ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့၏ငြိမ်းချမ်းခြင်းသည် ထိုအိမ်အပေါ် သက်ရောက်လိမ့်မည်။ မထိုက်တန်ပါက ထိုငြိမ်းချမ်းခြင်းသည် သင်တို့ထံ ပြန်လာလိမ့်မည်။
ရှင်ယောဟန် 20:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တနင်္ဂနွေနေ့ညနေတွင် တပည့်တော်တို့သည် ဂျူးခေါင်းဆောင်များကို ကြောက်ရွံ့သဖြင့် အခန်းတံခါးများကို ပိတ်၍ စုဝေးနေကြ၏။ ထိုစဉ် ယေရှုသည် ရုတ်တရက်ကြွလာ၍ သူတို့အလယ်တွင် ရပ်တော်မူလျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။ Common Language Bible တပည့်တော်တို့သည်ယုဒအာဏာပိုင်တို့ကို ကြောက်သဖြင့်တနင်္ဂနွေနေ့ညဦးအချိန်၌ အိမ်တံခါးပိတ်၍စုဝေးနေကြ၏။ ထိုအခါ သခင်ယေရှုသည်ကြွလာတော်မူ၍ထိုသူတို့ အလယ်မှာရပ်တော်မူလျက် ``သင်တို့၌ငြိမ် သက်ခြင်းရှိစေသတည်း'' ဟုမိန့်တော်မူ၏။- Garrad Bible ခုနစ်ရက်တွင် ထိုပဌမနေ့ညဉ့်ဦးယံအချိန်၌ တပည့်တော်တို့သည်ယုဒလူမျိုးတို့ကိုကြောက်ရွံ့သဖြင့် တံခါးပိတ်လျက်နေကြရာ ယေရှုသည်ကြွလာ၍အလယ်မှာရပ်လျက် သင်တို့၌ငြိမ်သက်ခြင်းတည်စေသတည်းဟု မိန့်တော်မူပြီးလျှင်၊ Judson Bible ခုနစ်ရက်တွင် ပထမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေတည်းဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ရက်သတ္တပတ်တွင် ပထမနေ့ဖြစ်သော ထိုနေ့၏ညနေချမ်းအချိန်တွင် တပည့်တော်တို့သည် ဂျူးလူမျိုးတို့ကိုကြောက်သဖြင့် မိမိတို့ရှိရာနေရာ၌ တံခါးများကိုပိတ်ထားလျက်နေကြရာ ယေရှုသည်ကြွလာ၍ သူတို့အလယ်၌ရပ်တော်မူပြီးလျှင်“သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ”ဟု မိန့်တော်မူ၏။ မြန်မာ ခုနစ်ရက်တွင် ပထမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေတည်းဟု မိန့်တော်မူ၏။- |
ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့၏ငြိမ်းချမ်းခြင်းသည် ထိုအိမ်အပေါ် သက်ရောက်လိမ့်မည်။ မထိုက်တန်ပါက ထိုငြိမ်းချမ်းခြင်းသည် သင်တို့ထံ ပြန်လာလိမ့်မည်။
လူနှစ်ဦး၊ သို့မဟုတ် သုံးဦးသည် ငါ့အမည်နာမကိုအမှီပြု၍ စုရုံးကြလျှင် ထိုနေရာတွင် ငါသည်သူတို့နှင့်အတူရှိသည်” ဟု မိန့်တော်မူ၏။
ထို့နောက် တပည့်တော်ဆယ့်တစ်ပါးတို့သည် အစာသုံးဆောင်နေကြစဉ် ယေရှုသည် သူတို့အား ကိုယ်ထင်ပြတော်မူ၏။ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် မိမိအား ကိုယ်တိုင်တွေ့မြင်ကြသော သူတို့၏စကားကို မယုံဘဲ ခေါင်းမာလျက် ငြင်းပယ်ကြသော ထိုတပည့်တော်ဆယ့်တစ်ပါးတို့ကို ယေရှုသည် ပြစ်တင်ဆုံးမတော်မူ၏။
ငြိမ်းချမ်းခြင်းကို သင်တို့အတွက် ငါထားခဲ့၏။ ငါ၏ ငြိမ်းချမ်းခြင်းကို သင်တို့အား ငါပေး၏။ သင်တို့အား ငါပေးသောငြိမ်းချမ်းခြင်းသည် လောကီသားတို့ မပေးနိုင်သော ဆုလာဘ်ဖြစ်၏။ ထို့ကြောင့် စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။
ထိုနည်းတူ သင်တို့သည် ယခုဝမ်းနည်းကြ၏။ သို့သော် ငါသည် သင်တို့နှင့် ပြန်တွေ့မည်ဖြစ်သောကြောင့် သင်တို့သည် ဝမ်းမြောက်ကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကိုလည်း မည်သူကမျှ လုယူဖျက်ဆီး၍ မရနိုင်။
ငါ့ကြောင့် သင်တို့ငြိမ်းချမ်းခြင်းရှိစေရန် ဤအကြောင်းအရာများကို ငါပြောပြီ။ ဤကမ္ဘာလောက၌ သင်တို့သည် ဆင်းရဲဒုက္ခနှင့် ကြုံတွေ့ကြရလိမ့်မည်။ သို့သော် အားမငယ်ကြနှင့်။ ငါသည် ဤလောကကို အောင်ပြီ” ဟု မိန့်တော်မူ၏။
တစ်ဖန်ယေရှုက “ငြိမ်းချမ်းပါစေ။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသကဲ့သို့ ငါသည် သင်တို့ကို စေလွှတ်၏” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
ရှစ်ရက်ကြာသော် တပည့်တော်တို့သည် တစ်ဖန်စုဝေးကြ၏။ သောမသည်လည်း ထိုသူတို့နှင့်အတူ ရှိ၏။ သူတို့သည် တံခါးများကို ပိတ်ထားကြ၏။ သို့သော်လည်း ယေရှုသည် ယခင်ကဲ့သို့ ရုတ်တရက်ကြွလာ၍ သူတို့အလယ်တွင် ရပ်တော်မူလျက် “ငြိမ်းချမ်းပါစေ” ဟု နှုတ်ဆက်တော်မူ၏။
ထို့နောက် ယေရှုသည် ဂါလိလဲအိုင်အနီးတွင် တပည့်တော်တို့ရှေ့၌ ထပ်မံ၍ ကိုယ်ထင်ပြတော်မူ၏။ ကိုယ်ထင်ပြတော်မူပုံမှာ ဤသို့ဖြစ်၏။
သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် ယေရှုသည် တပည့်တော်တို့ကို ဤသို့ကိုယ်ထင်ပြတော်မူသည်မှာ တတိယအကြိမ်မြောက်ဖြစ်၏။
သို့သော်လည်း ဂျူးခေါင်းဆောင်များကို ကြောက်ရွံ့သောကြောင့် ယေရှုအကြောင်းကို မည်သူမျှ ပွင့်လင်းစွာ မပြောဝံ့ကြပေ။
အသေခံတော်မူပြီးနောက် ယေရှုသည် မိမိအသက်ရှင်လျက်ရှိကြောင်း ခိုင်မာသောသက်သေအထောက်အထားများဖြင့် ရက်ပေါင်းလေးဆယ်အတွင်း တမန်တော်တို့အား ကိုယ်ထင်ပြ၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။
ငြိမ်းချမ်းခြင်းအရှင် ဘုရားသခင်သည် သင်တို့အားလုံးနှင့်အတူ ရှိတော်မူပါစေသော။ အာမင်။
ပေတရုအား ကိုယ်ထင်ပြတော်မူပြီးမှ တမန်တော်ဆယ့်နှစ်ပါးတို့အား ပြတော်မူသည့်အကြောင်းတို့ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်ကိုယ်တိုင်သည် ကျွန်ုပ်တို့အတွက် ငြိမ်းချမ်းခြင်းကို ယူဆောင်လာတော်မူသောကြောင့် ဖြစ်၏။ ကိုယ်တော်သည် ဂျူးလူမျိုးနှင့် လူမျိုးခြားတို့ကို တစ်မျိုးတည်း ဖြစ်စေပြီး ပိုင်းခြားထားသော ရန်ငြိုးတံတိုင်းကို ဖြိုဖျက်၍
ခမည်းတော်ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ငြိမ်းချမ်းခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်းတို့သည် ညီအစ်ကိုမောင်နှမတို့အပေါ် သက်ရောက်ပါစေသော။
ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ငြိမ်းချမ်းခြင်းအရှင် သခင်ဘုရား ကိုယ်တော်တိုင်သည် သင်တို့ကို နည်းအမျိုးမျိုးဖြင့် ငြိမ်းချမ်းခြင်းကို အစဉ်ပေးတော်မူပါစေသော။ သခင်ဘုရားသည် သင်တို့အားလုံးနှင့်အတူ ရှိပါစေသော။
အာဗြဟံသည်လည်း ထိုမင်းကြီးအား ရရှိသောပစ္စည်းများမှ ဆယ်ပုံတစ်ပုံကို ပေးလှူ၏။ မေလခိဇေဒက်ဟူသော အမည်၏ အဓိပ္ပာယ်မှာ “ဖြောင့်မတ်ခြင်း၏ဘုရင်” ဖြစ်ပြီး နောက်ပိုင်းတွင် သူ့ကို ရှာလင်ဘုရင်ဟု ခေါ်တွင်ကာ “ငြိမ်းချမ်းရေးဘုရင်” ဟု အဓိပ္ပာယ်ရ၏။
ထိုအစား သင်နှင့် မကြာမီတွေ့၍ မျက်နှာချင်းဆိုင် စကားပြောနိုင်ရန် ကျွန်ုပ်မျှော်လင့်ထား၏။
ကျွန်ုပ်ယောဟန်သည် အာရှပြည်၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ စာရေးလိုက်ပါ၏။ ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် ဘုရားသခင်ထံမှလည်းကောင်း၊ ပလ္လင်တော်ရှေ့၌ ရှိသောဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊