နှင့် ကျွန်ုပ်တို့​ကို ကွဲကွာ​စေနိုင်မည်​မဟုတ်ကြောင်း ကျွန်ုပ်​ယုံကြည်၏။


ကျွန်ုပ်တို့​သခင် ယေရှု​ခရစ်တော်​၏ အမည်​နာမတော်​ကို အမှီပြု​၍ အရာ​အားလုံး​အတွက် ခမည်းတော်​ဘုရားသခင်​အား အစဉ် ကျေးဇူးတင်ကြလော့။


သင်တို့​သည် ခရစ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်​၍ ပြည့်စုံသော​အနေအထား​သို့ ရောက်လာကြ​သောကြောင့် ဖြစ်၏။ ထို​ခရစ်တော်​သည် အုပ်စိုးမှု​နှင့် အာဏာစက်​အပေါင်းတို့​ကို အစိုးရတော်မူ၏။


အုပ်စိုးမှု​နှင့် အာဏာစက်များ​၏ တန်ခိုး​ကို ဖယ်ရှား​ပြီးလျှင် လက်ဝါးကပ်တိုင်​တွင် အောင်ပွဲခံ​၍ လူရှေ့​သူရှေ့​တွင် အရှက်​ရစေတော်မူ၏။


ထို့နောက် ဘုရားသခင်​သည် သင်တို့​အား ကျွန်ုပ်တို့​၏ သခင်​နှင့် ကယ်တင်ရှင် ဖြစ်တော်မူသော ယေရှု​ခရစ်တော်​၏ ထာဝရ​နိုင်ငံတော်​ထဲသို့ ဝင်ရောက်ခွင့်​ကို အပြည့်အဝ​ပေးသနားတော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ